SJ WorldNews - шаблон joomla Авто

လက်တွေ့ အသုံးချ ဆေးနည်း တိုများ(၉)

Monday, 02 October 2017 10:08 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မသမီးလေးက ခုနစ်လရှိပါပြီ။ အခု နှစ်ရက်ရှိပြီ ရှူးပေါက်ရင် အတော်ညှစ်ပြီး ငိုပါ တယ်။ အခုတလော ဆီးလည်းနည်းပါတယ်။ ဘာဖြစ်တာလဲမသိလို့ မြန်မာဆေးနည်းလေး ညွှန်ပြပေးပါရှင့်။

ဖြေ။ ကလေးဆီးအောင့်နေတာပါ။ ရေကျက်အေးတိုက်ပေးပါ။ ငယ်သေးလို့ ဆေးတိုက် စရာမလိုပါ။ ကြက်သွန်နီ ဥပါး ပါးလှီးပြီး ကလေးဆီးခုံမှာ ကပ်ပေးပါ။ နွမ်းသွားရင် အသစ်လဲကပ်ပါ။ ဆီးကောင်းလာပါလိမ့်မယ်။

မေး။ ဆရာရှင့် သမီးအမျိုးသား ဆေးလိပ်ဖြတ်မယ်ဆိုပြီး ဖြတ်ပါတယ်။ ခံတွင်းချဉ်လို့ ဆိုပြီး ကွမ်းယာတွေ စားနေလို့ ခံတွင်းမချဉ်အောင် ဘာလုပ်ရမလဲ နည်းလမ်းလေး ပြောပြပါရှင့်။ ဆေးလိပ်ပြတ်ပြီး ကွမ်းစွဲမှာ စိုးလို့ပါရှင့်။

ဖြေ။ ဆေးလိပ်ဖြတ်ရာကနေ ကွမ်းစားဆေးလိပ်ပြန်သောက် နှစ်မှုရောက် ဖြစ်တတ်ပါတယ်။ ကွမ်းမစားဘဲ ကွမ်းယာထဲ ထည့်တဲ့ ဂုံခါးကို ငုံပေးရင် ခံတွင်းချဉ် သက်သာပါတယ်။ ဒါမှမဟုတ် လေးညှင်းပွင့်ကို ဝါးပြီးငုံပေးရင်လည်း ခံတွင်းချဉ် ပျောက်ပါတယ်။အညာမှာတော့ ဆီးဖြူသီး၊ ဖန်ခါးသီးစားပြီး ရေအေးသောက်ရင် ခံတွင်းချဉ်ပြေတယ် ပြောကြပါတယ်။

မေး။ ဆရာခင်ဗျား၊ ကျွန်တော့်အသက် ၄ဝ ကျော်ရုံပဲရှိပါသေးတယ်။ သွေးတိုးရှိပါတယ်။ သွေးထဲမှာ အဆီများလို့ ဆေးသောက်နေရပါတယ်။ တစ်ရက်ကို ၆ နာရီ ကနေ ၈ နာရီအထိ မတ်တတ်ရပ်ပြီး စာသင်ရပါတယ်။ ဆိုင်ကယ်စီး များရင် ခြေထောက်သွေးကျပါတယ်။  မျက်ကွင်းတွေလည်း ညိုနေပါ တယ်။ သင့်လျော်မယ့်ဆေးနဲ့ အစားအစာတွေကို သိလိုပါတယ်။

ဖြေ။ ဆရာဝန်ပြပြီးပေးတဲ့ဆေးကို စနစ်တကျ သောက်ပါ။ ကညွတ်များများစားပါ။ ဒန့်သလွန်ရွက်နဲ့ရဲယိုရွက် ဟင်း ချိုချက်သောက်ပါ။ သွေးထဲက အဆီလျော့စေဖို့ ချင်းတက်ကို ပါးပါးလှီး၊ ရှောက်ရည်ညှစ်ပြီး ထမင်းစားပြီးတိုင်း စားပေး ပါ။ ကွမ်းရွက်ကို သေးသေးဖဲ့ပြီး မျက်စိအောက်မှာ ကပ်ပေးရင် မျက် ကွင်းညို သက်သာပါတယ်။

