SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

ပင်လုံ  သြဂုတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့အမှတ်(၃)ရပ်ကွက် အောင်ဇေယျလမ်းနှင့် စဝ်စံထွန်းလမ်းထောင့်၌ ယမန်နေ့ နံနက် ၃ နာရီက မော်တော်ဆိုင်ကယ် စီးလာသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိသည်။

မြိတ်  သြဂုတ် ၃

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ ညောင်ပင်ကြီးလမ်းဆုံ၌ ယမန်နေ့ ညနေ ၄ နာရီခွဲက ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ကနီ  သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကနီဆိပ်ကမ်း၌ ညအိပ်ရပ်နားထားသော ကုန်တင်ရေယာဉ်တစ်စင်း ယနေ့ နံနက်ပိုင်းတွင် တန်ပိုကြောင့် နစ်မြုပ်မှု ဖြစ်ပွားကြောင်း သိရသည်။

မြောက်ဦး  သြဂုတ် 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းလမ်းမှာ ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး လမ်းပခုံးသား များပျက်စီးမှု ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများက အမြန်ဆုံး ပြုပြင်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။

မြင်းမူ   သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဆင်း ပွဲအခမ်းအနား ကျင်းပသည်။

နေပြည်တော်   သြဂုတ်  

ဘုတ်ပြင်းမြို့နယ်၊ လေညာအနောက် ရပ်ကွက်ရှိ ဒေသခံ ပြည်သူများနှင့် တနင်္သာရီ တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံ နက်ပိုင်းတွင် နယ်မြေ ခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင် နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ရန်ကုန်       သြဂုတ်     

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်း ၁၃၃ ဦး၊ Seasonal Influenza A(H1N1) pdm 2009 virus ဓာတ်ခွဲ အတည်ပြုဖြစ်ပွားသူ ၄ဝ ဦး၊  ဓာတ်ခွဲအတည်ပြု သေဆုံးသူ ခြောက်ဦးရှိကြောင်းနှင့် ယနေ့နံနက် ၇ နာရီသတင်းအရ အထူးကု ဆေးရုံ(ဝေဘာဂီ) တွင် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၂၆ ဦးရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှ သိရသည်။

နေပြည်တော်   သြဂုတ်  

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် Mr.Emilio De Miguel Calabia အား ဗန်ကောက်မြို့ အခြေစိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော စ ပိန်နိုင်ငံ သံအ မတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်။

နေပြည်တော်   သြဂုတ်  

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို သြဂုတ် ၂ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်နှင့် အရာ ရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဘားအံ    သြဂုတ်   

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အထက်မိဇိုင်းကျေးရွာရှိ တောင်သူများအား မိုးစပါး စိုက်ခင်းများတွင် စပါး ဖျက်ရွှေခရုများ ကျရောက်လျက်ရှိရာ ကာကွယ်နှိမ်နင်းနိုင်ရေး ပညာပေး နှိုးဆော်ခြင်းနှင့် စုပေါင်း ခရုေ ကာက်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက ဆောင်ရွက်သည်။

Page 779 of 786