SJ WorldNews - шаблон joomla Авто

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း သရေကျ

Saturday, 13 January 2018 07:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ကျင်းပရာ ဇွဲကပင်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း တို့ဂိုးမရှိသရေကျခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်အသင်း၏ အဖွင့်ပွဲရလဒ် ကောင်းမွန်ခဲ့ခြင်းမရှိဘဲ သရေရလဒ်ဖြင့် စတင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အမာခံကစားသမား အစုံအလင် အသုံးပြုခဲ့သော်လည်း နိုင်ပွဲနှင့်လွဲချော်ခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ဇွဲကပင်အသင်းနှင့်တွေ့ဆုံခဲ့သည့် အဝေးကွင်း နှစ်ရာသီဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ယခုရာသီတွင်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမား သုံးဦးစလုံး ပွဲထွက် လူစာရင်းတွင် အသုံး ပြုခဲ့ပြီး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းခြေစွမ်းအရ ရှမ်းယူနိုက်တက်အသင်း ဖိကစားနိုင်ခဲ့သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့် ဖန်တီး နိုင်ခြင်းမရှိခဲ့ပေ။ ထို့ပြင် နေလင်းထွန်းနှင့် ထိုက်ထိုက်အောင်တို့၏ ညာခြမ်းက ဘောလုံး အပျက်များနေ၍ ရှမ်းယူနိုက်တက်တိုက်စစ်မှာ ဘယ်ခြမ်းကိုသာ အားပြုခဲ့ရသည်။ ဇွဲကပင်အသင်းမှာမူ ပေါ်တူဂီတိုက်စစ်မှူး ပေါ်လိုတစ်ဦးတည်းကိုသာ အားပြုကစား ခဲ့ရသော်လည်း ရှမ်းခံစစ်ခက်ခက်ခဲခဲ ထိန်းချုပ်နိုင်ခဲ့ပြီး ၃၇ မိနစ်တွင် ထောင့်ဖြတ် ကန်သွင်းချက် တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းက ဂိုးရရန်အတွက် တောင်ကိုရီးယားကွင်းလယ်လူ လီဟန်ကွတ်အစား နိုင်ဂျီး ရီးယား တိုက်စစ်မှူးခရစ္စတိုဖာအားထည့်ကာ တိုက်စစ်အားမြှင့်ခဲ့သည်။ သို့သော် ရှမ်းယူနိုက်တက် ကစားသမားများ၏ခြေစွမ်းမှာ ပုံမှန်အောက်ကျဆင်းနေပြီး အချိတ် အဆက်လွဲချော်နေသောကြောင့် ဇွဲကပင်နောက်တန်း အလွယ်တကူဖျက်ထုတ်နိုင်ခဲ့ သည်။ ဇွဲကပင်အသင်းသည် တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သောကြောင့် ဂိုးမရရှိဘဲ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ပွဲစဉ် (၁) တတိယနေ့ကို ဇန်နဝါရီ ၁၃(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ မြဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Read 54 times Last modified on Saturday, 13 January 2018 07:59