SJ WorldNews - шаблон joomla Авто

ရွေးချယ် တင်မြှောက်ပုံစနစ် အမျိုးမျိုး အကြောင်း သိကောင်းစရာများ

Wednesday, 05 June 2019 11:45 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှ အဆက်

ဦးဆောင်ဆွေးနွေးသူ

ဆရာဆလိုင်းကို မေးချင်တာက နယ်မြေ၆ဝ ရာခိုင်နှုန်း၊ လူဦးရေ ၄ဝ ရာခိုင်နှုန်းအပေါ်မှာ အချိုးကျ ကိုယ်စားပြု PR စနစ်သုံးတဲ့အခါမှာ အဆင်ပြေနိုင်ပါမလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

အဆင်ပြေမှာပါ။  ဆရာမကြီးပြောသလို မဲဆန္ဒညီညီတစ်ခု၊ Constituency အသေးအကြီး လူဦးရေ အနည်းအများနဲ့ နယ်မြေ အကျယ်အဝန်း၊ အဲဒီနှစ်ခုက ဆက်နေတာပါ။  တစ်မိုင်ဧရိယာပတ်လည် လူ ၂ဝ စီနေလို့ကလည်း မရဘူး။  ရန်ကုန်၊  မန္တလေး လူဦးရေထူထပ်တယ်။ လူမျိုးပေါင်းစုံတယ်။  ချင်းပြည်နယ်က အားလုံးပေါင်းက ငါးသိန်း နီးပါးလောက်ပဲရှိတယ်။ ရှမ်းပြည်နယ်က  ငါးသန်းရှိပြီး အမျိုးသားလွှတ်တော်မှာ ၁၂ ယောက်ရှိတယ်။ ချင်းပြည်နယ်ကလည်း ငါး သိန်းရှိပင်မယ့် ၁၂ ယောက်ရှိတယ်။  ရှမ်းပြည်က ကျယ်တယ်။ ချင်းပြည်ကကျဉ်းတယ်။ ဒီဟာအားလုံးက ထည့်သွင်း စဉ်းစားရမယ့် အချက်တွေဖြစ်တယ်။ လက်ရှိကျင့်သုံးနေတဲ့ စနစ်အနေဖြင့် နယ်မြေကျယ်ဝန်းပြီး လူဦးရေနည်းတဲ့ သူနဲ့နယ်မြေကျဉ်းပြီး လူဦးရေများတဲ့သူက ကိုယ်စားပြုမှုက မမျှမတဖြစ်နိုင်