မေး။ ဆရာ ကျွန်တော့်လက်ဖျံနဲ့ ကျောမှာအဆီဖုတွေ ထွက်နေပါတယ်။  တဖြည်းဖြည်း ကြီးလာလို့ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ။ အဆီကျိတ်က မပျောက်ပါ။ ကြီးမလာအောင် သံပရာသီးစိတ်နဲ့   ပွတ်ပေးပါ။ သံလွင်ဆီလိမ်းပါ။ ရေမချိုးခင် ငှက် ပျောသီး အခွံနွှာပြီး အတွင်းသားက အမြှေးနဲ့ နေ့စဉ် ပွတ်ပေးရင်လည်း သက်သာတယ် ပြောကြပါတယ်။

မေး။ ဆရာ သမီးက မဝပါဘူး။ ဒါပေမဲ့ ဗိုက်ပူ ခါးတုတ်ဖြစ်နေတယ်။ ဗိုက်ပူတာ ပျောက်အောင် ဘယ်လိုလုပ်ရပါမလဲ။

ဖြေ။ သက်ရင်းကြီးရွက်နု သုံးရွက်လောက် ရေနွေးဖြောပြီး နေ့စဉ်အတို့အမြှုပ်ပြုလုပ် စားပေးရင် ဗိုက်ပူတာကျစေပါ တယ်။ နံနက်အိပ်ယာထထချင်း ပျားရည်တစ်ဇွန်း သောက်ပေးရင်လည်း အဆီကျစေပါတယ်။ ညစာမစားဘဲ မန်ကျည်းမှည့်ဖျော်ရည်မှာ ဆားခါးတစ်ဇွန်းထည့် သောက်ပေးရင်လည်း ဝမ်း မှန်ပြီး ဗိုက်ပူတာ သက်သာစေပါတယ်။

မေး။ ဆရာရှင့် သမီးဒူးခေါင်းကမည်းပြီး အမာရွတ်တွေရှိနေပါတယ်။ ပျောက်ချင်ပါတယ်။

ဖြေ။ ကြိတ်မှန်ရွက်အရည်၊ သံပရာသီးအရည် နဲ့ သနပ်ခါးရောစပ်ပြီး လိမ်းပေးပါ။

မေး။ ကလေးက နို့ဖြတ်ပြီး ထမင်းဝါးခွံ့ကျွေးရင် သွားရည်ကျကျနေပါတယ်။ သူငယ်နာလည်း သိချင်ပါတယ်။ ငါးဖယ် အောင်း ငါးပိကောင်နဲ့ ထမင်းဆီဆမ်း ဝါးကျွေးရင် သူငယ်နာကောင်းတယ်ဆိုတာရော မှန်ပါသလားရှင့်။ ကလေးက ဝမ်းလည်းချုပ်ပါတယ်။ ဝမ်းညှစ်သွားရင် ငိုပါတယ်။ နည်းလ မ်းပြောပြပါရှင့်။

ဖြေ။ သူငယ်နာ သွားရည်ကျဆိုတာ ရှိပါတယ်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၄၇ (၇ ပါး၊ ဆေးဝါလေး) ကို လျှာပွတ်ပေးရင် ပျောက်ပါတယ်။ ငါးဖယ်အောင်း ဒါမှမဟုတ် ငါးဖန်းမကို ငါးပိကောင်ပြုလုပ်  မီးဖုတ်၊ မီးကင်ပြီး ထမင်း စကျွေးတဲ့ကလေးကို ဝါးကျွေးရင် သူငယ်နာကင်းတယ် ပြောပါတယ်။ ကလေးက ဝမ်းချုပ်တတ်ရင် ကန်စွန်းရွက် ချဉ် ရည်ဟင်းကို မန်ကျည်းမှည့်ထည့်ချက်ပြီး အရည်သောက် တွဲကျွေးပေးပါ။ ကလေးဝမ်းချုပ်ပြီး ဝမ်းညှစ်ရတဲ့ရောဂါ အတွက်ပါ။ အဆင်ပြေစေနိုင်ပါတယ်။ ရှေးလူကြီးတွေက ကလေးကို အပုပ်ကို အရင်စကျွေးတာက ခံနိုင်ရည်ရှိအောင် ကိုယ်ခံအားေ ကာင်းအောင် ပြုပြင်ပေးတဲ့နည်းလို့လည်း ယူဆရပါတယ်။

မေး။ ဆရာ မျက်နှာမှာ ဝက်ခြံတွေထွက်တာ ညှစ်မိတော့ သမီးအသားအရေက နုတဲ့အတွက် အမာရွတ်တွေ ညိုမည်း ကျန်ခဲ့ပါတယ်။ ဖြစ်နေတာ တစ်နှစ်ကျော်ပါပြီ။ တော်တော်စိတ်ညစ်ရပါတယ်။ ဆရာ့အကူအညီ မျှော်လင့်ပါတယ်။ ဓာတ်စာအနေနဲ့ ဘယ်လိုစားသောက်သင့်သလဲ ညွှန်ကြားပေးပါရှင့်။

