SJ WorldNews - шаблон joomla Авто

စစ်ကိုင်း ယူနိုက်တက် အသင်း မိတ်ဆက်ပွဲနှင့် ပရိသတ်အပ် နှံပွဲ မုံရွာမြို့၌ ကျင်းပ

Friday, 12 January 2018 13:40 font size decrease font size decrease font size increase font size increase font size

မုံရွာ   ဇန်နဝါရီ    ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းဖြစ်သော ၂ဝ၁၈ မြန်မာနေရှင်နယ် လိဂ်တွင်ဝင်ရောက် ယှဉ်ပြိုင် နေ သည့် စစ်ကိုင်း ယူနိုက်တက်အသင်းသည် အသင်း၏ ပထမဆုံး သော အိမ်ကွင်းပွဲစဉ်၌  အသင်းမိတ်ဆက်ပွဲနှင့် ပရိသတ် အပ်နှံပွဲကို  မုံရွာမြို့၌ ယနေ့ ကျင်းပသည်။

အဆိုပါကွင်းဖွင့်ပွဲသို့   စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တက်ရောက် အဖွင့်အမှာ စကား ပြောကြားပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်    လူမှုရေး ဝန်ကြီး  ဒေါက်တာ ဇော်ဝင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ   အခြေခံပညာ ကျောင်းများသို့ ဘောလုံး ၅ဝဝ  ပေးအပ်လှူဒါန်းခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ယခင်က   မဟာ ယူနိုက်တက် အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်က လိဂ် -၂ ပြိုင်ပွဲ၌ အဆင့် (၂) ရပ်တည်နိုင် ခြင်းကြောင့်  မြန်မာ လိဂ်-၁ သို့  တိုက်ရိုက် တန်းတက်ခွင့် ရခဲ့ပြီး ယခုနှစ်တွင် စစ်ကိုင်း တိုင်းဒေသကြီး   မုံရွာမြို့ရှိ     ပြည်နယ်အားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများနှင့် စည်ကား သိုက်မြိုက်စွာကျင်းပပြီး   ညနေပိုင်းတွင်  စစ်ကိုင်းယူနိုက်တက် အသင်းသည် အိမ်ကွင်း ဖွင့်ပွဲအဖြစ်  ရခိုင်ယူနိုက်တက် အသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။             

Read 9 times Last modified on Friday, 12 January 2018 13:41