တယ်။ ဒီကိစ္စက ပစ်ပယ်ထားလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ရှားတောမှာ အားလုံး မဲပေးခွင့်ရှိတဲ့သူက ပြည်သူ့လွှတ်တော်အတွက် ၁၅ဝဝ၊ ၂ဝဝဝ လောက်ပဲရှိတယ်။ ဒါပေမဲ့ ရန်ကုန်မှာ လှိုင်သာယာတို့လို လူနေထူထပ်တဲ့လူက သိန်းနဲ့ချီပြီးရှိတယ်။ အဲဒီမမျှတမှုကိုလည်း PR  သုံးပြီး ဖြေရှင်းနိုင်ဖို့ စဉ်းစားဖို့လိုတယ်။ နောက်တစ်ခုက မေးခွန်းနဲ့ မသက်ဆိုင်ဘူး။ ကျွန်တော်တို့မှာ PR ကိုပဲ ကျင့်သုံး၊ လက်ရှိကျင့်သုံးစနစ်ပဲ ကျင့်သုံးပါစေ။ စဉ်းစားရမယ့် ကျွန်တော်တို့မေ့သွားတဲ့ အချက်က ကျွန်တော်တို့  ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင်  Campaign finance ပေါ့။ ဥပမာ အမေရိကန်လိုမျိုး ဆိုရင်  လူတစ်ယောက်သည် ဒီပါတီတစ်ခု Republican ပဲဖြစ်ဖြစ်၊ Demo-crat ပဲဖြစ်ဖြစ် ဒေါ်လာ၂ဝဝဝ ကျော်ထက် လှူပေးလို့မရဘူး။  အဲဒါက  ဥပဒေနဲ့ ချိုးဖောက်တယ်။ ဒါပေမဲ့  ဒီမှာက Campaign ရဲ့ finance ပတ်သက်တဲ့ ဥပဒေက တိတိကျကျ မရှိတဲ့အတွက်ကြောင့်  ပိုက်ဆံရှိတဲ့ သူကရှေ့ရောက်သွားတယ်။ ဘယ်လောက်ပဲ တော်တော်  ဆင်းရဲသားက နောက်ရောက်သွားတယ်။ ဒါကိုလည်း PR စဉ်းစားရင်းနဲ့ဖြစ်ဖြစ်၊ လက်ရှိကျင့်သုံးနေတဲ့ စနစ်ကို ပုံစံတစ်မျိုးနဲ့ ပြောင်းမယ်ဆိုရင်ပဲဖြစ်ဖြစ် Campaign finance ရွေးကောက်ပွဲအတွက် ပိုက်ဆံလှူတာ၊ ပိုက်ဆံထည့်တာကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ PR ပဲကျင့်သုံးပေမယ့် ငွေကြေးဓနရဲ့ စွမ်းအားကို ကျွန်တော်တို့က မထိန်းချုပ်ဘူးဆိုရင် ဆက်ပြီးပြဿနာ အများကြီးကြုံဦးမယ်။ နောက်ဆရာပြောတဲ့ ရှေ့ကဆွေးနွေးတဲ့ အထဲမှာ   Residency  ပေါ့။ ကျွန်တော်ဘယ်မြို့နယ်မှာ နေတယ်။ ကျွန်တော့်ပုံစံ(၁ဝ)က ဘယ်မှာလဲဆိုတာနဲ့ ကျွန်တော်မဲထည့်တာနဲ့ ကျွန်တော်ဝင်ပြိုင်တဲ့နေရာ အဲဒါတွေ ဥပဒေ တိတိကျကျရှိရန် လိုတယ်။  မဟုတ်ရင်  ပိုက်ဆံရှိတဲ့သူက ရန်ကုန်မှာနေတယ်။ အိမ်ကလည်း ရန်ကုန်မှာ  ရွေးကောက်ပွဲနီးတဲ့အခါ  ဥပဒေက ကောင်းကောင်းမရှိတော့ မတူပီမြို့နယ်မှာ လူဦးရေ ၄ဝဝဝ လောက်ပဲ မဲပေးခွင့်ရှိတဲ့ နေရာမှာ သူ့ပုံစံ(၁ဝ)ကို  လဝကမှာ ပြောင်းခိုင်းပြီးတော့ ရွေးကောက်ပွဲဝင်တယ်။ သူက ပိုက်ဆံရှိတော့ နိုင်သွားတယ်။ နိုင်သွားတော့ သူကပြန်လာပြီး ကျွန်တော်တို့ကို သူ့ကိုမဲပေးတဲ့သူတွေကို မေ့သွားတယ်။ လွှတ်တော်ပဲ သွားမယ်။ ပြီးရင်ပြန်လာမယ်။ လွှတ်တော်တက်မယ်။  ပြန်လာမယ်။  နှစ်နှစ်မှတစ်ခါသွားမယ်။ ရွေးကောက်ပွဲ နီးတဲ့အခါမှသွားပြီး ကျွန်တော့်ကိုမဲပေးကြပါ။  ကျွန်တော် ဒါလုပ်ပေးမယ်။ ဟိုဟာလုပ်ပေးမယ်။ စနစ်နှစ်ခုနဲ့ ပတ်သက်တဲ့ ဘေးနားက ဝိုင်းရံထားတဲ့ စနစ်တွေအားလုံးကို ကျွန်တော်တို့က ထည့်သွင်းစဉ်းစားပြီး လေ့လာရန်၊ သင်ကြားရန်၊ ဖြန့်ဖြူးရန်လိုမယ်လို့ ထင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဆရာဆလိုင်းရဲ့ သုံးသပ်ဆွေးနွေးချက်နှင့် ပတ်သက်ပြီး ဆရာ့ရဲ့အမြင်ကို ထပ်မံဖြည့်စွက်ပေးပါဦး။

