SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

ပွင့်ဖြူ  သြဂုတ်  ၂

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသထွက် ထန်းလက်ကုလားထိုင်များ အရောင်းသွက်၍ အိမ်တွင်းလက်မှု စီးပွားရေး လုပ်ငန်းအဖြစ် အောင်မြင်လျက်ရှိကြောင်း သိရသည်။

သာစည်  သြဂုတ်  ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိုးခိုနှမ်းစိုက်ပျိုးကြသည့် တောင်သူကြီးများ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့်အပင်များ၊ အသီး၊ အပွင့်ဝင်ချိန်တွင် မိုးရေကြောင့် အပင်များ ပျက်စီးဆုံးရှုံး ခဲ့ကြရသဖြင့် နှမ်းအထွက် ကျဆင်းကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂

နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပျဉ်းမနားမြို့ စားသုံးသူ ရေးရာဦးစီးဌာန  ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပညာေ ရးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး အသိ ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပကြောင်း  သိရသည်။

ပျော်ဘွယ်  သြဂုတ်  ၂

မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေးယာဉ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီက ပျော်ဘွယ်မြို့ မြို့မရဲစခန်းအနီးတွင် မှုခင်းကျဆင်းရေးဆိုင်ရာများ ဟောပြောခြင်းနှင့် မှုခင်းဆိုင်ရာ ပညာပေးပြခန်းများ  ပြသကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်  ၂

ဆီထွက်သီးနှံကဏ္ဍ နည်းပညာနှင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ သိရသည်။

နေပြည်တော်   သြဂုတ်   ၂

မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်ကို တရားသူကြီးများ လိုက်နာဆောင်ရွက်ရန်နှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်းအတွက် အရေးယူ ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည် ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြား လိုက်သည်။

နေပြည်တော်       သြဂုတ်       ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြန်မာ့ရေပိုင်နက် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့်  တပ်မတော် (ရေ)မှ  တပ်မတော်သားများသည် ယနေ့နံနက် ၃ နာရီခွဲခန့်တွင် စပါယ်ပင်ရင်း ချောင်းဝသို့ ရောက်ရှိစဉ် မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ လှော်ခတ် ထွက်ပြေးသွားသဖြင့် လက်နက် ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် လိုက်လံဖမ်းဆီးစဉ် လှေပေါ်ပါ လူသုံးဦးအနက် နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လည်းကောင်း၊ ကျန်တစ်ဦးမှာ မြန်မာနိုင်ငံဘက်သို့ လည်းကောင်း ရေကူးထွက်ပြေး သွားခဲ့သည်။

နေပြည်တော်   သြဂုတ်  ၁

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်နှင့် အရာရှိ၊  စစ်သည်၊  မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အ သင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

Page 782 of 786