SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရန်ကုန် သြဂုတ် ၂

မကွေးတိုင်းဒေသကြီးအတွင်း တိုင်ဝမ်နည်းပညာအသုံးပြု၍ ပေါင်တင်စိုက်ပျိုးစနစ်ဖြင့် မြေပဲစိုက် ဧက ၃၃ ဧကကို တောင်သူများနှင့်အကျိုးတူပူးပေါင်းကာ စံပြစိုက်ခင်းအဖြစ် စက်တင် ဘာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရ သည်။အဆိုပါစိုက်ခင်းအတွက် တိုင်ဝမ်မှ စိုက် ပျိုးရေးပညာရှင်များကိုဖိတ်ခေါ်၍  စိုက်ပျိုး ထုတ်လုပ် သွား မည်ဖြစ်ကာ စံပြစိုက်ခင်းဖြစ်သဖြင့်    အကျိုးအမြတ်နည်းပါးမည်ဖြစ်သည်။

''ဧက ၂ဝဝ ကျော်ကို သမားရိုးကျနည်းနဲ့စိုက်ဖို့ ပထမပြင်ထားတာ။ ဒါပေမဲ့ အဲ့ထဲကဧက ၃ဝ ကို တိုင်ဝမ်ကနည်းပညာ၊ စက်ကိရိယာတွေနဲ့  ပေါင်တင်တဲ့နည်းပညာနဲ့စိုက်ပျိုးဖို့ ပြောင်း လိုက်တယ်။ ဒါကို စက်တင်ဘာ ၁၅ရက်မကျော်တဲ့အချိန်မှာ စိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။ ဒါက စံပြ ပါ။ နေရာကတော့ မကွေးတိုင်းဒေ သကြီးမှာ စီစဉ်ထားပါတယ်''ဟု မြန်မာနိုင်ငံ ဆီစက်ပိုင် ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးကပြောသည်။

ယင်းနည်းစနစ်ဖြင့်စိုက်ပျိုးရာတွင် မြေပဲစိုက် တစ်ဧကလျှင် တင်း ၁ဝဝ  ဝန်းကျင် ထွက်ရှိနိုင်ပြီး ပညာရှင်နှင့် စက်ကိရိယာများအတွက်ကုန်ကျမည့်ကုန်ကျစရိတ်များကို ဆီစက်လုပ် ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ  စံပြစိုက်ခင်း အောင်မြင်ဖြစ် ထွန်းပါက   ၂ဝ၁၈ ခုနှစ် တွင်တိုး ချဲ့စိုက် ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်   သြဂုတ်   ၂

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့နံ နက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမဆောင်၌ ကျင်း ပ သည်။

အစည်းအဝေးတွင် နန်းယွန်းမဲဆန္ဒနယ်မှဦးဝမ်းလှ၏ ပန်ဆောင်မြို့ပေါ်မှ နယ်စပ် အထိ (၁/၃)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း အား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်း ပြီးစီးအောင် ဆောင် ရွက် နိုင်ခြင်းမရှိသော Dragon  Power  Light ကုမ္ပဏီအား အရေးယူပေးရန် အစီ အ စဉ်ရှိ၊ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်း ထွဋ် က နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ပေါ်မှ နှစ်နိုင်ငံနယ်စပ်အထိ ၂ မိုင် ၃ ဖာလုံ ကတ္တ ရာ ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများ၏ မြေပြင်ကွင်းဆင်းစိစစ်ချက်အရ ကျောက်လမ်း ခင်းပြီး  ၁ မိုင်၃ ဖာလုံတွင် ကတ္တရာ ၁ ဖာလုံဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ဆောင် ရွက် ရန်ကျန် ကျောက်လမ်း ၁ မိုင်နှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး   နှောင့်နှေးကြန့်ကြာနေရခြင်းသည် ကုမ္ပဏီအနေဖြင့် တစ်ဖက်နိုင်ငံမှ ကတ္တရာဝယ်ယူရန် အခက် အခဲရှိခြင်း၊ မြစ်ကြီးနားမှ ဝယ်ယူရာတွင်လည်း တနိုင်း-ရှင်ဗွေယန်-နန်းယွန်းလမ်းတွင် နယ်မြေလုံခြုံ ရေးအခြေ အနေအရ   သယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် ကြန့်ကြာ နေရခြင်းဖြစ်ကြောင်း။သို့ဖြစ်ပါ၍ လုပ်ငန်းများအချိန်မီပြီးစီးရေး စနစ်တကျကြပ် မတ်တွန်း အား ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အကယ်၍ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိပါက အဆိုပါ ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံစာချုပ်  ပျက်ပြယ်စေခြင်း၊ Black  List စာရင်းသတ်မှတ်ခြင်း၊ နောင် ဆောင် ရွက် မည့်တင်ဒါစနစ်ဖြင့်   လုပ်ငန်း အပ်နှံဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်း ဖြေ ကြား သည်။

ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့သော ''တူးမြောင်း ဥပ ဒေကြမ်း''နှင့် စပ်လျဉ်း၍အမျိုးသား လွှတ်တော်၏ပြင်ဆင်ချက်များကို လွှတ်တော်သို့တင်ပြခြင်း၊ လွှတ်တော် ကအဆုံးအဖြတ်ရယူခြင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ် တော်နှစ်ရပ် သဘော ကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးဝင်းမြင့်က ကြေညာသည်။

ထို့ပြင်ကျောက်ကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းတင်သွင်းသည့် ''ရာသီတုပ် ကွေးရော Seasonal Influenza A (H1N1) pdm 2009 နှင့် ပတ်သက်၍ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရန် နှင့်   အသေအပျောက်နည်းပါးရေးအတွက် လူနေထူထပ်သော ကျောင်း၊ ဈေး၊စက်ရုံ၊ အလုပ် ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးရေးလုပ်ငန်းများကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆို''ကို လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစန်းသီတာခင်က ဆွေးနွေး ရာ တွင် ယနေ့မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင်ဖြစ်ပွားနေသောရာသီ တုပ် ကွေး ရောဂါ SeasonalInfluenza  A(H1N1) pdm 2009-Positive နှင့် ပြင်းထန်အသက်ရှူ လမ်း ကြောင်း ပိုးဝင်ရောဂါ  evere AcuteRespiratory Illness များကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ပညာရှင်များက  စိုးရိမ်ဖွယ်ရာမရှိသေးဟုဆိုသော်လည်း   ပြည်သူတစ်ဦးအနေဖြင့် စိုးရိမ် မကင်းဖြစ်နေရကြောင်း၊အိန္ဒိယနိုင်ငံ၌  Influenza A (H1N1) 2009 ဖြစ်ပွားမှုမှာ ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်အထိ ၆ဝဝ ဦးသေဆုံးခဲ့ပြီး မြန်မာနိုင်ငံတွင် လတ်တ လောပြင်း ထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါလူနာ ၂၄၅ SeasonalInfluenza  A(H1N1) pdm 2009-Positive လူနာ ၇၆ ဦးရှိခဲ့ပြီး ၁၂ ဦးသေဆုံးခဲ့ကြောင်း။

