SJ WorldNews - шаблон joomla Авто

ဘောလုံးနည်းပြသင်တန်း AFC 'C' Coaching Certificate Course နည်းပြ သင်တန်းဖွင့်လှစ်မည်

Friday, 12 January 2018 13:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ    ၁၁

အာရှဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍  AFC 'C' Coaching Certificate Course ဘောလုံး နည်းပြသင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၌ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့   အာရှဘောလုံး အဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာက လာရောက်ပို့ချ သင်ကြားပေး မည်ဖြစ်ပြီး အရည်အချင်း သတ်မှတ်ချက်များ နှင့်ကိုက်ညီသူများသာ သင်တန်း တက်ရောက် ခွင့်ရရှိ မည်ဖြစ်သည်။

အသက် ၂၁ နှစ်နှင့် ၃၅ နှစ်ကြားဖြစ်ပြီး ပညာအရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းဖြစ်ရမည်။ မြန်မာ့ လက်ရွေးစင် အဖြစ် ကစားခဲ့ဖူးပါက   အသက်နှင့် ပညာအရည် အချင်းကို လျှော့ပေါ့ စဉ်းစားပေးမည်ဖြစ်သည်။ ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊  ဝန်ကြီးဌာန၊   အဖွဲ့အစည်း၏ ထောက်ခံစာ ပါဝင်ရမည်။  ဘောလုံး အားကစားကို ကောင်းမွန်စွာ ကစားနိုင်သူဖြစ်ပြီး သင်တန်းတွင် လက်တွေ့လေ့ကျင့်ခန်း များကို ပါဝင် လုပ်ဆောင် နိုင်ရမည်။ ကျန်းမာကြံ့ခိုင် သူဖြစ်ပြီး Medical Certificate တင်ပြနိုင် ရမည်။ လက်ရှိနည်းပြ တာဝန်ထမ်းဆောင် နေသူများကို  ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးကို သင်တန်း ပြီးဆုံး သည်အထိ  တက်ရောက်နိုင်ရမည်။  အင်္ဂလိပ်ဘာသာကို အတော်အသင့် ရေးနိုင်၊ ဖတ်နိုင်သူဖြစ်ရမည်။ ကွန်ပျူတာကို အတော် အသင့် အသုံးပြု တတ်သူဖြစ်ရမည်။  သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရ ပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှဖွင့် လှစ်သော (C) လိုင်စင် အထောက်အကူပြု သင်တန်း  (MFF 'D' License Course)  ကို  မပျက်မကွက်တက်ရောက်ရမည်ဖြစ် သည်။

သင်တန်းတက်ရောက်လိုသူများသည်  စာရင်းပေးသွင်းထားလိုသော်လည်း သင်တန်း တက်ရောက်ရန် ပျက်ကွက် ပါက   မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ   ဖွင့်လှစ်သည့် မည်သည့် သင်တန်းကိုမဆို တက်ရောက် ခွင့်ရရှိမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။                                

တီတီ

Read 12 times Last modified on Friday, 12 January 2018 13:40