SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

တိုက်ကြီး  သြဂုတ် 

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေလျှံတက်မှုတို့ကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃၇ အုပ်စု ၊ တောင်သူပေါင်း ၃၉၉၇ ဦး၊  ဦးပိုင်ပေါင်း ၄၉ဝ၅ တို့တွင် စိုက်ပျိုးထားသော မိုးစပါး စိုက်ဧက ၂၇၇၈ဝ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ သိရသည်။

နေပြည်တော်     သြဂုတ်    

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် Archbishop Paul Tschang In-Nam အား ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ (Holy See) သံအမတ်ကြီး (Apostolic Nuncio) အဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်။

လပွတ္တာ  သြဂုတ် 

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လပွတ္တာမြို့ပေါ်ရှိ ဈေးများ၌ ရောင်းချလျက်ရှိသော ကြက်သား အရောင်းဆိုင်များအား လိုက်လံစစ်ဆေးခြင်းကို ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ စိုးလှိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့  နံနက် ၁ဝ  နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းသည် အမျိုးသမီးများ၏ ဘဝတွင် အလွန်အရေးကြီးသော အချိန်ကာလ အပိုင်းအခြား ဖြစ်ပြီး မိခင်အသက်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာသော ကလေးငယ် ဖွားမြင်ရေးသည် မိခင်တိုင်း၏ အဓိက မျှော်မှန်းချက်ဖြစ်သည်။

နေပြည်တော် သြဂုတ် ၁

နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မွေးကင်းစမှ နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှ င့် တိုက်ကျွေး ခြင်းအပြင် ရာသီတုပ်ကွေး ရောဂါ (H1N1) ပညာပေး ဟောပြောခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်သည်။

မန္တလေး သြဂုတ် ၁

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၈ လမ်းကြားရှိ အဆင့်မြင့် ဈေးချိုတော်၌ ယမန်နေ့က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်း ဆောင် ရွက်ကြောင်း သိရသည်။

တံတားဦး သြဂုတ် ၁

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီး မှူးကျင်းပသော မြစိမ်းရောင် ရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့သစ် သြဂုတ် ၁

စစ်ကိုင်းတိုင်း ဒေသကြီး မြို့သစ်မြို့ မင်းသာကျေးရွာ နန့်တီဆင်းချောင်းပေါ်၌ တည်ဆောက်ထားသော နန့်တီဆင်းတံတားမှာ ပြီးခဲ့သည့်နှစ်က ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။

ပုလဲ သြဂုတ် ၁

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုထိုးသာကျေးရွာ ရွှေဆံပင်ပညာဒါန စာသင်ဝိုင်း မြတ်နန်းယုံ ဓမ္မသာလာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ အား ပညာရည်ချွန် ဆုပေးပွဲနှင့် တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနား ကျင်းပသည်။

Page 785 of 786