ထို့ကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကာ အကွယ်သုံးပစ္စည်းများ၊ ဆေးဝါးများ၊ အကူအညီများအမြန်ဆုံးရရှိရေး၊ လို အပ်ပါ ကသီး သန့်ရန်ပုံငွေမှ  ထုတ်ယူသုံးစွဲခွင့်ရရှိရေးအပါအဝင် အခြားလိုအပ်သော လုပ်ငန်း များ ဆောင် ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့များ၊   အာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့်နိုင်ငံပိုင်/ပုဂ္ဂလိကပိုင်မီဒီယာများ၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပညာ ရေး ဝန်ကြီးဌာန၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပြည် သူ အခြေပြုအဖွဲ့အစည်းများကပါ ပြည်သူနှင့်အတူပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း    အကြံပြုထောက်ခံဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုင်းအိုက်လှက တပ်မတော် အနေဖြင့်  H1N1 ရောဂါနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင်  ကျန်းမာရေး အသိ ပညာပေးဟောပြောပွဲများကျင်းပခြင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက် ဆေးရုံကြီးများတွင် ကူးစက် ရော ဂါကုသရေး သီးသန့် လူနာဆောင်များပြင် ဆင်ထားခြင်း၊ ရောဂါဖြစ်ပွား မှုနှင့်ပတ် သက် ၍  အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုခြင်း စသည့်လုပ်ငန်းများ အသေးစိတ် စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကိုလည်းတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင်  စဉ်ဆက် မပြတ် ဆောင်ရွက် လျက်ရှိကြောင်း၊ ရောဂါကာကွယ်ရေး၊  ကုသရေး၊  ထိန်းချုပ်ရေးလုပ်ငန်းများကို  မြို့နယ်/ ခရိုင်/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  H1N1 ရောဂါအခြေအနေကိုလူတိုင်းနားလည်သိရှိကာ ကိုယ်စီ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်ပြီး အခြေအနေ ဆိုးသော ရောဂါဆိုးကြီးဖြစ်မလာအောင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ကျန်းမာရေး နှင့်အား ကစားဝန်ကြီးဌာနတို့၏အစီအစဉ်ဖြင့်  ပြည်သူတစ်ရပ်လုံး ဂရုပြုဆောင်ရွက်သင့်ကြောင်း  အရေးကြီး အဆိုအား ထောက်ခံဆွေးနွေးသည်။

အရေးကြီးအဆိုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေးက Seasonal Influenza A(H1N1) pdm 2009-Positive လူနာ များ အနက် ယနေ့နံနက်ပိုင်းတွင် တစ်ဦး ထပ်မံသေဆုံးခဲ့ သဖြင့် သေဆုံးသူ ၁၃ ဦးရှိနေ ပြီဖြစ် ကြောင်း၊ မိမိတို့ ဝန်ထမ်းများ အနေဖြင့် လည်း နေ့မအားညမနား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့ အစည်းများကလည်း လိုအပ်သော ဆေးဝါးများကူညီပံ့ပိုး ပေးလျက်ရှိကြောင်းရှင်းလင်းဖြေကြားပြီး  အရေးကြီး အ ဆိုအားလွှတ်တော်က မှတ်တမ်းတင် ထားရန် ဆုံးဖြတ်သည်။

အောင်လှိုင်ဝင်း

နေပြည်တော်   သြဂုတ်   ၂

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့နံ နက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ   ဦးမြမင်းဆွေ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ  အရအသုံးဆိုင်ရာ  ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ် သိန်းပေါင်း ၃၅ဝဝ ဖြင့် တည်ဆောက်ခဲ့သော ပခုက္ကူမြို့နယ် ကျွန်းညိုကြီး-ကျပ် တန်း ကုန်း ကျေးရွာ ကမ်းပြိုကာကွယ်ရေး တည်ဆောက်ခြင်းလုပ်ငန်းသည် လုပ်ငန်းအပ်ပြီး  ရက်ပိုင်း အတွင်း  ကမ်းပြိုပျက်စီးခဲ့ရခြင်းအကြောင်းရင်းကို  သိရှိလို ကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပခု က္ကူမြို့နယ် ကျွန်းညိုကြီး ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် စီမံချက်ရေး ဆွဲရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ထုတ်ပြန် ထားသော  အခြေခံစံနှုန်း တွက်ချက် မှုများဖြင့်တွက်ချက်ပြီး လုပ်ငန်းသုံးပစ္စည်းများကို  မကွေး တိုင်း ဒေသကြီး အစိုးရအဖွဲ့မှသတ်မှတ်ထားသော    ဒေသပေါက်ဈေးနှုန်းများအတိုင်း အိတ် ဖွင့် တင်ဒါဖြင့် ဝယ်ယူခဲ့ပြီး လုပ်ငန်း စီမံချက်များအား ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီမှ စိစစ်ခွင့်ပြုချက်ဖြင့်  ဆောင်ရွက် ခဲ့ကြောင်း။

