SJ WorldNews - шаблон joomla Авто

ရွေးချယ်တင်မြှောက်ပုံစနစ်အမျိုးမျိုးအကြောင်း သိကောင်းစရာများ

Sunday, 02 June 2019 19:11 Written by  font size decrease font size decrease font size increase font size increase font size

 

 

 

ဦးကိုကိုလှိုင်

 

-      ၁၉၅၆ ခုနှစ်တွင် မြင်းမူမြို့၌ မွေးဖွားခဲ့သည်။  ၁၉၇၆  ခုနှစ်တွင်  ပြင်ဦးလွင် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ပြီး တပ်မတော်(ကြည်း)တွင် ပြန်တမ်းဝင် အရာရှိ အဖြစ်  တပ်ရင်း/တပ်ဖွဲ့ ရုံးဌာနအမျိုးမျိုး၌ ၂ဝဝ၄ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။

 

-       စာပေနယ်သို့ ၁၉၇၇ ခုနှစ်မှစ၍ ဝင်ရောက်ခဲ့ပြီး ဝတ္ထုတို၊ ဝတ္ထုရှည်၊ မဂ္ဂဇင်း ဆောင်းပါးများ ရေးသားခဲ့သည်။

 

-       ၁၉၈ဝ  ပြည့်လွန်နှစ်များမှစ၍  သုတစာပေနယ်ပယ်သို့  စတင်ဝင်ရောက်ခဲ့ပြီး စစ်ဘက် နည်းပညာများ၊ သိပ္ပံနည်းပညာ၊ နိုင်ငံတကာရေးရာနှင့်  နိုင်ငံရေး သိပ္ပံဆိုင်ရာ ဆောင်းပါးများနှင့်  စာအုပ်များ ရေးသားခဲ့သည်။

 

-       ယခုအခါ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ပင်တိုင်ဆောင်းပါးရှင်၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့တွင် အစီအစဉ်တင်ဆက်သူနှင့်  သုတေသီတစ်ဦးအဖြစ်  လုပ်ကိုင် ဆောင်ရွက် လျက်ရှိသည်။

 

 

ဒေါက်တာဒေါ်မြင့်ကြည်

 

-       ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနတွင် ပါမောက္ခတာဝန်ထမ်းဆောင်ခဲ့သည်။

 

-       မြန်မာ့သမိုင်းအဖွဲ့ဝင်(အငြိမ်းစား)ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှ  ၂ဝ၁၅ ခုနှစ်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်

အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

 

 

 

ဒေါက်တာဆလိုင်းငွန်ကျုံးလျန်

 

-       Indiana University (USA) မှ Doctor of Juridical Science ဘွဲ့ရရှိသည်။

 

-       Indiana University (USA) တွင် Assistant Director အဖြစ် တာဝန် ထမ်းဆောင်သည်။ ယခင် Myanmar Peace Center တွင် ဥပဒေအကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။

 

-       ၂ဝ၁၆ ခုနှစ်မှစ၍ Center For Peace and Reconciliation (CPR)တွင်  ဥပဒေ အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

-       ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂ဝဝ၈ ခုနှစ် ) ပြင်ဆင်ရေးဆိုင်ရာ အတွေးအမြင် ဆောင်းပါးများ ရေးသားခြင်း၊ ဆွေးနွေးဟောပြောခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အပိုင်း(၁)

ဦးဆောင်ဆွေးနွေးသူ

ဒီနေ့ကျွန်တော်တင်ဆက်မယ့် အကြောင်းအရာက ရွေးချယ်တင်မြှောက်ပုံ စနစ်အမျိုးမျိုး အကြောင်း သိကောင်းစရာများ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ရွေးချယ်တင်မြှောက်ခြင်း စနစ်ကို ရွေးချယ်ကြသလို ရွေးချယ် တင်မြှောက်ခြင်း စနစ်ကလည်း နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပြီး  ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာမှာ နိုင်သူအကုန်ယူစနစ်နဲ့ လွှတ်တော်မှာ ကျင့်သုံးတဲ့ အတွက် တချို့ ကိစ္စရပ်တွေမှာ အားနည်းချက်တွေရှိတာကို   တွေ့မြင်ရပါတယ်။ ဒီမိုက ရေစီဆိုတာ အများရဲ့ဆန္ဒအရ ဥပဒေနဲ့အညီ   လိုက်ပါလုပ်ဆောင်ရပြီး လူနည်းစုရဲ့ ဆန္ဒကိုလည်း  လေးစားရခြင်းကြောင့် ပါတီကြီးတစ်ခု နိုင်လိုမင်းထက် အပြုအမူတွေ၊  တစ်ဖက်သတ် အုပ်စီးထားမှုတွေ မဖြစ်အောင် ဘယ်လိုရွေးချယ်တင်မြှောက်ပုံ စနစ်မျိုး ကို သုံးသင့်လဲ။  အကျိုး၊ အပြစ်၊ အားနည်းချက်၊ အားသာချက်တွေ ဘာတွေရှိလဲဆိုတာ ကျွမ်းကျင်ပညာရှင်သုံးဦးက ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီအစီအစဉ် အတွက် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့သူတွေက နိုင်ငံတကာရေးရာ သုတေသီ ဆရာဦးကိုကိုလှိုင်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဒေါက်တာဒေါ်မြင့်ကြည် နှင့် အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်တို့ကို ဖိတ်ခေါ် ထားပါတယ် ခင်ဗျာ။ ပထမဆုံး ဆရာမကြီးနဲ့ စတင်ပြီး ဆွေးနွေးချင်ပါတယ်။ ရွေးကောက်ပွဲ စနစ်တွေအကြောင်း အရင်ဆုံး ရှင်းပြပေးစေချင်ပါတယ် ခင်ဗျာ။

