SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

အီရန် ရေနံတင်သင်္ဘောတစ်စင်းကို ဗြိတိန်လက်အောက်ခံ ဂျီဘရော်တာ အစိုးရအဖွဲ့က ဖမ်းဆီးထိန်းသိမ်းမှုနှင့် ပတ်သက်၍ ဗြိတိန်နှင့်အီရန်တို့ကြား တင်းမာမှုများ မြင့်တက်နေစဉ် ပါရှန်းပင်လယ်ကွေ့ အတွင်းသို့ တတိယ မြောက်စစ်သင်္ဘောတစ်စင်းကို ပို့ဆောင်ဖြန့်ကြက်မည် ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ယခု ရက်သတ္တပတ် အတွင်း ထုတ်ပြန်ခဲ့သည်။

ဗြိတိန်အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်သည် ဆီးရီးယားသို့ မောင်းနှင်နေသည်ဟု ယူဆရသည့် အီရန်ရေနံတင် သင်္ဘော Grace-1 ကို ဂျီဘရော်တာ အစိုးရက ဖမ်းဆီးခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် အီရန်က ဗြိတိန်ပိုင် ရေနံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု ဗြိတိန်အစိုးရက စွပ်စွဲပြီး နောက်ပိုင်း တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ Grace-1 သင်္ဘောသည် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် ပိတ်ဆို့မှု များကို ချိုးဖောက်ပြီး ရေနံစိမ်း စည်ပေါင်း ၂ ဒသမ ၁ သန်းကို ဆီးရီးယား နိုင်ငံသို့ သယ်ဆောင်လာသည်ဟု ဗြိတိန်က စွပ်စွဲထားသည်။ သို့ရာတွင်ဗြိတိန်၏ အဆိုပါစွပ်စွဲချက်ကို အီရန်က အပြင်းအထန် ငြင်းဆိုထားသည်။ ဗြိတိန်နိုင်ငံသည် ယခုအခါ ၎င်းတို့၏ တတိယမြောက် စစ်ရေယာဉ်တစ်စင်းဖြစ်သည့် HMS Kent ကို ပါရှန်း ပင်လယ် ကွေ့သို့ ထပ်မံပို့ဆောင်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စစ်ရေယာဉ်ကို ဖြန့်ကြက်ရန် စီစဉ်ခြင်းသည် လက်ရှိ ဖြစ်ပွားနေသည့် တင်းမာမှုနှင့် သက်ဆိုင်မှုမရှိဟု ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

HMS Kent စစ်ရေယာဉ်သည် ဖရီးဂိတ်အမျိုးအစား သင်္ဘောတစ်စင်းဖြစ်ပြီး ယင်းသင်္ဘောသည် လက်ရှိဖြန့် ကြက် ထားသည့် HMS Duncan နေရာ၌ အစားထိုး တာဝန် ထမ်းဆောင်မည်ဖြစ်သည်။

စင်စစ်တွင် Grace-1 သင်္ဘောသည် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိမည်သူမျှ အတိအကျ မသိရသော်လည်း ဗြိတိန်အစိုးရသည် အဆိုပါရေနံတင် သင်္ဘောကို အမေရိကန် အစိုးရ၏ တောင်းဆိုချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဂျီဘရော်တာ အစိုးရသည် တော်ဝင်ကမ်းတက် တပ်ဖွဲ့၏ အကူအညီဖြင့် ယင်းသင်္ဘောကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရေနံတင်သင်္ဘောပေါ်၌ လိုက်ပါလာသည့် အရာရှိများမှ အပရေယာဉ် အမှုထမ်းအားလုံးကို ပြန်လည်လွှတ်ပေး လိုက်ပြီဖြစ်သော်လည်း သင်္ဘောကိုမူ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်သည်။ ဗြိတိန်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်အပေါ် အီရန်က ပြစ်တင် ဝေဖန်ခဲ့ပြီး ဗြိတိန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ခြေရာအတိုင်း လုပ်ဆောင်လျက် ရှိသည်ဟု စွပ်စွဲ ပြောဆို ခဲ့သည်။

