SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

နေပြည်တော်   သြဂုတ်   ၁

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ် အစိတ်အပိုင်းများအား ထပ်မံရှာဖွေ တွေ့ရှိစေရေး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိစဉ် ဇူလိုင် ၃၁ ရက်နှင့် ယနေ့တို့တွင် ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ် မူတည်၍ လေယာဉ် အမြီးပိုင်း ရှာဖွေ တွေ့ရှိခဲ့သည့် နေရာ အနီးတစ်ဝိုက်၌ ဒေသခံ ငါးဖမ်းစက် လှေနှစ်စင်းက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်တာယာဘီး တစ်လုံးအပါအဝင် ကိုယ်ထည်အစိတ် အပိုင်းများအား ထပ်မံရှာဖွေ တွေ့ရှိ ဆယ်ယူ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်    သြဂုတ်  ၁

ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေးစဉ် ဆေးရုံလွှဲပြောင်း ကုသပေးခဲ့သည့် ဒေသခံ ပြည် သူများအား ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ အခြေအနေများ၊ ဆေးဝါးကုသ ပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်မှု အခြေ အနေများကို  မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

မြစ်ကြီးနား   သြဂုတ်   ၁

ကချင်ပြည်နယ် မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ် မြစ် ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

ရန်ကုန်  သြဂုတ်   ၁

မေတ္တာဖွဲ့ ဇာတ်ကား တစ်ကားဖြစ်သည့် ရှင်သန်ခွင့်ပေးပါ ဗီဒီယိုဇာတ်ကားကို ဧကရာဇ် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ် ရေးမှ ထုတ်လုပ်၍ ဒါရိုက်တာ နေပိုင်က ရိုက်ကူးလျက် ရှိကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်များ ရိုက်ကူးရာတွင် ဘောလီးဝုဒ်ကိုမီရန် လိုအပ်ချက် များစွာရှိနေသေးကြောင်းနှင့် အဓိကအားဖြင့် ငွေကြေး ပိုမိုသုံးစွဲရန် လိုအပ်ကြောင်း လိုင်လာခမ်းက ပြောသည်။

ဆိုးလ်   သြဂုတ်  

ကိုရီးယား အမျိုးသမီး အဆိုအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Momoland အဖွဲ့သည် အယ်လ်ဘမ်သစ်ဖြင့် ပရိသတ်ထံ ပြန်လာရန် ကြိုးပမ်းလျက်ရှိကြောင်း အဆိုပါအဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လော့အိန်ဂျလိ သြဂုတ်  ၁

One Direction တေးဂီတအဖွဲ့မှ အဆိုရှင် ဟယ်ရီစတိုင်သည် ၎င်း၏ပွဲဦးထွက် ဇာတ်ကားတစ်ကား ဖြစ်သည့်  Dunkirk ဇာတ်ကားအတွက် အရောင်းမြှင့်တင်ရေး လုပ်ဆောင်နေစဉ် အနှောင့်အယှက်များ တွေ့ကြုံမှု မရှိစေရန် ရုပ်ရှင် ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်း၏ လုံခြုံရေးကို အထူးတင်းကျပ် ပေးခဲ့ရကြောင်း သိရသည်။

ရန်ကုန်  သြဂုတ်   ၁

တေးသီချင်းပေါင်း များစွာ ရေးသားပြုစုခဲ့သည့် ဂီတစာဆို ကိုသက်ဦးအတွက် အမှတ်တရ ဂုဏ်ပြုသည့် ဂီတဖျော်ဖြေ ပွဲကို သြဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း ပွဲတင်ဆက်မှု ဒါရိုက်တာ ဦးဇောရိုးထံမှ သိရသည်။

Page 783 of 786