ဒေါက်တာဒေါ်မြင့်ကြည်

ဒီရွေးကောက်ပွဲ တင်မြှောက်ပုံစနစ် အမျိုးမျိုးအကြောင်း ပြောမယ်ဆိုရင် ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေ အသီးသီးက သက်ဆိုင်ရာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊လူမှုအဖွဲ့ အစည်း၊ နိုင်ငံရေး အခြေအနေတွေပေါ်  မူတည်ပြီး  အကိုက်ညီဆုံးဖြစ်မယ့် စနစ်တွေကို အားလုံးက ကျင့်သုံးကြတယ်ဆိုတာကို တွေ့ရပါတယ်။

ဒီလိုစနစ်တွေ ကျင့်သုံးတဲ့နေရာမှာ အခြေခံအကျဆုံး စနစ်နှစ်မျိုးကို တွေ့ရပါတယ်။ တစ်ခုကတော့ Plurality of Majority System လို့ခေါ်တဲ့ မဲအများဆုံးရတဲ့သူ အနိုင် ပေးတဲ့စနစ်ကို အခြေခံတဲ့ စနစ်တစ်ခုပါပဲ။ အဲ့ဒီစနစ်မှာ ကွဲပြားတဲ့စနစ်တွေ ငါးမျိုး လောက်ရှိပါတယ်။ အဲ့ဒီကွဲပြားတဲ့ စနစ်ငါးမျိုးထဲမှာ ပထမဆုံး အများလည်းသိနေကြတဲ့  FPTP (first-past-the-post) တချို့က Winner Takes All လို့ခေါ်ပါတယ်။ မဲအများ ဆုံးရတဲ့သူက ရွေးကောက်ခံရတဲ့ စနစ်ဖြစ်ပါတယ်။ နောက်တစ်မျိုးက Block Vote လို့ခေါ်ပါတယ်။ Block Vote က မဲဆန္ဒရှင်များက ကိုယ်စားလှယ်လောင်းတွေ အများ ကြီးထဲမှာ ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရတယ်။ ရွေးချယ်တဲ့အခါ  တချို့နိုင်ငံမှာ ကြိုက်တဲ့ သုံးယောက်ပဲရွေးပါ။ တချို့က သတ်မှတ်ထားတာရှိတယ်။ တချို့က သတ်မှတ်ထားတာ မရှိဘူး။  အားလုံးကို စုပေါင်းပြီး မဲအများဆုံးရတဲ့သူကို ရွေးလိုက်တယ်။ နောက်စနစ်တစ်မျိုးက Party Block Vote လို့ခေါ်တယ်။ Party Block Vote က ကိုယ်စားလှယ်လောင်းတွေကို  စာရင်းမပြောတော့ဘဲ  ရွေးကောက်ခံမယ့် ပါတီတွေကို ရွေးပေးရတယ်။ အဲ့ဒီပါတီကရွေးလို့  မဲအများဆုံးရတယ်ဆိုရင် သူ့ပါတီက တင်ထားတဲ့ ကိုယ်စားလှယ်လောင်း အားလုံးက အရွေးခံရတဲ့ သဘောပါ။ သူက အများဆုံးရတဲ့သူက အနိုင်ရတဲ့သဘောပဲ။ နောက်တစ်မျိုးက Alternative Vote  လို့ခေါ်တယ်။ Alternative Vote က ကိုယ်စားလှယ်လောင်းများရဲ့ စာရင်းပေါ်မှာ ဦးစား ပေးစနစ်နဲ့ ရွေးရတယ်။ ဥပမာ နံပါတ် တစ်ဦးစားပေး၊ နံပါတ်နှစ်ဦးစားပေး၊ နံပါတ် သုံးဦးစားပေးဆိုပြီး  ဦးစားပေး အများဆုံးရတဲ့သူက မဲရတယ်။ မဲဆန္ဒရှင်များရဲ့ ထက် ဝက်ကျော်မဲကိုရမှ ရွေးချယ်ခံရတယ်။ နောက်တစ်မျိုးက Second Round Systemလို့ ခေါ်တဲ့ ပထမတစ်ခါရွေးလို့ ထက်ဝက်ကျော် မဲရတဲ့သူမရှိဘူးဆိုရင် ကိုယ်စားလှယ် လောင်းထဲမှာ Second Round ပြန်ရွေးတယ်။ ပြန်ရွေးတဲ့အခါ ခုနက ရွေးထားတဲ့ အထဲ မှာ အများဆုံးရမယ့်နှစ်ဦးကို အများအားဖြင့် ပြန်ယှဉ်ပြီး ပြန်ရွေးတဲ့အခါ မဲသာတဲ့သူက အနိုင်ရတယ်။ ဒီ System ငါးခုလုံးမှာကြည့်ရင် အခြေခံအကျဆုံးက မဲအများဆုံးရတဲ့ သူက အနိုင်ရတဲ့ စနစ်ပါ။ နောက်စနစ်တစ်မျိုးက Proportional Representation  အချိုးကျ ကိုယ်စားပြုစနစ်ပါ။ အချိုးကျ ကိုယ်စားပြု စနစ်ဆိုတာ အားလုံးကို အချိုးကျ အတိုင်း ကိုယ်စားလှယ်ကို ရွေးတယ်။ လူဦးရေ ၁ဝဝ ကို ကိုယ်စားလှယ်တစ်ယောက်၊ လူဦးရေ ၁ဝဝဝ ရှိရင် ကိုယ်စားလှယ် ဆယ်ယောက် တစ်နိုင်ငံလုံးမှာ လူဦးရေ အချိုး အစားအလိုက် ကိုယ်စားလှယ် နေရာပေးတဲ့အတွက် ကိုယ်စားလှယ်က အညီအမျှ ညီမျှမှုရှိတယ်။  နောက်တစ်ခုက  Constituency ခေါ်တဲ့မဲဆန္ဒနယ် ပါ။ first-pastthe-post