SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

စစ်ကိုင်း သြဂုတ် ၁

စစ်ကိုင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲသို့ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မန္တလေးမြို့ မောင်စိန်ဝင်းနှင့်ညီများ စက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ လိုအပ်သော ခြင်ဆေးဖျန်း စက်နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်ရှိ ရွှေနှင်းဆီ စာပေတိုက် ၌ ကျင်းပသည်။

ရန်ကုန်  သြဂုတ်   

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် ဆက်တက်ရန် အခက်အခဲ ဖြစ်နေသည့် မသန်စွမ်းသူများကို ပညာသင်စရိတ် ပံ့ပိုးပေးလျက်ရှိရာ ယခုပညာ သင်နှစ် အတွက် အောက်တိုဘာ ၃ဝ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ CEO ဦးနေလင်းစိုးထံမှ သိရသည်။

ရန်ကုန်  သြဂုတ် 

မြန်မာနိုင်ငံ၌ ပထမဆုံး အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ အကောင်အထည် ဖော်လျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်း ရေချိုငါးလုပ်ငန်း သုတေသန စင်တာကို  ဒီဇင်ဘာလ တွင် စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ထူးထံမှ သိရသည်။

ရန်ကုန်  သြဂုတ် 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းများအနက် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် အထက်ပေါင်းလောင်း ရေအားလျှပ် စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှစ်ခုမှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၄ဝဝ ခန့်အထိ နှစ်စဉ်ထုတ်လုပ်နိုင် မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း တစ်ခုလုံး ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အလယ်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုနည်းပါးခြင်း၊ စီးပွားရေးအရတွက် ခြေကိုက်ခြင်းနှင့် နိုင်ငံအတွင်း ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးများ ရရှိမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်  သြဂုတ် 

အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြခြင်းမှာ တင်းကျပ်လာသည့် ဥပဒေ မူဝါဒများကြောင့်သာ ဖြစ်ပြီး လက်ရှိလုပ်ဆောင်နေသည့် စိစစ်မှုများကြောင့် နောက်ပိုင်းတွင် အိမ်ခြံမြေ ဈေးကစားမှု ပျောက် ကွယ်နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အသိုင်း အဝိုင်းမှ သိရသည်။

Page 786 of 786