ဆရာဦးကိုကိုလှိုင်

ဟုတ်ကဲ့။  ကျွန်တော်တို့  မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေများပေါ့။ ကျွန်တော်တို့က အချိုးကျကျဖြင့်၊ ညီညီမျှမျှဖြင့် ကိုယ်စားပြုနိုင်ရန်အတွက် စောစောကပြောတဲ့ လူဦးရေပေါ့။ လူဦးရေမှာ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေပျံ့နှံ့ပုံ Demographic distri-bution ပေါ့။ Projection က တော်တော်ထူးခြားပါတယ်။ ထူးခြားဆိုတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်  ဗမာတိုင်းရင်းသားတွေက အများစုဖြစ်ပြီးတော့ လူဦးရေက ၆ဝ ရာခိုင်နှုန်းလောက်။ ကျန်တဲ့ ၁ဝဝ ကျော် တိုင်းရင်းသားများက ၄ဝ ရာခိုင်နှုန်းလောက် ဆိုပေမယ့် အဲ့ ၁ဝဝ ကျော်သော တိုင်းရင်းသားများနဲ့ ဗမာတိုင်းရင်းသားဟု နှစ်ပိုင်းခွဲသော်လည်း ၁ဝဝကျော်ထဲမှာလည်း အတော်အတန်ကြီးမားတဲ့ တိုင်းရင်းသား လူမျိုးအုပ်စုကြီးများ  ရှမ်း၊  မွန်၊  ကချင်၊ ချင်း၊ ရခိုင်ကဲ့သို့  စသော လူမျိုးအုပ်စုကြီးများ ရှိပါတယ်။ အလတ်ပိုင်း။ အဲဒါအပြင် သေးသေးလေးတွေလည်း ရှိပါတယ်။ အဲလို ပြန့်ကျဲနေတာမျိုး အပိုင်းလိုက်တွေရှိတယ်။ နောက်တစ်ခုက  သူတို့ရဲ့နေထိုင်ပုံကလည်း တချို့က ချိုင့်ဝှမ်းဒေသများမှာ မြေနိမ့်ပိုင်းများမှာ နေကြတယ်။ လယ်ယာကို စိုက်ပျိုး စားသောက်ကြတယ်။  တချို့ကကျတော့ တောင်ပေါ်မှာပဲ  တောင်ယာပဲလုပ်တယ်။ သူတို့က အတူတူ ရောနှောနေကြတယ်။ ဘယ်သူက ဘယ်ရွာ ဘယ်လို အဲလိုမရှိဘူး။ အဲဒီအခါမှာ ဒီကိစ္စကို အတော်အတန် လူဦးရေရှိတဲ့ ဆရာမကြီးပြောသော ဒသမ တစ်ရာခိုင်နှုန်း ရှိတဲ့သူတွေအတွက်  သူတို့ကို သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာဒေသလေးတွေ၊ တိုင်းလေးတွေ ဖန်တီးပေးလိုက်တယ်။ သို့သော် ပြဿနာတစ်ခုက  ဘာတွေ့ပြန်လဲဆိုရင် သူတို့ရလိုက်တဲ့နေရာ သတ်မှတ်ချက်အရ Majority  ဖြစ်မှ။ မြို့နယ်သည် တိုင်းရင်းသား ၅ဝ%  ကျော်ရင် သူ့ကိုအဲဒီနေရာမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေလေးပေါ့။ နှစ်မြို့ထက်ကျော်ရင် သူကဒေသတစ်ခု သတ်မှတ်ပေးတယ်။ ဘယ်လောက်ဆိုရင် တိုင်း အဲဒီလိုမျိုး လုပ်တယ်။ အဲဒီနယ်မြေအပြင်ကို  တခြားနေရာမှာတွေလည်း အဲဒီလို လူမျိုးစုတိုင်းရင်းသားတွေ နေကြတယ်။  သို့သော် သူတို့က တောင်ပေါ်မှာ နည်းနည်းနေတယ်။ တောင်အောက်မှာနေတဲ့ တိုင်းရင်းသားတွေက ပိုများတယ် ဆိုတော့ အဲဒီနေရာမှာ တိုင်းရင်းသား လူအနည်းစုတွေကျ Count မလုပ်ဘူး။ ကိုယ်စားပြုမှု မရှိပြန်ဘူး။ တကယ်လို့  အဲဒီဟာကို မဲဆန္ဒလုပ်ရင် ဆရာမကြီးပြောသလို မဲဆန္ဒနယ်ကို ချဲ့ထွင်လိုက်ပြီး အချိုးကျလုပ်မယ်ဆိုရင် တောင်ပေါ်မှာနေနေတဲ့ တိုင်းရင်းသားတွေကို သူတို့အတွက် ကိုယ်စားပြုမှုက ပိုများများ ရလာမယ်။ ဥပမာ-ရှမ်းပြည်မှာဆိုရင် တော်တော်များများ တာဝန်ကျတော့  ရှမ်းပြည်ရဲ့ အနေအထားကို ကျွန်တော်တို့သိပါတယ်။ ရှမ်းပြည်မှာဆို  ပလောင်တွေက တော်တော်များများက နမ့်ဆန်ဘက်မှာ နေကြတယ်။ သို့သော်  လားရှိုးမြို့နယ် တောင်ပေါ်မှာ ပလောင်ရွာတွေ ရှိပါတယ်။ ပလောင်ရွာတွေမှာက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မရှိဘူး။ ကျိုင်းတုံမှာဆိုရင် အာခါလူမျိုး၊ လားဟူ လူမျိုးတွေရှိတယ်။ သူတို့က တောင်ပေါ်မှာ နေကြတယ်။ ရှမ်းလူမျိုးတွေက တောင်အောက်မှာ နေကြတယ်။  သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စသည်ဖြင့် ဒါမျိုးတွေ လိုချင်ကြတယ်။ သို့သော် ဘယ်လိုလုပ်မလဲ။သူတို့က တောင်ပေါ်မှာပဲ ရှိတယ်။ အကုန်လုံးက ရောနှောနေကြတယ်။ ဒီနယ်မြေကြီးကို အထက်အောက်ပိုင်းပြီးတော့မှ တောင်ထိပ်က သပ်သပ်၊ တောင်အောက်က သပ်သပ် ကျွန်တော်တို့က ခွဲလို့ရတာလည်း မဟုတ်ဘူး။ အဲဒီလိုမျိုးသေးသေး အာခီတွေရှိတယ်၊ N လူမျိုးတွေရှိတယ် စသဖြင့် မျိုးစုံသော လူမျိုးတွေ ရှိနေကြတယ်။ ရှိနေကြတော့ ဒီလောက် လူမျိုးစုံသော မြန်မာနိုင်ငံမှာ Diverse ဖြစ်တာပေါ့။ အမျိုးမျိုး အထွေထွေဖြစ်နေတဲ့ဥစ္စာကို စုစည်းမှုရအောင် Unity  and Diverse ရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ တော်တော်ကို အရေးကြီးတဲ့ နိုင်ငံရေးအရ စေ့ဆော်မှုတစ်ခု ဖြစ်ပါတယ်။  အချိုးကျကိုယ်စားလှယ် စနစ်ကို သုံးမယ်ဆိုရင်   တခြားနေရာတွေမှာ ပါပြီးတော့မှ ရေတွက်ခြင်း မခံရသော အနည်းစု တိုင်းရင်းသားတွေလည်း သူတို့အတွက် ကိုယ်စားပြုမှုတစ်ရပ်သည် ပိုပြီးတော့များ ကောင်းလာမလားလို့ ဒါလေးက ကျွန်တော်စဉ်းစားစရာ ကောင်းတယ်လို့ ကျွန်တော်တင်ပြချင်ပါတယ်။