က မဲဆန္ဒနယ် ကျဉ်းလည်းရတယ်၊ ကျယ်လည်းရတယ်။ PR စနစ်က ကိုယ်စား လှယ်တစ်ယောက်ထက်ပိုတဲ့  မဲဆန္ဒနယ်မှာ PR ကျင့်တာများတယ်။ PR စနစ်က ညီမျှမှုကို အလေးပေးတဲ့အတွက် threshold လို့ခေါ်တဲ့ ကိုယ်စားလှယ် တစ်ယောက်မှာ ရမယ့် အခြေခံ မဲအရေအတွက်ကို သတ်မှတ်ပေးတယ်။ ဒါက PR စနစ်ရဲ့  အရေးပါဆုံး အချက်ပါ။ အဲ့လို သတ်မှတ်ပေးတဲ့အတွက်ကြောင့် မဲအများဆုံးရတဲ့သူ မဟုတ်ဘဲ သတ်မှတ်ပေးထားတဲ့ မဲရတဲ့သူအားလုံးက အရွေးခံရတယ်။ firstpast-the-post က မဲအများဆုံးရတဲ့သူ အနိုင်ရတာဖြစ်တဲ့အတွက် ဥပမာ နှစ်ယောက် ယှဉ်တယ်ဆိုရင် တစ်ယောက်က ၄၅ မဲ ရတယ်။ နောက်တစ်ယောက်က ၄ဝ ရတယ်ဆိုရင် ၄၅  မဲက အနိုင်ရသွားတယ်။ မဲ ၄ဝ ရတဲ့သူက သူ့ရဲ့ votes တွေက wastage (အဟောသိကံ) ဖြစ်သွားတယ်။ PR စနစ်မှာ အနည်းဆုံး သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် မဲအရေ အတွက်ကိုမီရင် မဲရသွားတာဖြစ်တယ်။ ဒီမှာ wastage ဖြစ်တဲ့ votes ကနည်းတယ်။ PR နဲ့ FPTP ရဲ့ အခြေခံကွာခြားချက်ကတော့ ဒါပါပဲ။ PR စနစ်မှာ  စနစ်တွေ ကွဲပြား တာရှိပါတယ်။ ပထမဆုံး list PR က ပါတီတွေကနေ list တင်ရွေး ကောက်ခံရ တယ်။ list PR မှာ ပုံစံနှစ်မျိုးကွဲတယ်။ တချို့က open list ကိုသုံးတယ်။  တချို့က ခူသျနူငျအ ကိုသုံးတယ်။ close list ကိုသုံးရင် ပါတီကနေ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေရဲ့ စာရင်းကို ဖော်ပြထားတယ်။ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်တွေကို သိရတယ်။  ဘယ်သူတွေ အရွေးခံလဲဆိုတာ သိရတယ်။ ဒီကိုယ်စားလှယ် တစ်ယောက်ကို ရွေး လိုက်ရင် သူနဲ့တွဲပြီး ပါတီပါလာတယ်။ ပါတီပါရင် သူရဲ့ vote  သည် ပါတီကို apply ဖြစ်တယ်။ candidate တစ်ယောက်ကို ရွေးရင် သူ့ရဲ့ပါတီက မဲရသွားတာမျိုးဖြစ်တယ်။ ပြည်သူတွေက ကိုယ်ရွေးကောက်မယ့် ပုဂ္ဂိုလ်က ဘယ်သူတွေလဲဆိုတာ သိရတယ်။ ဒါကတော့ open list ပါ။ close list က ပါတီတွေက စာရင်းကို မဖော်ပြဘူး။ ပါတီပဲ ဖော်ပြတဲ့အတွက် ပြည်သူတွေက ပါတီကိုပဲ ရွေးရတယ်။ ပါတီကိုရွေးရတဲ့အခါ ဘာ အားနည်းချက်ဖြစ်သွားလဲဆိုရင် ပါတီထဲမှာ ဘယ်သူတွေက  အရွေးချယ်ခံမယ်ဆိုတာ ပြည်သူတွေက မသိရဘူး။ နောက်တစ်ချက်က  ပြည်သူတွေက ကိုယ့်မဲဆန္ဒနယ်မှာ ဒီလူတွေကို သိတဲ့အခါ accountability ခေါ်တဲ့ ဒီကိုယ်စားလှယ်လောင်းက  ဒီမဲဆန္ဒ နယ်အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ ရှိသွားတယ်။ close list မှာ ဘယ်သူက ဒ်ီမဲဆန္ဒနယ်ကို တာဝန်ခံမှန်း မသိတဲ့အတွက် accountability က အားနည်းတယ်လို့ ပြောကြတယ်။ ဒါကို list PR လို့ခေါ်တယ်။ နောက်တစ်ခုက single transferable vote လို့ ခေါ်တယ်။ single transferable vote ဆိုတာ ပါတီ list မှာကိုယ်စားလှယ်တွေ ပါလာတယ်။ ပါလာတဲ့အခါ ကိုယ်စားလှယ်တွေကိုမဲပေးတယ်။ မဲပေးတဲ့အခါ သူက threshold ပါ။ threshold ကိုရတဲ့လူက ရွေးကောက်ခံရတယ်။ ကိုယ်စားလှယ်က threshold ကို ရတာထက်ကျော်တဲ့ လူတွေရှိတယ်။ ဥပမာ threshold က ၅ ရာခိုင်နှုန်း သတ်မှတ်ပြီး  ကိုယ်စားလှယ်က ၇ ရာခိုင်နှုန်းရတယ်ဆိုရင် ၅ ရာခိုင်နှုန်း ရတဲ့အတွက် အရွေးလိုက်ခံရတယ်။  ပိုတဲ့ ၂ ရာခိုင်နှုန်းကို  နှစ်သက်တဲ့သူကိုလွှဲပေးလို့ရတယ်။ ပိုတဲ့ vote တွေက wastage မဖြစ်သွားဘူး။ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို အတတ်နိုင်ဆုံး ညီမျှအောင် ဆောင်ရွက်ပေးတဲ့စနစ်ပါ။ single transferable vote မှာ အတူတူ ဖြစ်ပါတယ်။ ဥပမာ ပါတီမှာ ပုဂ္ဂိုလ်က ပိုတဲ့မဲကို ကြိုက်တဲ့သူပေးလို့ရသလို သူ့ပါတီက လူကိုပြန်ပေးလို့ရတယ်။ နောက်တစ်မျိုးက mixed member proportional လို့ခေါ်တဲ့ စနစ်နှစ်မျိုးကို ပေါင်းသုံးတယ်။ တချို့နိုင်ငံတွေမှာ မဲဆန္ဒနယ်ကကျဉ်းတာရှိတယ်၊ ကျယ်တာရှိတယ်။ တချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံးကို  မဲဆန္ဒနယ်ကြီး တစ်ခုလုံး သတ် မှတ်ပြီး လူဦးရေအချိုးကျနဲ့  ကိုယ်စားလှယ် ဘယ်နှယောက်ရွေးရမယ်ဆိုတာ သတ် မှတ်တာမျိုးရှိတယ်။ တချို့က  တစ်ယောက်ပဲရွေးရမယ့် မဲဆန္ဒနယ်တွေရှိတယ်။  ဥပမာ  ပြည်သူ့လွှတ်တော်မှာ မြို့နယ်ကို အခြေခံတာဖြစ်တဲ့အတွက် တစ်မြို့နယ်ကို  ကိုယ်စား လှယ်တစ်ယောက် ရွေးရတယ်။ အဲ့လိုအခါ မဲဆန္ဒနယ်ကကျဉ်းတယ်။ ဒါပေမဲ့ PR မှာ အဲ့လို တစ်ယောက်တည်းမရဘူး။   တစ်ယောက်ထက်ပိုမှ သူက differentiate လုပ်လို့ ရတယ်။ သက်ဆိုင်ရာ ကိုယ်စားလှယ်များက single candidate မဲဆန္ဒနယ်ဆိုရင် သူ က FPTP နဲ့သွားတယ်။ ကျန်တဲ့မဲဆန္ဒနယ် အကျယ်ကြီးဆိုရင် PR နဲ့သွားတယ်။ ဘယ် လိုပေါင်းစပ်လဲဆိုရင်  FPTP မှာ wastage vote တွေရှိတယ်။ နောက်မဲအများဆုံးရတဲ့ သူကအနိုင်ရပြီး သူနဲ့မတိမ်းမယိမ်းရတဲ့ လူတွေက နစ်နာတဲ့အတွက် တစ်ဖက်က PR နဲ့ ပြန်ပြီး ထိန်းညှိပေးတယ်။ တချို့နိုင်ငံတွေက ပြည်သူ့လွှတ်တော်မှာ FPTP သုံးတယ်။  ဥပမာ ကျွန်မတို့နိုင်ငံမှာ အမျိုးသားလွှတ်တော်ကို  တိုင်းတစ်ခု၊  ပြည်နယ်တစ်ခုမှာ  ၁၂ ယောက်ရွေးရတယ်ဆိုရင် အမျိုးသားလွှတ်တော်မှာ PR နဲ့သုံးပြီး သူတို့နှစ်ခုက ဆက်စပ် မှုရှိတယ်။ တချို့နိုင်ငံတွေမှာ Constituent တစ်ခုထဲမှာ ဘယ်လောက် အပိုင်းက ကိုယ် စားလှယ်ဘယ်နှယောက်ကို  ဘယ်အပိုင်းက FPTP နဲ့ရွေးပါ။ ကျန်တဲ့တစ်ပိုင်းက PR နဲ့ရွေးပါ။ FPTP က နစ်နာတာကို PR နဲ့ ပြန်ညှိတယ်။ အဲ့သလိုစနစ်ကို  mixed member proportional လို့ခေါ်တယ်။ နောက်ဆုံးတစ်မျိုး mixed member majoritarian လို့ခေါ်တယ်။ အဲ့စနစ်က FPTP စနစ်လည်း သုံးတယ်။ PR စနစ်လည်း သုံးတယ်။ ဒါပေမဲ့ သူက သီးခြားဟိုဘက် ဒီဘက်ကို မညှိဘူး။ ဥပမာ ဂျပန်မှာ ဒီစနစ်ကို သုံးတယ်။ FPTP သုံးတဲ့လူက FPTP စနစ်အတိုင်း သူကိုယ်စားလှယ်ရတယ်။ PR  စနစ်သုံးတဲ့ သူကလည်း သူ့ quota နဲ့သူ သက်သက်ရတယ်။ သူတို့က မညှိယူဘူး။ ဒီစနစ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် PR စနစ်မှာ အရေးအကြီးဆုံးက threshold  ဖြစ်တယ်။  threshold သတ်မှတ် လိုက်တဲ့အတွက် ဒီ threshold ကိုရတဲ့သူတိုင်း ရွေးကောက်ခံနိုင်ခွင့်ရှိတယ်  မဲများသည်ဖြစ်စေ၊  နည်းသည်ဖြစ်စေ FPTP က မဲသာရင် ရွေးလို့ရတဲ့အတွက် ဥပမာ မဲနည်းလည်း သူများထက် နှစ်မဲသုံးမဲသာရင် သူက အနိုင်ရ တယ်။ ဟိုဘက်မှာ ဒီ threshold မပြည့်မချင်းမရနိုင်ဘူး။  ဘာကွာသလဲဆိုရင် FPTP မှာ ရွေးကောက်ခံရတဲ့ လူတိုင်း မဲအများကြီးရတာ မဟုတ်ဘူး။ ဒါပေမဲ့ PR မှာရွေး ကောက်ခံတဲ့ လူတိုင်းဟာ မဲအများကြီးရတယ်ဆိုတာ တွေ့ရတယ်။

