SJ WorldNews - шаблон joomla Авто

ယူရိုပါလိဂ် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် ပွဲစဉ်တွေက ပထမအဆင့်၊ ဒုတိယ အဆင့်နဲ့ တတိယအဆင့် ခြေစစ်ပွဲတွေကို  ကစားခဲ့ပြီးပါပြီ။ ဒါကြောင့် အခု အုပ်စုအဆင့် ပွဲစဉ်တွေကို တက်လှမ်းနိုင်ဖို့ နောက်ဆုံးအဆင့် ပလေးအော့ဖ်နှစ်ကျော့ ကစားကြရမှာပါ။ သြဂုတ် ၁၇ ရက်ည ပထမအကျော့ ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ ပွဲတွေကို ရွေးချယ်သုံးသပ် လိုက်ပါတယ်။

ဘာစီလိုနာ သြဂုတ် ၁၆

ဘာစီလိုနာ အသင်းသည် ဒေါ့မွန်အသင်းမှ အသက် ၂ဝ သာရှိသေးသော ပြင်သစ်ကွင်းလယ် ကစားသမား အူစမာနီဒမ်ဘီလီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၉ဝ ဖြင့် ခေါ်ယူရန် ဒေါ့မွန်အသင်းနှင့် သဘောတူညီမှု ရခဲ့ပြီဖြစ်သည်။ ဒမ်ဘီလီသည် ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့် ရလို၍ ဒေါ့မွန်အသင်း လေ့ကျင့်ရေး ကွင်းမှပင် ခွင့်မတောင်းဘဲ ထွက်ခွာသွား ပြီးနောက် ဒေါ့မွန်အသင်းက ရောင်းထုတ်ရန် စီစဉ်ရာ ဘာစီလိုနာ အသင်းဘက်မှ ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ အထိပေးခဲ့သဖြင့် လက်ခံလိုက်ပြီ ဖြစ်ကြောင်း စပိန် သတင်းစာများက ဖော်ပြထားသည်။

မာဆေးဆိုက် သြဂုတ် ၁၆

အဲဗာတန် အသင်းသည် ဆွမ်ဆီးအသင်းမှ အိုက်စလန် ကွင်းလယ် ကစားသမား ဂီလ်ဖီဆီ ဂတ်ဆန်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီဖြစ်သည်။  ဆီဂတ်ဆန်သည် ယမန်နေ့က အဲဗာတန် အသင်းနှင့် ဆေးစစ်မှုခံယူပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းကျော်ဖြင့် ငါးနှစ်စာချုပ်ရန် စီစဉ်နေပြီဖြစ်သည်။

ရန်ကုန် သြဂုတ် ၁၆

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ Compound တစ်ဦးချင်း မြားပစ်ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဆုတံဆိပ်နှင့် လွဲချော်ခဲ့ကြောင်း သိရသည်။၂ဝ၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲ၏ မြားပစ် အားကစားနည်း ပထမနေ့ အဖွင့်ပွဲစဉ်များကို ယနေ့နံနက်တွင် စတင်ကျင်းပသည်။ ယင်းထဲတွင် Compound တစ်ဦးချင်း မြားပစ်ပြိုင်ပွဲ၌ လက်ရွေးစင် ဟောင်းများဖြစ်သော အောင်ငှိမ်းနှင့် ရဲမင်းဆွေတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်သွားခြင်း ဖြစ်သည်။

ရန်ကုန် သြဂုတ် ၁၆

(၂၉) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယ ပွဲစဉ်အဖြစ် မြန်မာ အမျိုးသမီး အသင်းသည် အိမ်ရှင်မလေးရှား အမျိုးသမီး အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်ရာ ယင်းပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး နည်းပြချုပ် ရော်ဂျာကပြောသည်။

ရန်ကုန် သြဂုတ် ၁၆

ဆီးဂိမ်းပြိုင်ပွဲ အတွက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်း အပြီးသတ် ကစားသမား စာရင်းကို မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ရာ အမျိုးသား အသင်းအတွက် ၁၂ ဦးနှင့် အမျိုးသမီး အသင်းအတွက် ၁၂ ဦးပါဝင်ပြီး နည်းပြချုပ်များအဖြစ် အမျိုးသား အသင်းအတွက် ဦးကျော်စွာဝင်း၊ အမျိုးသမီး အသင်းအတွက် ဦးသိန်းဆွေတို့က ကိုင်တွယ်မည်ဖြစ်သည်။

Page 1 of 19