 ဦးဆောင်ဆွေးနွေးသူ

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဆရာ။ဆရာမကြီး အနေနဲ့ ဖြည့်စွက်ပြီး ပြောကြား ပေးပါဦး။

ဒေါက်တာ ဒေါ်မြင့်ကြည်  

ခုနကပြောသလိုပဲ တိုင်းရင်းသားတွေကလည်း တစ်နေရာတည်း မဟုတ်ဘူး။ အကုန်လုံး ပြန့်နေတယ်။ နောက်ပြီး ဖြစ်နိုင်ခြေရှိတာက တကယ်လို့ Constituency ကျယ်သွားမယ်ဆိုရင် အဲဒီသက်ဆိုင်ရာ တိုင်းရင်းသားတွေက ပါတီထောင်ပြီးဝင်ရွေး။ ဝင်ရွေးလို့ရှိရင်  ရနိုင်ခြေ အခြေအနေလေးတွေကတော့ Chance  တစ်ခုရှိမယ်လို့ တွေးတယ်။ အခုလက်ရှိ အခြေအနေရဆိုရင် ရန်ကုန်ဆိုပါတော့ ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားတွေ များတယ်။ သုည ဒသမ ၁ ရာခိုင်နှုန်းကျော်ရင် ကျွန်မတို့က ရခိုင်အတွက် Seat တစ်ခုပေးမယ်။ ကရင်ကို Seat တစ်ခုပေးတယ်။ ဒါကတော့သူတို့ကို Compensate ပေးထားတယ်။ သို့သော် ခုနက ပြောသလိုပဲ သက်ဆိုင်ရာက တောင်ပေါ်နဲ့ တောင်အောက်ကို ခွဲဖို့ဆိုတာက မလွယ်ဘူး။ အဲဒီတော့ ချင်းပြည်နယ်တစ်ခုလုံးက Constituency တစ်ခုလုံး လုပ်မှာလား။ အခုလောလောဆယ် ပြည်နယ်အလိုက် လုပ်နေတယ်။ သို့သော် ဒီထက်ကျယ်တဲ့ ဥပမာ - ကျွန်မတို့သွားတဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ  လူမျိုးစုနှစ်စုကို  သီးခြားစီ တစ်နိုင်ငံလုံးကို ဇုန်လေးခု လုပ်ထားတယ်။ Communityပ နှစ်ခု၊ သူတို့ သက်ဆိုင်ရာပေါ့နော်။ တိုင်းရင်းသားတွေရဲ့ ဇုန်လေးခုလုပ်တယ်။ အဲလို လေးခုလုပ်လိုက်တဲ့အခါ ဒီ Constituency  ကြီးက အကျယ်ကြီးဖြစ်သွားတယ်။ အကျယ်ကြီးဖြစ်သွားတဲ့အခါမှာ ဒီတိုင်းရင်းသားတွေက ဒီထဲမှာလည်း သူသက်ဆိုင်ရာ လူမျိုးစုတွေကလည်း ပါတယ်။

ခုနကပြောသလို တောင်ပေါ်တောင်အောက်တို့ စဉ်းစားစရာ မလိုတော့ဘူး။ ဒီဒေသကြီး တစ်ခုလုံးထဲမှာ ခြုံသွားလို့ရှိရင် Chance က ဘာဖြစ်လာမလဲဆိုရင် သက်ဆိုင်ရာ တိုင်းရင်းသား အုပ်စုတွေထဲကနေပြီးတော့ ပါတီတွေ ထောင်ကြပြီးတော့ ကိုယ့်အုပ်စု၊ ကိုယ့်

တိုင်းရင်းသားကို မဲပေးမယ်ဆိုရင်တော့ Threshold ထဲဝင်ရင်  သူက မဲရဖို့လို့ အခြေအနေ ကောင်းတယ်ပေါ့နော်။ အဲဒီလို မြင်တယ်ပေါ့နော်။  နောက်တစ်ခုက  ကျွန်မတို့နိုင်ငံမှာ  နိုင်ငံရေး အသိအမြင် နည်းနေတာ အဓိကပါပဲ။ ကျွန်မလေ့လာမိသလောက်ဆိုရင် အခုလက်ရှိ နိုင်ငံရေးကို ဆောင်ရွက်နေတဲ့  Event ပေါ့နော်။ လွှတ်တော်အမတ်တွေတောင်မှ  တချို့နိုင်ငံရေး ကိစ္စတွေကို ကျွမ်းကျွမ်းကျင်ကျင် မသိ၊ လေ့လာထားတာ သိပ်မရှိသေးတဲ့ ဟာတွေလည်း ရှိပါတယ်။ အဲဒီအခါကျတော့ လွှတ်တော်ထဲကို ဝင်မယ့်သူတွေ၊ ပြည်သူတွေအားလုံးက ဒီနိုင်ငံရေး အသိကိုရှိမှ Matchဖြစ်မယ်။ ဒီဘက်က စနစ်တွေ ဘယ်လိုချချ ပြည်သူတွေကလည်း Apply  မလုပ်နိုင်ဘူးဆိုရင် ဘယ်တော့မှ Match  မဖြစ်ဘူး။ ဒါကြောင့် ပြည်သူတွေကလည်း နိုင်ငံရေး အသိအမြင်တွေပေးဖို့တော့ လိုပါတယ်။ အခုလို ဟောပြောပွဲတွေ လုပ်တယ်။ ဘယ်လိုစနစ်တွေရှိတယ်။ ဘယ်နိုင်ငံမှာ ဘယ်လိုကျင့်သုံးနေတယ်။  နိုင်ငံရေး အခြေအနေတွေက ဘယ်လိုဆိုတာကို ပြည်သူတွေများများသိလေ  လေ့လာနိုင်လေလေ  ကျွန်မတို့ စနစ်တွေက တဖြည်းဖြည်း တိုးတက်လာမယ်လို့ ယူဆပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို  ဖြည့်စွက်ပြောပေးတဲ့ ဆရာမကြီးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ ဆရာဆလိုင်းကို မေးချင်တာပါတယ်။ စနစ် နှစ်ခုကို ပေါင်းပြီး ကျင့်သုံးလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆရာ။ ဒါနဲ့ပတ်သက်ပြီး ဆရာရဲ့ အမြင်လေးကို သုံးသပ်ပေးပါဦး။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

