SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၂၁ အသင်း ၂ဝ၁၉ ဆီးဂိမ်းအတွက် ရေရှည်လေ့ကျင့်ရန် စီစဉ်

Monday, 25 December 2017 09:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     ဒီဇင်ဘာ     ၂၄
မြန်မာ ယူ-၂၁ အသင်းသည် ၂ဝ၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၃ဝ)မြောက်  ဆီးဂိမ်းပြိုင်ပွဲအတွက် ရေရှည်လေ့ကျင့်ရန် စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြန်မာ ယူ-၂၁ အသင်းကို အကြိမ်(၃ဝ)မြောက် ဆီးဂိမ်းအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဦးကြည်လွင်အား နည်းပြချုပ်အဖြစ် ဆက်လက် တာဝန်ပေးမည်ဖြစ်သည်။
မြန်မာ ယူ-၂၁ အသင်းသည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဒီဇင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ကန်တိုမြို့၌ ကျင်းပခဲ့သည့် ၂ဝ၁၇ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အတိုင်းအတာ တစ်ခုထိခြေစွမ်းပြပြီး တတိယနေရာ ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် ပြင်ဆင်ချိန် နည်းပါးသော်လည်း ပြိုင်ဘက်ထိုင်းအသင်းကို နှစ်ပွဲစလုံးအနိုင်ယူကာ  တတိယဆု ရခဲ့သောကြောင့် ယင်းအသင်းအား ကာလရှည်လေ့ကျင့်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီလေ့ကျင့်မှုဆက်လက်ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်လက်ညှိနှိုင်းမည်ဖြစ်ပြီး ကာလရှည် လေ့ကျင့်ရမည်ဖြစ်သောကြောင့် ကလပ်အသင်းများနှင့်ပါ ဆွေးနွေး အတည်ပြုရမည်ဖြစ်သည်။  
ယင်းအသင်းကို လက်ရှိအောင် မြင်မှုရခဲ့သည့် ကစားသမားများအား အခြေခံကာ အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဦးကြည်လွင်၊ လက်ထောက်နည်းပြ- ဦးကျော်လွင်နှင့် ဦးချစ်နိုင်တို့က တာဝန်ယူ လေ့ကျင့်ပေးမည်ဖြစ်သည်။
မြန်မာယူ-၂၁ အသင်းသည် M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ အသင်းတွင် ပါဝင်ခဲ့ပြီး အသက်မီသော ကစားသမားများကို ပြန်လည်အားဖြည့် ရွေးချယ်မည်ဖြစ်ပြီး ဆီးဂိမ်းအတွက် အချိန်ယူ ပြင်ဆင်မည်ဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည် ၂ဝ၁၈ ခုနှစ်တွင် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
Read 331 times Last modified on Monday, 25 December 2017 09:17