SJ WorldNews - шаблон joomla Авто
ကေတု

ကေတု


ရန်ကုန်    စက်တင်ဘာ    ၂၁

၂ဝ၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့)ကို ယနေ့ညနေပိုင်းတွင် သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့၌ ကျင်းပရာ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

ကလေး    စက်တင်ဘာ    ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က တံတားများ ပျက်စီးကြောင်း သိရသည်။

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊    မိုင်းရှူးဒေသမှ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စုရှိ  ရေဖြူကျေးရွာသို့ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ရွှေ့ပြောင်းရောက်ရှိနေသည့် ပလောင်တိုင်းရင်းသားများအတွက်   အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့များနှင့် ရပ်စောက်မြို့နယ်ရှိ အလှူရှင်များက ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ခန်းမ၌ ပြုလုပ်သည်။

ရန်ကုန် စက်တင်ဘာ ၂ဝ

သီလဝါအထူး စီးပွားရေးဇုန်အပိုင်း(ခ) ဖော်ဆောင်ရာ၌ ပါဝင်သည့် မြေဧကများအတွက် လျော်ကြေးငွေ  ညှိနှိုင်းရာတွင် အဆင်မပြေမှုများ ရှိနေပြီး ညှိနှိုင်းမရပါက ချန်လှပ်ထားရန်အထိ   နောက်ဆုံးအဆင့် စဉ်းစားထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း လမ်းမကြီးတစ်လျှောက် လူသွားစင်္ကြံပေါ်၌ ရောင်းချနေသော ဈေးသည်များကို မကြာမီဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်‌‌ရေးမှူးရုံးမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၂ဝ

ဗီယက်နမ်နိုင်ငံ အခြေစိုက် Minh  Vi Exhibition and Advertisement  Services Co., Ltd. ( VEAS ) မှကြီးမှူး၍   စတုတ္ထ အကြိမ်မြောက် နိုင်ငံတကာဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးမွေးမြူရေးနှင့်  ရေလုပ်ငန်းဆိုင်ရာ ပြပွဲကို  ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Page 1647 of 1745