အီရန်ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ခြင်းနှင့် စပ်လျဉ်း၍ အီရန်နျူကလီးယား သဘောတူညီချက်တွင် ပါဝင် လက်မှတ် ရေးထိုးထားသည့် ဥရောပ အင်အားကြီး  နိုင်ငံတချို့က ဗြိတိန်ကို ၎င်းတို့ ထိန်းသိမ်းထားသည့် ရေနံတင် သင်္ဘောအား ပြန်လွှတ်ပေးရန် ဖိအားပေးလျက် ရှိသည်။ အကြောင်းမှာ အီရန်နျူကလီးယား သဘော တူညီချက်တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် ဥရောပနိုင်ငံများက အဆိုပါ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်း ထားရန် ဆန္ဒရှိနေပြီး အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်က ဖမ်းဆီးလိုက်ခြင်းသည် အီရန် နှင့် အမေရိကန်ပြည်ထောင်စုတို့ကြား တင်းမာနေစဉ် အီရန်နှင့် ဥရောပ နိုင်ငံများကြား ဆက်ဆံရေး ထိခိုက် စေမည်ကို ယင်းနိုင်ငံကြီးတို့က စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ပြင် အီရန်အား လက်မှတ် ရေးထိုးထားသည့် နျူကလီးယား သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန် ဥရောပ နိုင်ငံများက အလိုရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် အမေရိကန်အစိုးရက အီရန် အပေါ် တိုးမြှင့်ဖိအားပေးခြင်းနှင့် ပိတ်ဆို့မှုချမှတ်နေခြင်းသည် ဥရောပရှိ အင်အားကြီးများကို ဘေးကျပ်နံကျပ် အဖြစ်သို့ ရောက်ရှိစေသည်ဟု ဆိုနိုင်သည်။ အမေရိကန်အစိုးရသည် ၂ဝ၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား သဘောတူညီချက်မှ အပြီးအပိုင် နုတ်ထွက်လိုက်ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည် ချမှတ် ခဲ့သည်။ ဥရောပနိုင်ငံကြီးများ ဘက်မှ ကြည့်မည် ဆိုပါက အီရန်အပေါ် အမေရိကန် အစိုးရက ပိတ်ဆို့ မှုများ ချမှတ်နေခြင်းသည် သဘောတူညီချက်မှ အီရန်ကို နုတ်ထွက်စေရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု ရှုမြင် နိုင်သည်။ ထိုသို့သော အခြေအနေမျိုးကို ဥရောပနိုင်ငံများက မလိုလားပေ။ ခက်နေသည်မှာ အီရန်နိုင်ငံသည် ခြိမ်းခြောက်မှုအဖြစ် တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်အစိုးရ၊ အထူးသဖြင့် သမ္မတ ဒေါ်နယ် ထရမ့်နှင့် အစိုးရအဖွဲ့တွင်းရှိ အီရန်ဆန့်ကျင်ရေး သမားများက ရှုမြင်နေပြီး အီရန်အစိုးရသည် အရှေ့အလယ် ပိုင်း၌ တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆို နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အီရန်နိုင်ငံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုကို တားဆီးရန်နှင့် အမေရိကန်ပြည်ထောင်စု၏ အကျိုး စီးပွားကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်အစိုးရက ၎င်းတို့၏ တပ်ဖွဲ့ဝင်နှင့် စစ် လက်နက် ပစ္စည်းတို့ကို အရှေ့အလယ်ပိုင်း ဒေသသို့ ဖြန့်ကြက်ခဲ့သည်။ အမေရိကန်၏ ယင်းလုပ်ဆောင်ချက် သည် အီရန်ကို အမျက်ထွက်စေပြီး အီရန်အနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ စစ်မက်ဖြစ်ပွားခြင်းကို မလိုလား သော် လည်း နိုင်ငံကို ခုခံကာကွယ်ရန် အသင့်ရှိသည်ဟု တုံ့ပြန်ပြောသည်။

အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်အစိုးရက ထပ်မံအင်အား ပြသသည့် အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၅ဝဝ ခန့်ကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်လျက် ရှိကြောင်း အမေရိ ကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက ဇူလိုင် ၁၈ ရက်တွင်ပြောသည်။ ထပ်မံပို့ဆောင်မည့် အမေရိကန် တပ်ဖွဲ့ဝင် များသည် အမေရိကန်နှင့် အီရန်တို့ကြား တင်းမာနေစဉ် အရှေ့အလယ်ပိုင်း ဒေသသို့ အမေရိကန် အစိုးရ ပို့ဆောင်ခဲ့သည့် စစ်သည်ဖြန့်ကြက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ အမေရိကန်အစိုးရသည် ထပ်မြံ ဖန့်ကြက်မည့် စစ်သည်များကို ဇူလိုင် ၁၈ ရက် ညပိုင်းတွင် စတင် ပို့ဆောင်မည်ဟု CNN သတင်းဌာနက ဖော်ပြ ခဲ့ပြီး ယင်းဖော်ပြချက်ကို အမည်မဖော်လိုသူ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက အတည်ပြု ထားသည်။

ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပြည်ထောင်စု၏ အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်၊ အမေရိကန်၏ စစ်လက်နက်ပစ္စည်းတို့ကို အဓိကဝယ်ယူနေသည့် နိုင်ငံလည်း ဖြစ်သည်။ အမေရိကန် သမ္မတေ ဒ်ါနယ်ထရမ့်သည် အထူးသဖြင့် အီရန်၏ခြိမ်းခြောက်မှုကို ကာကွယ်ရန် အရှေ့အလယ် ပိုင်း ဒေသသို့ စစ်သည် ၂ဝဝဝ ခန့် ဖြန့်ကြက်ထားပြီး ယင်းတပ်ဖွဲ့ဝင်များ၏ အဓိကတာဝန်မှာ အီရန်၏ လုပ်ဆောင်မှု တို့ကို စောင့်ကြည့်ရန်နှင့် ဒေသတွင်းရှိ အမေရိကန်တပ်များကို အကာအကွယ် ပေးရန်ဖြစ်သည်။

ထို့ပြင် အမေရိကန် အစိုးရသည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ အပြင် စစ်လေယာဉ် တို့ကိုလည်း ဖြန့်ကြက် ထားပြီး ထပ်မံ၍ စစ်သည် ၆ဝဝဝ ခန့်ကို ဒေသတွင်းသို့ ပို့ဆောင်ရန် ပင်တဂွန်စစ်ဌာနချုပ်က စီစဉ်လျက် ရှိသည်။ ပိတ်ဆို့မှုများ တိုးမြှင့် ချမှတ်ခြင်း၊ စစ်သည်များ ဒေသတွင်း၌ ဖြန့်ကြက်ထားခြင်း တို့ကြောင့် အမေ ရိကန် နှင့် အီရန်ကြား တင်းမာနေစဉ် အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံကြီးဖြစ်သည့် ဗြိတိန်က ၎င်းတို့၏ စစ်ရေယာဉ် တစ်စင်းကို ပါရှန်းပင်လယ်ကွေ့သို့ ထပ်မံပို့ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ဒေသတွင်း တင်း မာမှုများကို ပိုမိုမြင့်တက် လာစေဖွယ်ရှိကြောင်း ရေးသား လိုက်ရပါသည်။ ။

Ref: Sputnik,New York Times

Page 2 of 1656