လက်ရှိကမ်းပြိုမှုအခြေအနေမှာ အများဆုံး ၂၅ ပေခန့်   ကမ်းပါးနောက်သို့ပြိုကျခဲ့ပြီး ကျေးရွာ လူနေ အိမ်များနှင့် ပေ ၁ဝဝ ခန့် ကွာဝေးကြောင်း၊ ဧရာဝတီမြစ်ရေမြင့်တက်လာသည့်အတွက်   ရေစားကမ်းပြိုမှုအား အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဖြစ်သော Floating  Structure ၁၁၅ ခု ချထားပေးခြင်း၊ အလေးဝန်ဆွဲသစ်ကိုင်းများ ကမ်းပါးတစ် လျှောက် ချထား ပေးခြင်း၊ Cable Groyne စုစုပေါင်း ၁၈ ခုနှင့် ကမ်းပါးတစ်လျှောက် Slope ဖြေ၍ ဏသူပ်နူအ များ ခင်းပြီး မျောတိုင်များရိုက်ကာ သဲအိတ်များဖြင့်ဖိပေးခြင်း   စသည့်လုပ်ငန်းများအား ဆောင် ရွက် ထားကြောင်း၊ ထိုသို့ အရေးပေါ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်း များဆောင် ရွက်ထားသည့်အတွက် မြစ်ရေကျချိန် ကွင်းဆင်းတွေ့ရှိချက်အရ ရေတိုက်စားကမ်းပြိုမှု ဆက် လက်ဖြစ် ပွားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ဖြေကြားသည်။

ထို့နောက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုး သားလွှတ် တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးလားလ်မင်းထန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး အမျိုး သားလွှတ် တော်ဥက္ကဋ္ဌက  ဆက်သွယ်ရေး ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ် ချင်းစီ အလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြုသည်။ဆက်လက်၍ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား အမျိုးသား လွှတ် တော်မှ အတည်ပြုပေးပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆို တင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်က ထောက်ခံဆွေးနွေးပြီး အဆိုပါ ဥပဒေကြမ်း အား အမျိုးသားလွှတ်တော်က အတည်ပြု ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ကိုပြင်ဆင် သည့်ဥ ပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးကြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကိုကိုနိုင်က မြန်မာနိုင်ငံ၏ မူးယစ် ဆေးဝါး ကင်းစင် ပပျောက်ရေး အနှစ် ၂ဝ စီမံချက်သည် ၁၉၉၉ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ဖြစ်၍ ယနေ့ တိုင် အကျုံးဝင်နေသည့် စီမံချက်တစ်ရပ်ဖြစ်ပြီး လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲထားကြောင်း၊ အဆိုပါစီမံချက်အား အကောင် အထည်ဖော် ရာတွင် အဓိကအခက် အခဲနှစ်ခုမှာ နိုင်ငံတော်မှ ဘဏ္ဍာငွေ ပိုမိုဖြည့်တင်းပေးရန်လိုအပ်ခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နိုင် ငံတကာ အကူအညီ အထောက် အပံ့များ ရရှိမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါး များ ဆိုင် ရာ ဥပဒေကို  ပြင် ဆင်ဆောင် ရွက်ခြင်းသည်

လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ကွဲလွဲမှုများရှိနိုင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာန အလိုက် အခြေခံလိုအပ်ချက်များဖြစ်သည့် အဆောက်အဦ၊ အထောက်အကူပြုပစ္စည်း ကိရိ ယာများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဘဏ္ဍာငွေလိုအပ်ချက်များ အဆင်သင့်မဖြစ်သေး သည့် အတွက်   ဤဥပဒေအ တည်ဖြစ် သွားပါက သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လိုက်ပါ ဆောင်ရွက်ရန် အခက်အခဲများစွာရှိလာနိုင်ပြီး  အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင် သဖြင့် အခြေခံ လိုအပ်ချက်များကို စီမံချက်ချမှတ်  အကောင်အထည်ဖော်ပြီး အသင့်ဖြစ်ချိန် မှသာ ပြင်ဆင်ရန်နှင့် လတ်တလောပြင်ဆင်ပြဋ္ဌာန်းရန် မသင့်ကြောင်း စသည်ဖြင့်ဆွေးနွေး သည်။ အဆိုပါ မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာဆောင်ရွက် ရန် အမျိုး သား လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည် ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို  ကော်မတီ ဥက္ကဋ္ဌ  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ ကျန်းမာရေး၊  အား ကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော် မတီ၏  လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော် မတီဝင်  ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ မန်းထွန်းကြိုင်နှင့် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏  လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဦးဝေစိန်အောင်တို့က လွှတ်တော်သို့ ဖတ်ကြား တင်ပြပြီး  ဆွေးနွေးလိုသည့်    လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက   အမည် စာရင်းတင် သွင်းနိုင်ကြောင်း  လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

သူရဇော်၊ မီမီဖြိုး(သတင်းစဉ်)

အိပ်ချိန်နည်းပါးသူများသည်ခန္ဓာကိုယ် အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းအပြင် ကိုယ် တွင်းကျန်း မာရေးဇီဝဖြစ်စဉ်အခြေအနေများဆိုးရွားလာသည်ကို  ဗြိတိန်သု တေသန ပညာရှင်များက နောက်ဆုံး လုပ်ဆောင်ထားသည့် သုတေသနပြုမှုတွင် ဖော်ပြထားသည်။ အဆိုပါသုတေသနကို လိဒ် နလုံးရောဂါ နှင့်ကိုယ်တွင်း ဇီဝဖြစ် စဉ်ဆေး ပညာတက္ကသိုလ် နှင့် အစားအစာသိပ္ပံနှင့် အာဟာရကျောင်းကဦးဆောင်ပြု လုပ်ခြင်းဖြစ်ပြီး ယင်း သုတေ သနတွင် အသက် ၁၉ နှစ်မှ ၆၅ နှစ်အကြားရှိဗြိတိန်နိုင်ငံသား ၁၆၁၅ ဦးပါဝင်သည်။

သုတေသနအဖွဲ့သည် ၎င်းတို့ထံမှသွေး နမူနာများကိုရယူထားပြီး အိပ်စက်သည့်ကြာ ချိန်၊ အစား အစာစား သောက်မှု၊ ခါးအတိုင်း အတာ၊ သွေးပေါင်ချိန်စသည်တို့အပြင် အလုံး စုံသော ခန္ဓာကိုယ်တွင်းကျန်းမာရေးနှင့်ဆက်စပ်သည့် အချက်အလက်များအားလုံးကို မှတ်တမ်းရယူ ထားသည်။

အဆိုပါ သုတေသနပြုချက်များအရ တစ်ညလျှင် ခြောက်နာရီကြာအိပ်စက်သူ၏ ခါး အတိုင်း အတာသည် တစ်ညလျှင်ကိုးနာရီ ကြာအိပ်စက်သူ၏ ခါးအတိုင်းအတာထက် ၃ စင်တီမီ တာပို လာသည်ကိုတွေ့ရသည်။

ထို့ကြောင့်အိပ်စက်ချိန်နည်းပါးသူသည် ခန္ဓာကိုယ် အလေးချိန် ပိုမိုမြင့်တက်လာသည် ဟု အကြမ်းဖျင်းအားဖြင့် ကောက်ချက်ချနိုင်ကြောင်း သိပ္ပံပညာပြည်သူ့ စာကြည့်တိုက် အမည် ရှိဂျာ နယ်တွင်ဖော်ပြထားသည်။