ဦးဆောင်ဆွေးနွေးသ

ဒါနဲ့ပတ်သတ်ပြီးတော့ ဆရာတို့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဦးကိုကိုလှိုင်

အဓိက ကျွန်တော် အမြင်က FPTP ကိုသုံးတဲ့သူတွေက local representation ကို ဆွဲကိုင်တယ်။ ဆရာမကြီး ပြောသွားသလို သူ့မဲဆန္ဒနယ်မြေတွေမှာ တစ်ယောက်ချင်း ကကိုယ်စားပြုပြီး ကိုယ့်မဲဆန္ဒ နယ်မြေတွေအတွက် ဘာလေးကောင်းအောင် လုပ်ပေး လိုက်မလဲ ဆိုတဲ့ ကတိကဝတ်တွေ ပေးတယ်။ လွှတ်တော်ထဲရောက်ရင် အဲ့ကတိက ဝတ်တွေကို ပြန်ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ သို့သော် ဒီမှာ ဘာအားနည်းချက် ရှိသလဲ ဆိုရင် အဲ့လိုမျိုး local က ရွေးကောက်လိုက်တဲ့အခါ တချို့ နိုင်ငံတွေမှာ ပညာတတ် လူတော်တွေက မြို့ကြီး ပြကြီးတွေမှာ စုနေကြတယ်။ နယ်တွေမှာ အဲ့လောက် အသိမြင် မကြွယ်ဝတဲ့ သူတွေရှိကြတယ်။  တိုင်းပြည် တစ်ပြည်လုံးအတွက် အမျိုးသားရေးရာ ကိစ္စတွေကို စဉ်းစားတဲ့အခါ ကိုယ့်ဒေသလေးကို   ကိုယ်စဉ်းစားနေတဲ့ လူတွေနဲ့  မဖြစ် ပြန်ဘူး။ ခေါင်းကြီးကြီးနဲ့ စဉ်းစားရမယ့်သူ လိုလားပြန်တယ်။ လိုလာတဲ့အခါ အဲ့လို လူမျိုးတွေက မြို့တွေမှာသွားစုတော့ မြို့နယ်တစ်နယ်မှာ တစ်ယောက်ဆိုရင် ဒီလူတော် တွေက တစ်မြို့နယ်ထဲမှာ ၁ဝ ယောက်လောက်နေရင် ဘယ်လိုလုပ်မလဲ။ ပါတီတွေ မှာ  အဲဒါမျိုး စဉ်းစားနိုင်တဲ့သူတွေ စုထားတဲ့အတွက်ကြောင့် ပါတီ list အဆိုပြီး list က သက်သက်နဲ့ သူက proportional မှာ အဲ့ဒီကလူတွေကို ရွေးတယ်။ local မှာ အဲ့လို ထိပ်ကလူတွေ ရွေးလိုက်ပြန်ရင် ကိုယ့်ဒေသကို ကိုယ်တိုးတက်အောင်လုပ်မယ့်သူက မရှိတော့ပြန်ဘူး သံယောဇဉ်မရှိပြန်ဘူး။ သံယောဇဉ်မရှိပြန်ရင် ကိုယ့်နယ်မြေက တိုး တက်မှာမဟုတ်ဘူး။ ကိုယ်မသိဘဲနဲ့ မဲပေးရတာတွေဖြစ်မယ်။ အဲ့နှစ်ခုကို မျှမျှတတ ပေါင်းစပ်နိုင်ရန်အတွက် mmp (mixed member proportional) ဆိုပြီး ပေါင်းစပ်ရန် ကြိုးစားကြတာ တွေ့တယ်။ လူတွေက ကိုယ့်ဒေသကို ကိုယ်အကျိုးပြုပြီး ကောင်းကျိုး ပေးမယ့်သူ လိုသလို ဦးနှောက်အကြီးကြီးနဲ့ တစ်နိုင်ငံလုံးအတွက် လုပ်ပေးမယ့်သူ လည်း လိုတယ်။ အဲ့နှစ်ခုရဲ့ကြားမှာ ကိုယ့်နိုင်ငံအလိုက် ကိုယ်အားသာ အဆင်ပြေ မယ်ထင်တာတွေ ပေါင်းစပ်ကြတယ်။ ဒါမျိုး ဖြည့်စွက်ပြီး ပြောကြားချင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဟုတ်ကဲ့ပါ ဆရာမကြီးကို ဆက်လက်ပြီး မေးချင်ပါတယ်။ ဆရာမကြီးအနေနဲ့ ရွေး ကောက်ပွဲကော်မရှင်မှာ လုပ်တုန်းက ဒီအချိုးကျ ကိုယ်စားပြုစနစ် (PR)ကို လွှတ်တော် မှာ အဆိုတင်သွင်းခဲ့တာတွေ ရှိတယ်။ ဘာကြောင့် အကောင်အထည် မဖော်နိုင်ခဲ့တာ လည်းဆိုတာ ဆရာမကြီးအနေနဲ့ ရှင်းပြပေးပါအုန်း။

