SJ WorldNews - шаблон joomla Авто
တောင်ငူ

တောင်ငူ

နေပြည်တော် နိုဝင်ဘာ ၂၃

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပုဗ္ဗသီရိမြို့နယ်အတွင်း၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက် စစ်ဆေးခြင်း အခမ်းအနားကျင်းပသည်။

အခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌနေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး နည်းပညာဆိုင်ရာအမှတ်ပေးရေးအဖွဲ့ခေါင်းဆောင်ပုဗ္ဗသီရိမြို့နယ် စည်ပင်သာ ယာရေးကော်မတီ တာဝန်ခံ အင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဟန်ထွေးက နည်းပညာဆိုင်ရာ အဆိုပြုလွှာများ၏ အမှတ် ပေးနည်းစနစ်များကို ရှင်း လင်းပြောကြား သည်။

ဆက်လက်၍ တာဝန်ရှိသူများက နည်းပညာဆိုင်ရာနှင့် ငွေကြေးဆိုင်ရာအဆိုပြုလွှာများကို ဖွင့်ဖောက် စစ်ဆေးကြပြီး တင်ဒါအောင်မြင်ခဲ့သည့် ပုလဲမြင့်မြတ် ကုမ္ပဏီနှင့်လုပ်ငန်း အပ်နှံမှု စာချုပ် ချုပ်ဆိုကြ သည်။အခမ်းအနားသို့ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်း၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုလဲမြင့်မြတ်နှင့် သား ဦး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်

Page 200 of 332