ထို့ပြင် အိပ်ချိန်နည်းပါးခြင်းသည် ဆီးချို နှင့်အခြားသောခန္ဓာကိုယ်တွင်းကျန်းမာရေး ချို့တဲ့မှု များကို  ပိုမိုဖြစ်ပွားစေနိုင်ကြောင်းသုတေသနပညာရှင်များကယုံကြည်ထားသည်။

လက်ရှိကမ္ဘာပေါ်တွင် အဝလွန်သူဦးရေသည် ၁၉၈ဝ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက နှစ် ဆပိုမို များပြားလာကြောင်း၊ ထိုသို့အဝလွန် ခြင်းသည် အခြားသောရောဂါများကိုပိုမိုဖြစ် ပွားစေ ရန်တွန်း အားပေးကြောင်း၊အထူးသဖြင့် အုပ်စု(၂)ဆီးချိုရောဂါကို ပိုမိုဖြစ်စေနိုင် ကြောင်း၊ ထို့ကြောင့် လူများမည်သည့်အတွက် ကြောင့် အဝလွန်လာသည်ကိုသိရှိခြင်းသည် ပြည်သူ့ ကျန်းမာရေး အတွက် အရေးပါသော အဖြေတစ်ရပ်ဖြစ်ကြောင်း သုတေသနပညာ ရှင် ဂရက် ပေါ့ တာကဆိုသည်။

ဆက်လက်ပြီး အိပ်ချိန်နည်းပါးခြင်းသည် သွေးအတွင်းရှိ သိပ်သည်းဆမြင့်မားသော လီပိုပရို တိန်း (HDL) ကို လက်စထရော ပမာဏကိုလျော့ကျစေကြောင်းတွေ့ရှိထားပြီး၎င်းသည်လည်း  အခြား သောကျန်းမာရေးပြဿနာများကိုဖြစ်ပေါ်စေနိုင်သည်။အဆိုပါကိုလက်စထရောများသည် သွေးလည်ပတ်မှုအတွင်းရှိ အန္တရာယ်များသော အဆီကို ဖယ်ရှား ရာတွင်ကူညီပေးနိုင်သည်။

ယင်းကိုလက်စထရောပမာဏအများအပြား ရှိနေခြင်းက နှလုံးရောဂါကဲ့သို့ဖြစ်ပေါ်လာ နိုင် သည့်ကျန်းမာရေးပြဿနာများကို တား ဆီးကာကွယ်ပေးနိုင်သည်။

ထို့ကြောင့် အိပ်စက်ချိန်အပြည့် အဝရရှိ ရေးသည် ကိုယ်တွင်း ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း ယခု သုတေသနပြု လေ့လာမှုက ညွှန်ပြနေသည်။ သို့သော် လူတစ်ဦး အနည်းဆုံး ရှိရမည့် အိပ်စက်ချိန် အတိအကျကို မူ မသတ်မှတ်နိုင်သေးဘဲ နောက်ဆုံး ရရှိထားသည့် သဘောတူညီချက်များအရ အရွယ် ရောက်ပြီးသူများ အားလုံးအတွက် အိပ်ချိန် ခုနစ် နာရီမှ ကိုးနာရီ လိုအပ်ကြောင်း အတည် ပြုထားသည်။

