SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော်   သြဂုတ် 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

နေပြည်တော်   သြဂုတ်   

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ပေးအပ်ခြင်းကို ယနေ့နေ့လယ် ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ သီဟသူရ ထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

တာချီလိတ်   သြဂုတ်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၁) တာချီလိတ်ရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာသင် တန်းဖွင့်လှစ်ကြောင်း သိရသည်။

ကျိုက်မရော  သြဂုတ် 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် အတ္ထရံမြစ်ရေ မြင့်တက်ကာ စာသင်ဆောင်များအတွင်း မြစ်ရေဝင်မှုကြောင့် ချောင်းနှစ်ခွ အခြေခံပညာ အထက်တန်းကျောင်း အပါအဝင် အခြေခံ ပညာကျောင်း ခုနစ်ကျောင်းကို မြို့နယ်ပညာရေးမှူးရုံး၏ အကြောင်းကြားချက်အရ ယာယီပိတ်ထားရကြောင်း သိရသည်။

နေပြည်တော်   သြဂုတ်  

ပထမအကြိမ် မြန်မာ့ ကျောက်မျက်ရတနာနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ မျက်နှာစာ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်နှင့် ရသေ့တောင်သို့ ဆက်သွယ်ထားသည့် ကေဘယ်လ် ကားစီမံကိန်းကို အကောင်အထည် ဖော်လျှက်ရှိပြီး စက်တင်ဘာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေ ကြောင်း ကေဘယ်လ် ကားစီမံကိန်း မန်နေဂျာ ဦးအောင်သန်းထံမှ သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကိုယ်ပိုင်အသုံးပြုနိုင်ရန် အသေးစား ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတစ်ခုကို မြန်မာနိုင်ငံ ရုပ် ရှင် အစည်းအရုံးဝင်းအတွင်းတွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

သာစည်    သြဂုတ်   ၂

သာစည်မြို့နယ် တောင်ကြီး-မိတ္ထီလာကားလမ်း ကျွဲတပ်ဆုံကျေးရွာ စစ်ဆေးရေးဂိတ်၌ ယမန်နေ့က ဘိန်းစိမ်းများ သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

နေပြည်တော်   သြဂုတ်   ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရေပူစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် သြဂုတ် ၁ ရက် ည ၁ဝ နာရီခွဲခန့်တွင် သိန်းနီမှ လားရှိုးဘက်သို့ ဦးအိုက်ပွင့်(ဘ)ဦးမောင်ဘ မောင်းနှင် လာသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်၌ သယ်ဆောင်လာသော ခြင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၉ဝ ပြား (စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၇၈ဝဝဝဝ ကျပ်ခန့်) အား ဖမ်းဆီးရမိခဲ့သည်။

Page 780 of 786