ဖြေ။ ဝက်ခြံထပ်မထွက်ဖို့အတွက် အိပ်ရေးမပျက်ဖို့နဲ့ အဆီနဲ့အငန်တွေ ရှောင်စားဖို့လိုပါတယ်။ မိန်းကလေးမှာ သွေး သားမှန်ဖို့လည်း အရေးကြီးပါတယ်။ ထွက်ပြီး အမာရွတ်အမည်းတွေ ပျောက်ဖို့အတွက် မျက်နှာကို သနပ်ခါးအမြဲ လူးထားပါ။ ညနေအလုပ်အားချိန်မှာ မျက်နှာသစ်ပါ။  ပြီးရင် ရှားေ စာင်းလက်ပပ် အနှစ်အဖတ်တွေ ကပ်ထားပြီး ခေတ္တအိပ်နေပါ။ နာရီဝက်လောက်ကြာရင် မျက်နှာပြန်သစ်ပါ။ ပြီးရင် မျက်နှာအမာရွတ်တွေကို သံပရာသီးခြမ်းနဲ့ပွတ်ပါ။ စပ် လာရင်မျက်နှာပြန်သစ်ပြီး သနပ်ခါးပြန်လိမ်းပါ။ အခြားကြိတ်မှန်ရွက်အရည်နဲ့ သနပ်ခါးစပ်လိမ်းရင် အမာရွတ်ပျောက်တယ်။ စန္ဒ ကူးနီခေါက် (ပရဆေးဆိုင်မှာဝယ်) သွေးလိမ်းရင် အမည်းပျောက်တယ်။

မေး။ ဆရာရှင့် သမီးအဖေက ခေါင်းငုံ့ပြီး အလုပ်လုပ်ရင် မူးတယ်ပြောပါတယ်။ မျက်မှန်သွားစမ်းတော့လည်း ဒီဂရီမ တိုးပါ။ သူက သွေးတိုးရောဂါရှိပါတယ်။ မနှစ်က လေဖျန်းဖူးလို့ ဆေးရုံတက်ရဖူးပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

ဖြေ။ ဇက်ကျီးပေါင်းကြောင့် ဦးနှောက်သွေးကြောကို ဖိအိတဲ့အခါ မူးတတ်ပါတယ်။ ခေါင်းငုံ့ရတဲ့ အလုပ်မလုပ်ခိုင်းပါနဲ့။ ကျီးပေါင်းကို စစ်ဆေးကြည့်ပါ။ အရိုးအဆစ် ဆရာဝန်ကိုပြပါ။ လောလောဆယ် သက်သာအောင် ဒန့်သလွန်ရွက် အစိမ်းရည်ညှစ် သုံးဇွန်းကို ပျားရည်တစ်ဇွန်းစပ်ပြီး တစ်နေ့တစ်ကြိမ် ကနေ နှစ်ကြိမ်တိုက်ပါ။ ဦးနှောက်ကြည်ပြီး သွေးတိုး ရောဂါနဲ့လည်း သင့်လျော်ပါတယ်။ အစာမရှိလည်း တိုက်လို့ရပါတယ်။

မေး။ မင်္ဂလာပါဆရာ။ သမီး ကလေးမွေးပြီးနောက် သန္ဓေတားဆေး သုံးကြိမ်ထိုးဖူးပါတယ်။ နောက်ပိုင်း တအားဝလာ လို့ သောက်ဆေးပြောင်း သောက်ခိုင်းပါတယ်ဆရာ။ အခု ဓမ္မတာမပေါ်တာ တစ်နှစ်ရှိပါပြီ။ ဝက်ခြံတွေလည်း ထွက် လာပါတယ်။ ဓမ္မတာပြန်ပေါ်မယ့်ဆေးနည်း သိချင်ပါတယ်ရှင့်။