ဒေါက်တာ ဒေါ်မြင့်ကြည်

ဘာကြောင့် အကောင်အထည် မဖော်နိုင်တာလည်းဆိုတော့ ကျွန်မပြောခဲ့တဲ့ အခက် အခဲတွေပေါ့။ စနစ်တစ်ခုကို ပြောင်းမယ်ဆိုရင် ဒီစနစ်ကို ပြည်သူတွေကလည်း သိရ မယ်။ ဒါမှ သူတို့တွေကလည်း ဘယ်လို မဲပေးရမယ်ဆိုတာသိမှာ။ ပြည်သူတွေကလည်း သိရမယ်၊ ရွေး ကောက်ပွဲကို စီမံခန့်ခွဲတဲ့ ကော်မရှင်တွေ ကိုယ်တိုင်ကလည်း သိရမယ်။ အဲ့လိုသိမှသာလျှင် ဒီစနစ်ကို သေသေချာချာနားလည်မှ ဒီစနစ်ကို ကျင့်သုံးတာ အောင်မြင်မယ်။ ဒေါက်တာ ဆလိုင်းပြောသလိုပဲ ဒီစနစ်ကို သုံးချင်တယ် ဆိုရင်တောင် ကျွန်မတို့က အချိန်အများကြီး ယူရဦးမှာ။ ကျွန်မတို့အားလုံးကလည်း ဒီစနစ်ကို ကျေ ကျေညက်ညက်ဖြစ်ရမယ်၊ နားလည်သဘောပေါက်ရမယ်။ဥပမာ- PR စနစ်ဆိုရင် သူက တွက်တာချက်တာကအစ အရမ်းကို ရှုပ်ထွေးတယ်။ အခုဆိုရင် မဲ Result ထွက်တယ် ဆိုရင် ဒီညမထွက်ရင်ကို ကျွန်မတို့ ကော်မရှင်ဆိုရင် အဆဲချည်းခံနေရတယ်။  ဖုန်းတွေ နဲ့ဆက်ပြီး အခုထိ မထွက်သေးဘူးလား ဆိုတာလည်း ရှိတယ်။ အဲ့ဒီအချိန်ကျရင် ဒီ တစ်ညတည်းနဲ့လည်း မထွက်နိုင်ဘူး။ သူက ရွှေ့တာတို့၊ ပြောင်းတာတို့၊ ပေါင်းတာတို့ ၊ နှုတ်တာတို့ လုပ်ရအုန်းမယ်ဆိုရင်။ တစ်ချို့နိုင်ငံတွေဆိုရင် (၆) ရက်ကြာမှ၊ (၇) ရက် ကြာမှ Result ထွက်တယ်။ ကျွန်မ ဘယ်ဂျီယံ ရွေးကောက်ပွဲကို သွားလေ့လာဖူးတော့ သူတို့လည်း အဲ့လိုပဲ အချိန်ယူရတယ်။ ဒါတောင် သူတို့က ဘာတွေကို ပိုပြီးတော့ အားသာလည်းဆိုရင် Technology အရ အားသာတဲ့အတွက် ကွန်ပျူတာတွေနဲ့ မဲပေး တာကအစ၊ မဲပေးတဲ့ စနစ်ကလည်း Computerized လုပ်ထားတော့ စာရင်းတွေက အလိုလိုနေရင်း ပေါင်းမယ့်နေရာကို ရောက်နေတာ။ ကျွန်မတို့ဆီမှာ ဒီလိုမရဘူး။ မဲထုပ်ကြီးတွေကို သယ်သွားအုန်း၊ စာရင်းတွေ ယူသွားအုန်းနဲ့ဆိုတော့။ ဥပမာ- ပြည် နယ်တို့၊ ဘာတို့၊ တစ်ချို့နေရာတွေဆိုရင် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ ရှိတော့ Result ထွက်ရင် ရန်ကုန်ကိုပဲ အရင်ထွက်နိုင် တယ်။ ကျန်တဲ့ နယ်တွေဆိုရင် ကြာတယ်။ တစ်ကယ်လို့ အဲ့ဒီစနစ်ကို သုံးမယ်ဆိုရင် ဒါတွေကို အများကြီး အချိန် ပေးရမယ်။ နောက်တစ်ခုကတော့ ဒီစနစ်ကို သုံးမယ်ဆိုရင် ကျွန်မတို့ ပြုပြင်ပြောင်းလဲ ရမှာတွေ အများကြီးရှိတယ်။ ဘယ်နေရာကို FPTP သုံးချင်လည်း၊ ဘယ်နေရာကို PR သုံးချင်လည်းဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။

