SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

ကျောက်မဲ သြဂုတ် ၆

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်း ခန်းမ၌ ကျင်းပသည်။

မြင်းခြံ   သြဂုတ်  

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ဆောင်ရွက်ကြောင်း သိရသည်။

ရန်ကုန်   သြဂုတ် 

ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အဖြစ် ဝယ်ယူထားသည့် YBS ယာဉ်သစ် အစီးရေ ၄ဝဝ ကို လွန်းပျံ ယာဉ်နှင့် လှိုင်သာယာ ဗဟိုပြုသည့် ခရီးစဉ်များတွင် ထပ်တိုးပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေ သကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်   သြဂုတ်  

ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်များ ရောင်းချရာမှ ဇူလိုင်လ တစ်လတာအတွင်း ငွေကျပ် သိန်း ၁၉ဝဝ ကျော်ရရှိထား ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ထောက်ကြန့်) ကနဦးမှတ်ပုံတင် ဌာနမှ သိရ သည်။

ဖားဆောင်း  သြဂုတ် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဖားဆောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ စက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကယားပြည်နယ် ဘော လခဲခရိုင် ဖားဆောင်းမြို့ လိုခါးလိုကျေးရွာ၌ ကျင်းပသည်။

ဖာပွန်  သြဂုတ် 

ရွှေခရုခေါ် စပါးဖျက်ခရုများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝှေနောင်ကျေးရွာ  ဝှေနောင် ရွာဦး ဘုန်းတော် ကြီးကျောင်း ဓမ္မသုခဓမ္မာရုံ၌ ကျင်းပသည်။

ဒီးမော့ဆို  သြဂုတ် 

၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောဆောင်ရွက် ထားရှိမှုမှ အောင်မြင်သော ဒေ သခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော အသုံးပြုသူများသို့ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်၁ဝ နာရီက ကျင်းပသည်။

Page 776 of 786