SJ WorldNews - шаблон joomla Авто

မြိတ်မြို့၌ ဒုတိယအကြိမ် စက်ဘီးစီး ပွဲတော် ကျင်းပ

Monday, 25 December 2017 09:06 font size decrease font size decrease font size increase font size increase font size

မြိတ်     ဒီဇင်ဘာ    ၂၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြိတ်စက်ဘီးစီးအသင်း(MABC)တို့ ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် စက်ဘီးစီး ပွဲတော်ကို ယနေ့နံနက်  ၅  နာရီတွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ ကမ်းနားလမ်း Sea  View  Condo အရှေ့၌ ကျင်းပသည်။
စက်ဘီးစီးပွဲတော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးခင်မောင်အေး၊  စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြိတ်စက်ဘီးစီး အသင်း(MABC)နှင့် စက်ဘီးစီး အားကစားသမား ၁၂ဝဝ ကျော်ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ရှေးဦးစွာ  လူထုစက်ဘီးစီး ပွဲတော်ကို  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ဖွင့်လှစ်ပေးရာ စက်ဘီးစီး အားကစားသမားများသည် Sea View Condo အရှေ့မှ စတင်ကာ ကမ်းနားလမ်းတစ်လျှောက် နာရီစင်လမ်း၊ ရွှေကျောင်းလမ်း၊ ဘုရားကိုင်လမ်း၊ မြိတ်တောင်လမ်း၊ လေယာဉ်ကွင်းလမ်း၊ ရှမ်းချောင်းလမ်း၊ ရွှေပေးလမ်း၊ စန္ဒဝတ်လမ်းမှ ဓမ္မစာရီသီလရှင်ကျောင်းရှိ ရေသိမ်တွင် စက်ဘီးစီး အားကစားသမားများကို  ကံစမ်းမဲလက်မှတ်မဲများ  ဖောက်ပေးပြီး   ရေသိမ်မှ လာရာလမ်းအတိုင်း မြိတ်မြို့မ အားကစားကွင်းသို့ ပြန်လည်ပန်းဝင်ကြသည်။               
ယင်းနောက် လူထုစက်ဘီးစီးပွဲတော် ပါဝင်ဆင်နွှဲခဲ့ကြသူများကို မြို့မအားကစားကွင်း၌ အမှတ်တရပန်းဝင်ဆွဲပြားများ    (MABCLogo) တံဆိပ်ပါဦးထုပ်များကို  တာဝန်ရှိသူများက ပေးအပ်ကြပြီး စက်ဘီးစီး အားကစားသမားများကို  စက်ဘီးသုံးစီးနှင့် စက်ဘီးစီးဦးထုပ်များ ကံစမ်းမဲ ဖောက်ပေးခြင်းနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ကြကြောင်း သိရသည်။   
Read 335 times Last modified on Monday, 25 December 2017 09:08