ဖြေ။ ကြိတ်မှန်ရွက် လက်တစ်ဆုပ်စာ၊ ရှားစောင်းလက်ပပ်အနှစ် အကြမ်းပန်းကန် တစ်လုံးစာ၊ ထန်းဖိုထန်းလျက် (အမည်း) ခုနစ်ခဲရောပြီး ဆားလှော်အနည်းငယ်ထည့် ရေနွေးမတ်ခွက်တစ်ခွက်နဲ့ လက်ကော်ရ အောင်ကျိုပါ။ တစ်နေ့ နှစ်ဇွန်း နေ့စဉ်စားပါ။ ဆေးစားနေစဉ် အာလူး၊ အုန်းနို့၊ ဘဲသား၊ ဘဲဥ၊ တညင်းသီး၊ ဆီးသီး၊ ဆီးဖြူသီး မစားရပါ။

မေး။ ဆရာရှင့်အသက် ၃ဝ အရွယ် အသည်း ရောင်အသားဝါဖြစ်နေသူအတွက် ဓာတ်စာ၊ ဆေးနည်းသိချင်ပါတယ်။ ညွှန်ကြားပေးပါရှင့်။

ဖြေ။ ခါကြက်ဥ ၂၅ ကျပ်သားကို ထောင်း အရည်ညှစ်၊သံပရာသီးတစ်လုံး အရည်ညှစ်ပြီး သကြားဟင်းစားဇွန်း သုံးဇွန်း ရောဖျော် ကုန်အောင်တိုက်ပါ။ အဆီ၊ အခေါက်၊ ခြေလေးချောင်းသားတွေ ရှောင်စားပါ။ ငါးနဲ့အသီးအရွက်ကျွေးပါ။

မေး။ ဆရာ ကျွန်တော် ညညဆို လုံးဝအိပ်မပျော်ပါဘူး။ နေ့ဘက်မှာလည်း အိပ်ချိန်မရှိပါ။ တစ်နေကုန် အလုပ်လုပ်ရ ပါတယ်။ ဘယ်လိုဆေးမျိုး သောက်သင့်ပါသလဲ။

ဖြေ။ ဆေးတွေ မသောက်ပါနဲ့ဦး။ ကြက်သွန်နီဥကြီး ကန့်လန့်ပါးပါးလှီး တစ်လွှာယူ ခြေဖဝါးအလယ်မှာကပ်။ ပတ်တီး စည်းပြီး အိပ်ပါ။ လက်တွေ့အိပ်ပျော်သူတွေရှိပါတယ်။ ဆေးလည်းမသောက်ရတဲ့နည်း စမ်းကြည့်ပါ။

မေး။ ကိုလက်စထရောဆိုတာ ဘာလဲ ဆရာ။ မြန်မာဆေး ရှိပါသလား။

ဖြေ။ သွေးကြောတွေထဲမှာ ရောက်နေတဲ့အဆီကို ကိုလက်စထရောလို့ခေါ်ပါတယ်။ ကိုလက်စထရောရှိတိုင်း မ ကောင်းတာတော့ မဟုတ်ပါ။ ကောင်းတဲ့ ကိုလက်စထရော (HDL) နဲ့ မကောင်းတဲ့ ကိုလက်စထရော (LDL) ဆိုပြီး နှစ်မျိုးရှိတယ်လို့ အနောက်တိုင်း ဆေးပညာက ဆိုပါတယ်။ မကောင်းတဲ့ ကိုလက်စထရော (LDL) များရင် နှလုံးသွေး ကြောကျဉ်းနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ပါတယ်။ တိုင်းရင်းဆေးပညာဘက်ကလည်း သုတေသနပြုတဲ့ ဓာတ်ခွဲခန်းတွေ ထူထောင်ပြီး ခေတ်မီသိပ္ပံနည်းကျ သုတေသနပြုလုပ်ပြီး ကိုလက်စထရောကျစေတဲ့ အပင်တွေကို စမ်းသပ် ရှာ ဖွေပါတယ်။ မြန်မာ့မြေပေါ် မှာပေါက်တဲ့ လက်တစ်ကမ်းက ဆေးဖက်ဝင်အပင်တွေ အရပ်သုံးဆေးမြီးတိုအဖြစ် ရောဂါ ပျောက်တယ်လို့ နာမည်ကြီးတဲ့ ဆေးပင်တွေဖြစ်တယ်။ အဲဒီအထဲက ကိုလက်စထရော ကျစေတဲ့အပင်ကတော့ ''ဝါးပင်'' ဖြစ်တယ်။ သုတေသနဓာတ်ခွဲတွေ့ရှိချက်အရ ဝါးပင်က ဝါးရွက်တွေမှာ ကိုလက်စထေ ရာကျစေတဲ့ Hypoli -pidaemic Activity ပါပါတယ်။ မကောင်းတဲ့ LDL တွေကျစေနိုင်တယ်။ ဝါးရွက် လက်တစ်ဆုပ်စာက ရရှိတဲ့ သတ္တုရည် ကော်ဖီဇွန်းနှစ်ဇွန်း ဒါမှမဟုတ် ဝါးရွက်ပြုတ်ရည် အကြမ်းပန်းကန် တစ်လုံးကို တစ်နေ့ နှစ်ကြိမ်သောက်ရင် သိသိ သာသာကျဆင်းစေတယ်။ (ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလထုတ်    လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များစာအုပ်၊ စာမျက်နှာ ၆၅ဝ မှ)

