SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

ရမည်းသင်း   ဇူလိုင် 

ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပသည်။

ရန်ကုန်  သြဂုတ် 

စားသုံးသူ တိုင်ကြားချက်အရ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC) မှ အရေးယူဆောင်ရွက်မှုမှာ မေလမှ ဇူလိုင် ၃၁ ရက်အထိ ၁၄ မှုရှိခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။

ရန်ကုန်  သြဂုတ် 

အင်္ဂလန်နိုင်ငံ၌ သြဂုတ် ၅ ရက်မှ ၁၂ ရက်အထိကျင်းပမည့် 3th West Sussex Scouts and Guides International Camp of England ကမ္ဘာ့ကင်းထောက် မောင်/မယ်များ တွေ့ဆုံပွဲတော်သို့ တက်ရောက်ရန် မြန်မာ ကင်းထောက် အမျိုးသမီးအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

ရန်ကုန်  သြဂုတ်     

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက ကြီးမှူး၍ မြန်မာ့ သစ်သီးဝလံ ပြည်ပပို့ကုန် မဟာဗျူဟာ အလုပ်ရုံ ဆွေးနွေးပွဲကို  စက်တင်ဘာ ပထမပတ် တွင် နေပြည်တော်ရှိ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်  ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းေ ရးမှူး ဦးကျော်သူထံမှ သိရသည်။

မော်လမြိုင်  သြဂုတ် 

မွန်ပြည်နယ်ရှိ မော်လမြိုင် လေဆိပ်ကို အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။ မော်လမြိုင် လေဆိပ်ပြုပြင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ေ ထာင်စု အစိုးရ ထံတင်ပြခဲ့ပြီး ခွင့်ပြုမိန့်ရရှိခဲ့ကာ လေဆိပ်ကို Private Public Partnership(PPP) စနစ်ဖြင့် ဆောင်ရွက်မည်‌ဖြစ်‌သည်။

နေပြည်တော် သြဂုတ် ၃

စားသုံးသူ အကာအကွယ် ပေးရေး အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အင်ပင်ကျေးရွာအုပ်စု အင်ပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ခွဲ၌ ယမန် နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

မန္တလေး သြဂုတ် ၃

မန္တလေးမြို့၌ ငွေကျပ် ၅ဝဝ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ မြေဧက၂၅ဝဝဖြင့် အကောင်အထည်ဖော်မည့် အမရပူရမြို့သစ် စီမံကိန်းကို အောက်တိုဘာလတွင် Mandalay Business Capital City Development Ltd., စီမံကိန်း ကာလကို ၁ဝ နှစ် သတ်မှတ်ကာ စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်

နေပြည်တော် သြဂုတ် ၃

စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်ေ န့ နံနက် ၉ နာရီက ကျင်းပသည်။

မန္တလေး သြဂုတ် ၃

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေး ယာဉ်ဖြင့် မှုခင်းဆိုင်ရာ အသိပညာပေး ဟော ပြောခြင်း၊ ပညာပေးပြခန်းများ ပြသခြင်းတို့ကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းမြို့ သီလဝခန်း မရှေ့၌ ဆောင်ရွက် ကြောင်း သိရသည်။

Page 777 of 786