ဒီစနစ်နှစ်ခုကိုပေါင်းပြီး  ကျင့်သုံးဖို့က ကျွန်တော်တို့ ရှေ့က ဆရာ၊ ဆရာမကြီးတွေ ဆွေးနွေးချက်တွေမှာ ပါပါတယ်။ ဥပမာ ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသား မျိုးနွယ်စုက လူတွေပြောနေကြတာ ၅၃၊ ၅၄ မျိုးလား။ အမှန်ဆိုမဟုတ်ဘူး။ အားလုံးပေါင်းမှ ဘာသာစကားနဲ့ ကွဲပြီးတော့ ခင်ဗျားက လိုင်၊ ကျွန်တော်က မရာဆိုပြီး ၂၅ မရှိဘူး။ ဒါပေမဲ့ ကျွန်တော့်အမျိုးတွေနေတဲ့ နေရာက မတူပီ၊ ထန်တလန်၊ ပလက်ဝဆိုပြီး  သုံးခုနဲ့ ခွဲပေးလိုက်တယ်။ သူတို့  အားလုံးစုပေါင်းရင် ကျွန်တော်တို့ လူဦးရေနှစ်သောင်းခွဲ နဲ့ သုံးသောင်းရှိတယ်။ ဒါပေမဲ့  အဲလိုခွဲလိုက်တော့ ဟိုမြို့နယ်မှာကျွန်တော်က  တစ်ထောင်၊ ဒီမြို့နယ်မှာ သုံးထောင်၊ ဒီမြို့နယ်မှာ ငါးထောင်ဆိုပြီး ကွဲကုန်ရင် ပါလီမန်ခေတ်မှာ တစ်နေရာရဖူးတယ်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ တစ်နေရာရဖူးတယ်။ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရှုံးတယ်။ ဘယ်လိုမှ နိုင်စရာအကြောင်း မရှိဘူး။ ချင်းပြည်နယ်ကို ကျွန်တော်တို့လူဦးရေ မျိုးနွယ် ၂၅ မျိုးဖြင့် ဖွဲ့စည်းထားတဲ့အတွက PR လုပ်လိုက်ရင်  မကောင်းဘူးလား။ အဲဒီမျိုးနွယ်စု တစ်ထောင်ရှိတယ်။ ငါးထောင်ရှိတဲ့ လူတွေအားလုံးက အချိုးကျ ကိုယ်စားပြုလို့ ရသွားမယ်။

ဒါပေမယ့် ချင်းပြည်နယ်ထဲမှာ PR  ကျင့်သုံးလိုက်ရင် ကောင်းပေမယ့် အမျိုးသား လွှတ်တော် နေပြည်တော် လွှတ်မယ့်လူကို PR  ကျင့်သုံးရင် ဘာထူးမှာလဲ။ ၁၂ နေရာပဲရှိတယ်။ ၁၂ နေရာမှာ လက်ရှိကျင့်သုံးနေတဲ့စနစ်ပဲ ကျင့်သုံးတယ်။ ဒါပေမယ့် ချင်းပြည်နယ် လွှတ်တော်မှာ PR  ကျင့်သုံးကြည့်။ အခုဟာထက် ကိုယ်စားပြုမှုက ကောင်းမွန်လာမယ်လို့ ကျွန်တော် ယူဆတယ်။  ဥပမာ ရှမ်းပြည်နယ်မှာ မျိုးနွယ်စုတွေက များတယ်။ ရှမ်းက Majority ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့်  ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာ မျိုးနွယ်စုတွေ များမယ်။ ကချင်ဆိုရင်  ဂျိမ်းဖော့က Majority  ဖြစ်ချင်မှ ဖြစ်မယ်။ အဲလိုမျိုး မညီမျှမှုကို ညီမျှသွားအောင် ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြုမှု စနစ်ကို ကျင့်သုံးပြီး ကျန်တဲ့ကိစ္စများကို  ဆရာမကြီးပြောသလို ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တို့က Constituency ပြန်ဆွဲမလား။ မဟုတ်ရင်  ရှိရင်းစွဲ မြို့နယ်နဲ့ပဲ  သွားမလား။ အမျိုးသားလွှတ်တော်ကျရင် ၁၂ယောက် ၁၂ယောက်စီ ရတဲ့အခါကျ ဘယ်လိုလုပ်မလဲ  အဲတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ မစမ်းသပ်ရသေးတော့ ဘာထွက်လာမလဲဆိုတာ ခန့်မှန်းလို့ မရဘူး။

