ဒုတိယ အကြိမ်မြောက် ကျင်းပမယ့် Women in Business and Leadership Development Conference မှာ အမျိုးသမီးတွေ အတွက် ဘာတွေ လုပ်ပေးသွားဖို့ ရှိပါသလဲ။
အခုဒုတိယအကြိမ်မြောက် ကျင်းပမယ့် ဆွေးနွေးဖလှယ်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပသွားမှာပါ။ ပထမအပိုင်း ကတော့စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ကြတယ်ဆိုတာကို ပြန်လည်မျှဝေပေးမှာပါ။ အဲဒီအပိုင်းမှာဆိုရင် အမျိုး သမီးတွေ စီးပွားရေး လုပ်ငန်းစတင် လုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေ ဘယ်လိုတွေ့ကြုံရတတ် တယ်ဆိုတာနဲ့ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမယ် ဆိုတာကို ပြောပြပေးမှာပါ။ ပြီးတော့အဲဒီမှာ နယ် ပယ်ပေါင်း စုံက အမျိုးသမီးတွေ တက်ရောက်ကြမှာဖြစ်လို့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အလမ်း ကောင်းတွေ အများ ကြီးရရှိမှာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်တဲ့ နေရာမှာ မြန်မာအမျိုးသမီးတွေနဲ့ နိုင်ငံတကာက အမျိုးသမီးတွေ ဘယ်လို ကွာခြားမှု ရှိပါသလဲ။
တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကတော့ အတူတူပါပဲ။ မြန်မာနိုင်ငံမှာက ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်မှာ အားနည်းမှု တွေရှိနေပါတယ်။ အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် ပိုပြီးခံရတာပေါ့။ ပြီးတော့ မြန်မာနိုင်ငံက အမျိုးသမီး အများစုက အိမ်မှုကိစ္စတွေ လုပ်ဆောင်ရတာတွေ၊ အသက်ကြီးလာတဲ့ အဖေအို၊ အမေအိုတွေကို ပြုစုစောင့်ရှောက်ရ တာတွေ အဲဒါတွေတော့ ကွာခြားမှုရှိပါတယ်။ ဒါပေမဲ့ ကျွန်မအတွေ့အကြုံအရ ပြောရရင် မြန်မာအမျိုးသမီး တွေက တခြားနို င်ငံက အမျိုးသမီးတွေထက် စွန့်ဦးတီထွင်မှုပိုင်းမှာ ပိုသာပါတယ်။
မြန်မာ အမျိုးသမီးတွေ အနေနဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ဘာတွေ လုပ်ဆောင်သွားဖို့ လိုအပ်ပါသလဲ။ ကျွန်မကတော့ အခုကျင်းပမယ့် ဆွေးနွေးဖလှယ်ပွဲကို တက်ရောက်ကြပါလို့ အကြံပေးချင်ပါတယ်။ ဆွေးနွေး ဖလှယ်ပွဲတွေက အမျိုးသမီးတွေအတွက် အခွင့်အရေးေ ကာင်းပါပဲ။ ပြီးတော့ ဆွေးနွေးဖလှယ်ပွဲတွေ၊ သင် တန်းတွေကို တက်နိုင်သမျှ တက်သင့်တယ်လို့ မြင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဗဟုသုတရှာဖွေဖို့အ တွက် အခွင့်အလမ်းတွေက တဖြည်းဖြည်းပေါများ လာပါပြီ။ ပြီးတော့ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင် များအသင်း၊ Myanmar Young Entrepreneur Association တို့လို အဖွဲ့တွေထဲမှာလည်း ဝင်ထားသင့် တယ်လို့ မြင်ပါတယ်။ အဲဒီအဖွဲ့တွေမှာက စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို အချင်းချင်းမိတ်ဆက် ပေးပါတယ်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာမှာ အမျိုးသမီး တစ်ယောက်အတွက် လိုအပ်တဲ့ အချက်လေးတွေ ပြောပြပေးပါ လား။
အမျိုးသမီးတစ်ယောက် စီးပွားရေး လုပ်ကိုင်ဖို့ အတွက်ဆိုရင် ပထမဆုံးငွေကြေး စုဆောင်းဖို့ လိုပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်တော့မယ်ဆိုရင် Business Plan ကောင်းကောင်းရှိဖို့ လိုပါတယ်။ ပြီးတော့ အသိအကျွမ်းတွေ များအောင် ကြိုးစားအားထုတ် သင့်ပါတယ်။ ကိုယ့်အတွက် ယုံကြည်ရပြီး အတွေ့အကြုံရှိ တဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း ရှာဖွေထားသင့်ပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ မိသားစုနဲ့ မိတ် ဆွေတွေကလည်း သိပ်ပြီးအရေးပါပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေက လုပ်ငန်းခွင်မှာဆိုရင် အမျိုး သားတွေေ လာက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး။ အတွေ့အကြုံရှိပြီး ကိုယ့်အတွက် ယုံကြည်ရတဲ့ အကြံပေး ပုဂ္ဂိုလ်ရှိတာနဲ့ မိတ်ဆွေအဆက်အသွယ်တွေ အများကြီးရှိတာက အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုပြီးတိုးပွားစေပါတယ်။ အရည်အချင်း ရှိတာချင်းက အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အတူတူပါပဲ။ ဒါပေမဲ့ အမျိုးသားတွေကို ခေါင်းဆောင်ပိုင်း နေရာမှာမြင်ရတာ များပါတယ်။ လူတွေက ရင်းနှီးကျွမ်းဝင် နေတာဆိုတော့ အဆက်အသွယ်ကောင်းတွေ ရှာဖွေထားတာက အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုပြီးတိုး ပွားစေပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်တဲ့ နေရာနဲ့ အဖွဲ့အစည်း အတွင်း ချိတ်ဆက်လုပ်ဆောင်မှုတွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီပေးနိုင်ပါတယ်။
အမျိုးသမီး တစ်ယောက် စီးပွားရေးလုပ်ငန်းမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ဘယ်လို အကြံဥာဏ်တွေ ပေးချင်ပါသလဲ။
အဓိကကတော့ Business Plan ကောင်းကောင်း ဆွဲထားပါလို့ အကြံပေးချင်ပါတယ်။ Business Plan ကောင်းကောင်း ဆွဲထားရင် ကိုယ်ရင်ဆိုင်ရမယ့် အခက်အခဲတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြိုသိနိုင်ပါမယ်။ ဒါဆိုရင် အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင် ဆင်နိုင်မယ်။ ကိုယ်နဲ့လုပ်ငန်းတူ၊ ကိုယ့်ထက်အရင်လုပ်ကိုင်နေတဲ့ လူတွေနဲ့ ကြိုတင်ချိတ်ဆက် ထားနိုင်မယ့် အခွင့်အရေးရနိုင်တယ်။ ပြီး တော့ဘယ်အရာ က ကိုယ့်လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ်။ ဘယ်အရာက အကျိုးမဖြစ်ထွန်းနိုင်ဘူး ဆိုတာကို ဒီပွဲ တက်ရုံနဲ့ ခွဲခြား သိနိုင်တယ်။
ဒီဆွေးနွေးဖလှယ်ပွဲက အမျိုးသမီးတွေကို ဘယ်လိုဗဟုသုတတွေ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဒီဆွေးနွေးပွဲကနေ စီးပွားရေးလုပ်ငန်းမှာ အခက်အခဲတွေ တွေ့ကြုံပြီး အဲဒီအခက်အခဲတွေကို အောင်မြင် ကျော်လွှားခဲ့ကြသူတွေရဲ့ အကြောင်းတွေကို နားထောင်ပြီး အတုယူစေချင်ပါတယ်။ သူတို့တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အောင်မြင်အောင် ကျော်လွှားခဲ့ကြပုံတွေကအစ နယ်ပယ်ပေါင်းစုံမှာ အလုပ်လုပ်ကိုင်နေကြ တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ၊ လုပ်ငန်းစတင်လုပ်ကိုင်ဖို့အတွက် ငွေကြေးဘယ်လို ရှာဖွေစုဆောင်း ရမယ်ဆိုတာတွေ၊ ဒီလိုဒစ်ဂျစ်တယ်ခေတ်မှာ ကိုယ့်ရဲ့ကုန်အမှတ်တံဆိပ်ကို လူသိများအောင် ဘယ်လိုထိုး ဖောက်ရမယ်ဆို တာတွေ၊ Online Business ဘယ်လိုလုပ်ကိုင်ရမလဲ ဆိုတာတွေအစ ဆွေးနွေးပေးမှာပါ။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်မှုရအောင် ဘယ်လိုကြိုးစားအား ထုတ်ရမလဲ ဆိုတာတွေ၊ ခေါင်းဆောင် ပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းနေရာ ရောက်အောင် ဘယ်လိုကြိုးစားရ မလဲဆိုတာတွေ လည်း ပါဝင်ပါတယ်။ ဒါ့အပြင် တခြားလုပ်ငန်း နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ အတွက်လည်း အစီအစဉ်ကောင်းတွေ ထည့်သွင်းထားပါတယ်။ အဲဒီဆွေးနွေးဖလှယ်ပွဲကို တက်ရောက်ခြင်းဖြင့် အမျိုးသမီးတွေအတွက် ဗဟုသုတတွေ အများကြီး ရရှိစေမှာပါ။ ယခုလိုမေးမြန်းပေးလို့ ကျေးဇူးတင်ပါတယ်။ နေနှင်း