PR ကို သုံးချင်တယ်ဆိုရင် မဲဆန္ဒနယ်က ဘယ်လောက်ကျယ်ရမလည်း၊ ဒေါက်တာ ဆလိုင်းပြောတဲ့ ပြသနာလေးက ကျွန်မအမြင်တော့ PR သုံးရင် နည်းနည်းရှင်းနိုင်တယ်။ ဘာလို့လည်းဆိုတော့ PR က မဲဆန္ဒနယ်ကျယ်သွားတဲ့ အတွက် ကျွန်မတို့က မဲပေးရင် ဒီမဲဆန္ဒနယ်အတွက် ပေးမယ်ဆိုရင် ဒီမှာရှိတဲ့ Citizen ကပဲပေးရတယ်။ ဥပမာ- ကိုယ်က တစ်နေရာ ရောက်နေတယ် ကိုယ့်ရဲ့မဲစရင်းက ဟိုမှာရှိနေတယ်ဆိုရင် ပြန်ပေး ရတဲ့ ဒုက္ခရှိမယ်။ မဲဆန္ဒနယ် ကျယ်သွားရင်တော့ ဒီမဲဆန္ဒနယ်အတွင်းမှာ ရှိနေရင် သူက ဘယ်မှပြန်သွားစရာမလိုဘူး ဒီမှာတင်ပေးလိုရတယ်။ ဒါမျိုးလေးတွေလည်း ရှိတော့ ရှိတာပေါ့နော်။ အဲ့တော့ ကျွန်မတို့က အကုန်လုံး တော်တော်လေးကို ပြန်ပြင်ရအုန်း မှာ။ အဲ့တော့ ရွေးကောက်ပွဲ ကော်မရှင်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေ၊ ဘာတွေမှာလည်း မဲဆန္ဒနယ်ပြင်တာတို့၊ ဘာတို့ ညာတို့တွေက အကုန်ပြန်လုပ်ရမှာပေါ့။ ကျွန်မတို့လည်း လေ့လာကြည့်တဲ့ အခါကျတော့ ဘယ်လိုမှ ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာ မလုပ်နိုင်ဘူး ဆိုတာ သိတယ်။ တော်တော် များများလည်း လေ့လာကြတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာလည်း စဉ်းစားတယ်။ သို့သော်လည်းပဲ မဖြစ်နိုင်ဘူးဆိုတာသိလို့ ကျွန်မတို့က ဒါကို ကျွန်မတို့ မလုပ်ခဲ့တာပေါ့။

ဦးဆောင်ဆွေးနွေးသူ

        ဆရာဦးကိုကိုလှိုင် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလည်း ခင်ဗျာ။