ဒေါက်တာ ဒေါ်မြင့်ကြည်

ဟုတ်ပါတယ်။ Constituency နဲ့ စဉ်းစားမယ်ဆိုရင် အခု ကျွန်မတို့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဆိုပြီး လွှတ်တော် ၃ ရပ် ရှိတယ်။ ပြည်သူ့လွှတ်တော်က Constituency  တစ်ခုကို Candidate တစ်ယောက်ပဲ ရွေးရတယ်။ အမျိုးသားလွှတ်တော်က တိုင်းနဲ့ပြည်နယ် ၁ခုမှာ ၁၂ ဦး ရွေးရတယ်။ တိုင်းဒေသကြီး လွှတ်တော်က မြို့နယ် ၁ ခုမှာ ၂ ဦး ရွေးရတယ်ဆိုရင် ဖြစ်နိုင်ခြေရှိတာက PR သုံးချင်တယ်ဆိုရင်  အခု Mix ဖြစ်သွားပြီး။ ပြည်သူ လွှတ်တော်ကို FPTP နဲ့သွားပြီး One Candidate  ရွေးရမှာ တိုင်းဒေသကြီးနဲ့ အမျိုးသားလွှတ်တော်ကို PR သုံးရင် Possi

bility ရှိတယ်လို့  ကျွန်မ တွေးမိတယ်။ ဒါက နည်းနည်းလုပ်လို့ လွယ်တယ်။ ဆောင်ရွက်ရတာလည်း လွယ်မယ် ထင်တယ်။ Candidate  ကနှစ်ယောက်ထက် ပိုတာကို အချိုးကို ပြန်ချရန်လွယ်တယ်။ Threshold တွက်တာပဲ ဖြစ်ဖြစ်၊ ကိုယ်စားလှယ်ကို တွက်တာပဲ ဖြစ်ဖြစ် လွယ်မယ်လို့ ထင်တယ်။ Applyလုပ်မယ်ဆိုရင်  ဥပမာ ပြည်သူ့လွှတ်တော်ကို FPTP သွား၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်က PR  သွားမယ်ဆိုရင်  နည်းနည်းပြန် စဉ်းစားရဦးမယ်။ သာမန်တွေးလိုက်ရင်  ဖြစ်နိုင်ခြေရှိမယ်လို့ တွေးမိပါတယ်။ ဟုတ်ကဲ့ ကျေးဇူးပါ။

ဦးဆောင်ဆွေးနွေးသူ

ဆရာ ဦးကိုကိုလှိုင်ကကော အမြင်လေး သုံးသပ်ပေးပါအုံးခင်ဗျာ။

 ဦးကိုကိုလှိုင်

တခြားနိုင်ငံတွေကို လေ့လာကြည့်တဲ့အခါမှာ လွှတ်တော်အများရှိတဲ့ ပြည်ထောင်စု နိုင်ငံတွေပေါ့။ လွှတ်တော်အများရှိတဲ့ ပြည်ထောင်စု နိုင်ငံတွေမှာ သူက ဒီအမျိုးသား အဆင့်ဆင့်မှာ နှစ်ခု။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဒေသန္တရအဆင့်မှာ ပြည်နယ်၊ တိုင်းလွှတ်တော်တွေ အဲလိုမျိုးရှိကြတဲ့ အခါမှာ မတူဘဲနဲ့ ကွဲပြား ပြီးသုံးတာတွေလည်း ဆရာမကြီး ပြောသလိုရှိပါတယ်။ ရှိတဲ့အခါသူ့ရဲ့ အခြေအနေနဲ့ မူတည်ပြီးတော့မှ သင့်တော်မဲ့ဟာပေါ့။ တချို့ကျပြန်တော့လည်း အောက်ဆင့်မှာ လုံးဝ PR ။ပါတီ List  နဲ့ပဲ ပါတီစာရင်းနဲ့ပဲ သွားတဲ့အခါ ကျင့်သုံးပြီးတော့ အထက်လွှတ်တော MMP လို့ခေါ်တဲ့ FPTP နှင့် အချိုးကျကို ရောစပ်ပြီးတော့မှ သုံးကြတာမျိုးကိုလည်း ရှိပါတယ်။ အောက်လွှတ်တော်မှာ ကျတော့ FPTP  အထဲမှာပါတဲ့ Single Transferable Voting

