SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရေတာရှည်   သြဂုတ်   ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယနေ့ နံနက်ပိုင်းက နာရီပိုင်းအတွင်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားကြောင်း သိရသည်။

ကလိန်အောင်   သြဂုတ်   ၂

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိ ဇင်းဘာကျေးရွာ ကျောက်ခင်းလမ်းမှာ ယခုအခါ ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြ သည်။

နေပြည်တော်    သြဂုတ်  ၂

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ရှိ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း၏ ကလေးများ စောင့် ရှောက်ရေးကျောင်းနှင့် အမှတ်(၂၂)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကု သရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော်   သြဂုတ်   ၂

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ  ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး  H.E.Mr. Eduardo E. Kapunan,Jr.အား ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

လားရှိုး သြဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မိုးရာသီ၌ စပါး ၄၃၇၃၉၄ ဧကစိုက်ပျိုးရန် လျာထားပြီး လျာထား ဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးရုံး (လားရှိုး)မှ သိရသည်။

ကန့်ဘလူ  သြဂုတ်  ၂

ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဝင်းနှင့် ဒုတိယ ဦးစီးမှူးများ၊ မြို့နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာ မျိုးမင်းသန်းနှင့်  မြို့မ ကြက်မွေးမြူရေးဇုန် ကော်မတီဝင်များ အဖွဲ့သည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ကြက်မွေးမြူရေး ဇုန်နှင့်မြို့မ ဥစားကြက်မွေးမြူရေးဇုန် အတွင်းရှိ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးသည်။

နေပြည်တော်  သြဂုတ်  ၂

စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲမှ လွှင့်တင်ထားသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ Mobile Application (PP Version 1.0) နှင့်ပတ်သက်၍ သုံးစွဲနည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာ ဧက ၃ဝဝ မျိုးစေ့ထုတ်စိုက်ခင်း ရှေ့တန်းစခန်း၌ ကျင်းပကြောင်း သိရသည်။

Page 781 of 786