ဦးကိုကိုလှိုင်

        ဟုတ်ကဲ့။ PR နဲ့ FPTP မှာ အဓိကအကျဆုံးက FPTP ဖက်ကနေပြီး ပြောနေကြ သလို PR ဆိုတာ ဆရာမကြီးပြောသလို တွက်တာ ခက်တယ်။ ဒါပေမယ့်လည်း ကမ္ဘာ ကြီးကို ပြန်ကြည့်လိုက်ရင် FPTP ကို ကျင့်သုံးနေတဲ့ နိုင်ငံ (၇) နိုင်ငံ၊ (၈) နိုင်ငံပဲ ရှိတော့တယ်။ ကျန်တာတွေက PR ကို နည်းလမ်းအမျိုးမျိုးနဲ့ ကျင့်သုံးနေကြတာတွေ ချည်းပဲ။ အဲ့တော့ သူ့မှာလည်းပဲ ခက်သော်လည်း ကျင့်သုံးသင့်တဲ့ အကျိုးကျေးဇူးတွေ ကရှိတာပေါ့။ တစ်ချို့လည်း တော်တော်လေး ခက်တာလေးတွေ ရှိပါတယ်။ သြစတြေး လျတို့ဆိုရင် တော်တော်လေးကို ခက်တဲ့ပုံယူထားတာပေါ့။ မဲတွေကို ရွေ့ပြောင်းတဲ့ စနစ်။ အပေါ်က ရွေ့ပြောင်းတယ်၊ အောက်က ရွေ့ပြောင်းတယ်ဆိုတာ မျိုးတွေကို သုံးပြီးတော့မှ အထက် လွှတ်တော်ကို သုံးတယ်။ အောက်လွှတ်တော်မှာ ကျတော့ သာမန် FPTP မဟုတ်ဘူး Single Transferable Vote (STV) ကိုပဲ သုံးထားတာ လေးတွေ ရှိတယ်။ အချို့ကျတော့လည်း PR ထဲမှာ သိပ်လွယ်တာလေးတွေ ရှိတာပေါ့။ အစ္စရေးဆိုရင် သူကြိုက်တဲ့ ပါတီကို တံဆိပ်ကပ်ထားတဲ့ စာရွက်ကို ကောက်ပြီး စာအိပ် ထဲထည့်ပြီးတော့ မဲပုံးထဲ ထည့်လိုက်ရုံပဲ ဘာမှတောင် ဦးနှောက်စားနေစရာမလိုဘူး။ ကြက်ခြေခတ်တောင် ခြစ်စရာမလိုဘူး။ ကိုယ်ကြိုက်တဲ့ လက်မှတ်ဝယ်သလိုပဲ လက် မှတ်ကလေး ထည့်လိုက်ရုံပဲ။ သူကနိုင်ငံသေးတော့ အဲ့လိုမျိုးလုပ်လို့ ရတာတွေ ရှိပါ တယ်။

လွယ်ခြင်း၊ ခက်ခြင်းဆိုတာက ကိုယ့်နိုင်ငံ၊ လူမျိုးတွေရဲ့၊ ပြည်သူလူထုရဲ့ ပညာရေး အဆင့်အတန်းတို့၊ နယ်မြေ အခြေအနေတို့ ဒါမျိုးတွေကို ကြည့်ပြီးတော့ လုပ်ကြ ရတာပေါ့။ သို့သော်ငြားလည်း ချက်ခြင်းကြီး ပြောင်းဖို့ လွယ်လားဆိုတော့ ကျွန်တော် မြင်တာတော့ မလွယ်ပါဘူး။ ကိုယ့်ရဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး အသိအမြင်တွေကို တော်တော်လေး တိုးပွားအောင် လေ့ကျင့်ပျိုးထောင် ယူရမယ်။ နောက်တစ်ခုက ဒါကို တာဝန်ခံပြီး လုပ်ကိုင်မယ့် အဖွဲ့အစည်းပေါ့။ ဟိုးတုန်းကဆိုရင် တာဝန်ခံလုပ်ကိုင်မယ့် အဖွဲ့အစည်းမှာ အောက်ခြေမှာ မရှိဘူး၊ ခေါင်းတစ်ခုပဲ ရှိတယ်။ အောက်ခြေမှာတွေ့ တဲ့လူဆွဲပြီးတော့ ထုံးစံအတိုင်းပဲ ရပ်ကွက်ထဲမှာ ရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ဆရာမတွေ ဒါမျိုးတွေနဲ့ မဲရုံမှာ အရာရှိတွေ electoral officer အနေနဲ့ထားပြီးတော့ လုပ်နေကြရ တယ်။ အခုကျမှ အဆင့်ဆင့်နဲ့ တိုးချဲ့ခန့်ပြီး တော့ စလုပ်ဖို့ ကြိုးစားနေကြတုန်းပဲ ရှိသေးတယ်။ ကျွန်တော်တို့က အခုမှ အစပဲရှိပါသေးတယ်။ သို့သော်ငြား လည်း အစပဲရှိသေးလို့ မလုပ်တော့ဘဲ နေမလားဆိုတော့ အဲ့လိုလည်း မဖြစ်ပြန်ဘူး ကိုယ့်နိုင်ငံ ရဲ့နိုင်ငံရေး တည် ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက တွဲဆက်နေတဲ့အခါကျတော့ ကိုယ့်နိုင်ငံ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့၊ ဒီမိုကရေစီ အလေ့အကျင့်တွေ ပိုကောင်းလာဖို့ အတွက် ပြောင်းသင့်တာရှိရင် ပြောင်းရမှာပဲ။ ဒါလေးပဲ ကျွန်တော် ဖြည့်စွက် ပြောချင်ပါ တယ်။

ဆက်လက်ဖော်ပြပါမည်။

Read 61 times
Rate this item
(0 votes)
Last modified on Sunday, 02 June 2019 19:20

Latest from ကေတု