System နဲ့ သွားတာတွေလည်း ရှိတယ်။ သူကတော့ ဘာနဲ့တူသလဲဆို ကျွန်တော်တို့ အင်္ကီင်္ျချုပ်တဲ့ နေရာမှာ အော်ဒါချုပ်၊ ဈေးချုပ်၊ ရယ်ဒီမိတ်၊ ဒီဆိုဒ် Medium   Small, Large  ဆိုဒ်ရှိမယ်။ ကိုယ်က Medium ဆိုဒ်လောက်ရှိရင Medium ဆိုဒ် သို့သော် ကိုယ်က Medium ဆိုဒ်ရှိပေမယ့် လက်ကတိုနေလို့ ရှိရင် သူတို့ဆိုဒ်က ရှည်ရင်လည်းရှည်မယ်။ အဲဒါမျိုး မဟုတ်ဘဲနဲ့ Fitting ဖြစ်တယ်။ Tailor –make ပေါ့။   သေချာကို တိုင်းတာပြီး ချုပ်တာနဲ့ ဈေးကဝယ်တာ ကုန်တိုက်က ဝယ်တာနဲ့တော့ မတူဖူးပေါ့။  သေချာတိုင်းချုပ်လို့ရှိရင် တော့ ပိုပြီးတော့ ဝတ်လို့ကောင်းတယ်။ ပုံစံလည်းပိုကျတယ်။ အဆင်ပြေတယ်။ သို့သော် တိုင်းချုပ်နိုင်ဖို့အတွက် ကျတော့ တိုင်းချုပ်ဖို့ကို စက်သမားဆီ သွားရမယ်။ သူကပိုက်ဆံ ပိုယူတယ်။ စက်သမားရဲ့ ကျွမ်းကျင်မှုလည်း လိုတယ်။ တစ်နေရာနှင့် တစ်နေရာ  ဥပဒေပြုတဲ့ အဆင့် အချင်းချင်းမှာ သင့်တော်တာကို ရှာဖွေကြရမယ်။ ဒီဇိုင်းဆွဲကြရမယ်။ ပြီးရင် ကျင့်သုံးကြည့်ရမယ်။ ဘယ်ဟာကိုမှ စက်ရုံက ထွက်ပြီး ပြန်ပြင်လို့မရဘူး။ ဒီဟာတွေက အခြေခံဥပဒေ ဆိုတာနဲ့ အမြဲတမ်းပြုပြင်နေရတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း အမြဲပြန်ပြင်ရတယ်။ ပြင်နေကြတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်အောင် ပြောင်းလဲပြီး လုပ်ကြရတာမျိုးတွေ ရှိတယ်။ ဥပမာ နယူးဇီလန်ဆိုရင် FPTP ပဲ။ ဒါပေမယ့် ၁၉၉ဝပြည့်နှစ်အလွန် နှစ်တွေကြတော့ သူတို့က အကုန်လုံး လေ့လာသုံးသပ်ပြီးတဲ့အခါ PRက ပြောင်းသွားတယ်။ MMP ပုံစံနှင့် ပြောင်းသွားတယ်။ ကနေဒါဆိုရင် အခု ပြင်ရန် လုပ်နေတယ်။ အဲဒါကို အရမ်းကြိုးစားနေတယ်။ FPTP ကနေ PR ကို ပြောင်းဖို့အတွက် ကြိုးစားနေတာတွေ ရှိတယ်။  ဒီလိုမျိုး လုပ်နိုင်ရင် ကိုယ်ရဲ့အဆင့်လိုက်မှာ ထူးခြားတဲ့ ဝိသေဿ လက္ခဏာတွေကတော့ အဲဒီလို Fitting ကျအောင် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ကောင်းရင် အားလုံးက လက်ခံနိုင်ပြီး Consensus  အားလုံး သဘောတူညီပြီး အကျိုးရှိနိုင်မယ်ဆိုရင်  လုပ်ကြည့်ရမယ်။ သို့သော် လုပ်ကြည့်တဲ့အခါမှာ တွေ့ကြုံရမဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း ဘယ်လိုကျော်သွားကြရမယ်ဆိုတာ ဆရာမကြီးပြောသလိုပဲ ပညာတတ်နားလည်ကျွမ်းကျင်တဲ့ ကောင်းကောင်းဒီ ဇိုင်းဆွဲနိုင်မဲ့ ပညာရှင်တွေလိုသလို အဲဒါကို ပါဝင်ကျင့်သုံးကြမယ့် ပြည်သူလူထူကလည်း နိုင်ငံရေး အသိအမြင်ကြွယ်ဝဖို့ လိုပါတယ်။ ဒါအရည်အချင်းပိုင်း။ အရည်အသွေးပိုင်းမှာ ကျတော့ စိတ်ဓာတ်တွေ။ တစ်ယောက်က အဖြူဆိုရင် တစ်ယောက်က အမဲလုပ်မယ်ဆိုတဲ့ အတ္တကို အစွဲပြုနေတဲ့ စိတ်ဓာတ်တွေ ရှိသမျှတော့ ဘယ်လောက်ပဲ ဒီဇိုင်းကောင်းကောင်း ကျွန်တော်တို့က Implementation လို့ခေါ်တဲ့ ဒီအကောင်အထည်ဖော် လုပ်ဆောင်မှုမှာ အထေ့အငေါ့တွေ ကြုံအုံး မှာ ဖြစ်တယ်။ ဒါကအရေးကြီးတယ်လို့ တင်ပြချင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဟုတ်ကဲ့ ဆရာကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ ဆရာဆလိုင်းကို မေးချင်တာကပေါ့နော်။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းဒေသကြီး(၇) ခု၊ ပြည်နယ် (၇) ခုရှိပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွေမှာ  အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဘယ်လိုအားနည်းချက်၊ အားသာချက်တွေ ရှိမလဲ။ ပြည်ထောင်စုအဆင့်၊ ပြည်သူ့လွှတ်တော်မှာ ကျင့်သုံးမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဒါနဲ့ ပတ်သက်ပြီး ဆရာဆလိုင်းရဲ့ အမြင်လေးကို သုံးသပ်ပေးပါဦးခင်ဗျာ။