 ခေတ်သစ်သိပ္ပံ သုသေသန ထက်မြတ် စုစည်းသည်

နည်းပညာမြှင့်တင်မှုများကို တစိုက်မတ် မတ်လုပ်ဆောင်လာသည့် တရုတ်နိုင်ငံသည် ယခုအခါ မောင်းသူမဲ့ ဓာတ်ရထားကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ အဆိုပါဓာတ်ရထားကို ရှန် တုံပြည် နယ် ကျင်းတောင်မြို့၌ပြသခြင်းဖြစ်သည်။ ၎င်းဓာတ်ရထား၏ အရှည်သည်  ၃၅ဒသမ ၁၉ မီတာရှိပြီး ၂ ဒသမ ၆၅ မီတာ ကျယ်ကာ ခရီး သည် ၃၈ဝ အထိတင်ဆောင်မောင်းနှင်နိုင်သည်။ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ကီလိုမီ တာ ၇ဝ အထိမောင်းနှင်ရောက်ရှိနိုင်သည်။ အဆိုပါ ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ဓာတ် ရထားတွင် အလိုအလျောက်မီးရထားထိန်း ချုပ်ရေးစနစ်(ATC) တပ်ဆင်ထားသည်။ ၎င်းစနစ်သည် ယင်းဓာတ်ရထားအတွက် အဓိကကျ သည့်  ဦးနှောက် တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။ ယင်းဦးနှောက်သည် ဓာတ်ရထားစတင် ထွက်ခွာခြင်း၊ မောင်းနှင်ခြင်းနှင့်ရပ်တန့်ခြင်း တို့ကို အလိုအလျောက်လုပ်ဆောင်နိုင်စေ သော်လည်း မီးရထားမောင်းနှင်သူများက အဆိုပါစနစ်ကို အထောက် အပံ့များပေးရန် အတွက် အသင့်ရှိနေရမည်ဖြစ်ကြောင်းတရုတ်နိုင်ငံသားပိုင်  မီးရ ထား တွဲများတည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် စီအာအာစီကျင်းတောင် ဆီဖန်းကုမ္ပဏီမှ အင်ဂျင်နီ ယာ လီ ယန် ယီက ပြောသည်။ ဓာတ်ရ ထားများတွင် အလို အလျောက် မောင်းနှင်သည့် စနစ်ကို အသုံးပြုပေးထားခြင်းသည် စွမ်းဆောင်ရည်နှင့် လုံခြုံမှုကို ပိုမိုတိုး တက်စေရန် အတွက် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

ဘားအံ  သြဂုတ် 

ကရင်ပြည်နယ် အတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် အာဆီယံ သွေးလွန် တုပ်ကွေး အကြောင်း ပြည် သူများအကြား ကျယ်ပြန့်စွာအသိပညာများ  ရောက်ရှိစေရန်အတွက် ပညာပေးခြင်း ကို ယမန်နေ့ နံနက် ၁ဝ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ် လှိုင်ထွေးက အဖွင့်အမှာ စကားပြောကြားပြီးပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသီဟမြင့်စိုးက ငှက်ဖျား ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကာကွယ်နှိမ် နင်းရေး အကြောင်းများကိုလည်းကောင်း၊ ဒေါက်တာ နိုင်နိုင်ထွန်း က ရာသီတုပ်ကွေးဖြစ် ပွားရ သည့် အကြောင်းရင်းနှင့် လတ်တလောဖြစ်ပွားနေသောံ H1N1 နှင့် ပတ်သက်သည့် အကြောင်း အရာများကိုလည်းကောင်း တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိ သူ များ၊ ကျောင်း သား၊ ကျောင်း သူများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများကို  ရှင်း လင်းပြောကြားသည်။

ကရင်ပြည်နယ်အနေဖြင့် ၂ဝ၁၆ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားမှု ၁၅၆၅၇ ဦးရှိပြီး သေဆုံးခဲ့ သူမရှိသောကြောင့် ဖြစ်ပွားမှု၊ သေဆုံးမှုလျော့နည်းခဲ့ကြောင်း၊ သွေးလွန် တုပ်ကွေး ရောဂါ အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇူလိုင်၂၂ ရက်အထိ ဖြစ်ပွားသူ ၁၃၅၈ ဦးရှိရာမှသေဆုံးသူတစ်ဦးရှိခဲ့ပြီး   တစ်ပြည်နယ်လုံးအတိုင်း အတာဖြင့် ဘားအံမြို့နယ်၌ ၈၄၃ ဦးဖြင့် အများဆုံးဖြစ်ပွား နေကြောင်းကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။           

Page 378 of 378