မေး။ မင်္ဂလာပါဆရာ သမီး တစ်ခုလောက် မေးချင်လို့ပါ။ သမီးတို့ဇနီးမောင်နှံ အိမ်ထောင်သက် နှစ်နှစ်ရှိပါပြီ။ ကလေး မရလို့ပါ။ OG နဲ့ပြတော့ သမီးအမျိုးသားမှာ သုတ်ရည်စစ်ကြည့်တော့ သုတ်ပိုးတစ်ကောင်မှ မပါဘူး ဖြစ်နေလို့ပါဆရာ။ အဲဒါ ဘာဆေးများ သောက်ရမလဲဆရာ။ သမီးတို့ ဒီတစ်သက် ကလေးမရနိုင်တော့ဘူးလား ဆရာ။

ဖြေ။ အိန္ဒိယ အာယုဗေဒဆေးကျမ်းတွေ အလိုအရ ခွေးလှေးယားသီးစေ့က သုတ်ကောင် တိုးပွားစေတယ်လို့ဆိုပါ တယ်။ ခွေးလှေးယားသီး (အရိုင်း)နဲ့ မယားတဲ့ ခွေးလှေးယားသီး (အယဉ်)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ယားတဲ့အပင်က ခွေးလှေးယားသီးအစေ့က ပိုပြီး အစွမ်းထက်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်လောက်က ခွေးလှေးယားသီးစေ့ (အရိုင်း)ကိုစားပြီး ကလေးရဖူးသူတွေ တွေ့ဖူးပါတယ်။ တောဘက်မှာ အရိုင်းပင်ကိုရှာပြီး အသီးရင့်ပြီးခြောက်တဲ့ အချိန်မှာ ပလတ်စတစ် အိတ်နဲ့စွပ်ပြီး(မယားအောင်) ခြွေယူတယ် ပြောပါတယ်။ အစေ့ကို သန့်စင်အောင် နွားနို့နဲ့ ပြုတ်ပြီး အဆိပ်အတော က် (သုဒ္ဓ)မပါအောင် ပြုလုပ်ပါတယ်။ လှော်ပြီး တစ်နေ့ကိုးစေ့စားတယ်လို့ ပြောတာ မှတ်သား ရဖူးပါတယ်။ စမ်းသပ်ကြည့်ပါ။ တဖြည်းဖြည်း တိုးစားပါ။ တန်ဆေး လွန်ဘေးမို့ အများကြီး မစားပါနဲ့။ ကလေးရနိုင်ပါ စေလို့ ဆုတောင်းပါတယ်။

မေး။ သံပရာသီးနဲ့ ရှောက်သီး ဆေးဖက်ဝင် အသုံးမှာ ဘာကွာခြား ပါသလဲဆရာ။

ဖြေ။  ဓာတ်သဘောအရ သံပရာသီး (ပူ-ချဉ်) ရှောက်သီးက (အေး-ချဉ်) လို့ ဓာတ်စာဆရာတွေက ဆိုကြပါတယ်။ သံပရာသီးက အထက်ကို ဆောင်တယ်။ ရှောက်သီးက အောက်ကိုသက်တယ်လို့ ယူဆကြပါတယ်။ ခေါင်းမူး ခေါင်းအုံရင် (အထက်ဖြစ်လို့) သံပရာရည်ကို သကြားနဲ့ဖျော်သောက်၊ ဝမ်း ချုပ်လေချုပ်ရင် (အောက်ဖြစ်လို့) ရှောက်သီးအရည်ကို ဆားလှော်နဲ့ဖျော်သောက်၊ ဥာဏ်နဲ့ယှဉ်ပြီး အသုံးချနိုင်ပါတယ်။ ကြည်လွင်မြင့် (မုဒြာ)

Read 50 times
Rate this item
(0 votes)
Last modified on Monday, 02 October 2017 10:16