ဒေါက်တာ ဆလိုင်းငွန်ကျူံးလျန်

ရှုထောင့်နှစ်ခုက စဉ်းစားရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး ၇ခုနှင့် ပြည်နယ် ၇ ခုမှာ လူမျိုးတစ်မျိုးထဲပဲ သီးသန့်နေတဲ့ နေရာဆိုတာမရှိဘူး။ ဒါပေမယ့်  လူမျိုး မျိုးနွယ်စုပေါ့။ လူမျိုးတစ်ခု အများစုဖြစ်တဲ့ ဒေသတွေရှိတယ်။  ခုနကကျွန်တော်ပြောသလို ချင်းပြည်နယ်မှာ မတူကွဲပြားတဲ့ မျိုးနွယ်စု ၂၅ ခုရှိတာကြောင့် နှစ်ခုကို ကျွန်တော်တို့ဖွဲ့ဖို့ လိုတယ်။ ဒီဟာတွေအတွက်က PR သုံးတိုင်း အကုန်လုံး ကောင်းမှာ မဟုတ်ဘူး။  ဥပမာ ရန်ကုန်တိုင်းမှာ ဗမာတိုင်းရင်းသား အများစုလား။ ကရင်က ဘယ်အချိုးရှိမလဲ။ ရခိုင်က ဘယ်အချိုးရှိမလဲ။ အဲဒီဟာတွေ သေချာကြည့်ပြီးမှ လုပ်လို့ရမယ်။ ဥပမာ ရခိုင်ပြည်နယ်မှာ ချင်းတွေက ကျွန်တော်တို့ အလျှိုချင်းတွေ မြေပြန့်ချင်းတွေ သိန်းကျော် ရှိတယ်။ သူတို့မှာ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ချင်းတိုင်းရင်းသား ဝန်ကြီး တစ်နေရာပဲရှိရင် သူတို့မှာ အချိုးကျ ကိုယ်စားပြုမှု မလုပ်တဲ့အတွက် သိန်းကျော်ရှိတဲ့ လူတစ်ယောက်က သူတို့မှာ လူတစ်ယောက်ကပဲ တိုင်းရင်းသားရေးရာ ဝန်ကြီးကပဲ ကိုယ်စားပြုတယ်။ ဒီလိုဟာမျိုး ကျွန်တော်တို့ ပြန်ကြည့်ဖို့လိုတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်လို လူမျိုး  မျိုးနွယ်စုပေါင်းစုံတဲ့ ဒေသတွေကို ကျွန်တော်တို့ နည်းနည်း ခွဲခြားပြီး စဉ်းစားပေးဖို့လိုတယ်။ မခွဲခြားဘဲနဲ့ ကျွန်တော်တို့က  အချိုးကျ ကိုယ်စားပြုမှု စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ သုံးရင် တစ်ချို့နေရာမှာ အလုပ်ကောင်း လုပ်လိမ့်မယ်။ ဥပမာ ကယားပြည်နယ်မှာ လူမျိုးရောတာ အနည်းဆုံးပါ။ နောက်ပြီး ရှမ်းပြည်နယ် မလုပ်လို့ရှိရင် ရှုပ်ကုန်မှာ။ ဘာဖြစ်လို့လဲဆို အပေါ်ပိုင်းမှာ ပအိုဝ့်တွေရှိတယ်။ ရှမ်းတောင်ပိုင်းမှာ ပအိုဝ့်တွေရှိတယ်။  ဝ တွေက အရှေ့ခြမ်းမှာရှိတယ်။ ရှမ်းတောင်ပိုင်းမှာ ဝ တွေရှိတယ်။ သူတို့ကို ခင်ဗျားတို့ ရွေးကောက်ပွဲကြရင် အရှေ့ရွာကို သွားကြဆိုပြီး အရှေ့ကို ပို့လို့မရဘူး။ ဘာလို့လဲဆိုရင် သူတို့က အဲဒီမှာ အခြေချနေပြီး ဒီဟာတွေအားလုံး PR အချိုးကျ ကိုယ်စားပြုမှုကျင့်သုံးရင် ကျွန်တော်တို့ကို အကြီးမားဆုံး စိန်ခေါ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထက်ပိုပြီး ရှုပ်ထွေးတဲ့ တိုင်းပြည်တောင် သူတို့ကျင့်သုံးပြီး ရနိုင်တယ်ဆိုရင် PR  က ကျွန်တော်တို့ မြန်မာပြည်မှာ အလုပ်ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဆရာကိုကိုလှိုင် ပြောနေတဲ့ Demographicကွဲကွာမှုကြီးက ကျွန်တော်တို့ရဲ့ အကြီးဆုံးစိန်ခေါ်မှု ဖြစ်တယ်။ ဒီဟာကိုအခြေခံပြီး ဘယ်ဒေသမှာ ဘယ်လို PR   အသုံးတည့်မယ်။ ဘယ်ဒေသမှာ ဒီဟာကို နည်းနည်း mix သုံးမလား။ တစ်ခြားဟာ သုံးမလားဆိုတဲ့ဟာ အချိန်ယူပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စလို့ ထင်ပါတယ်။

Read 61 times
Rate this item
(0 votes)
Last modified on Wednesday, 05 June 2019 11:46

Latest from ကေတု