SJ WorldNews - шаблон joomla Авто

ဧရာဝတီ ယူနိုက်တက် အသင်းကို ဧရာမြန်မာ အာမခံမှ ငွေကျပ် သိန်းတစ်ထောင် စပွန်ဆာ ပေး

Sunday, 14 January 2018 11:28 font size decrease font size decrease font size increase font size increase font size

ဧရာဝတီ ယူနိုက်တက် အသင်း၏ MainSponsor ၊ Kits Sponsor နှင့် ESihf Hydration Sponsor ပေးအပ်ခြင်း စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယမန်နေ့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဦးဘုန်းနိုင်ဇော်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယ ဥက္ကဋ္ဌဦးအုန်းကျော်၊ ဧရာမြန်မာ အာမခံ (AYAMyanmar Insurance) မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးမင်းသူ၊ Grand Sport မှမန်နေးဂျင်း ဒါရိုက်တာ ဦးအောင်လွင်နှင့်၊ မြန်မာ 100 Plus Myanmar မှ Mr. PrapasRattanapas(Head of Marketing)၊ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် စပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဧရာဝတီ ယူနိုက်တက်အသင်း ကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဧရာဝတီ ယူနိုက်တက်အသင်းကို AYAMyanmar Insurance (Partner for life)မှ Main Sponsor အဖြစ် ငွေကျပ်သိန်း တစ်ထောင်ကို လည်းကောင်း၊ GrandSport မှ  Kits Sponsorအဖြစ် အားကစားပစ္စည်းများကို လည်းကောင်း၊ သံဓာတ်အားဖြည့် အချိုရည် ၁ဝဝ Plus မှ Hydration Sponsorအဖြစ် လည်းကောင်း ၂ဝ၁၈ ရာသီ အတွက် ပံ့ပိုး ပေးခဲ့သည်။

AYA Myanmar Insuranceအနေဖြင့်၂ဝ၁၇ ရာသီမှစ၍ ဧရာဝတီ ယူနိုက်တက် အသင်းကို Main Sponsorအဖြစ် ပံ့ပိုး ပေးခဲ့ပြီး ယခု ရာသီတွင်လည်း ဆက်လက် ပံ့ပိုး ပေးခြင်းဖြစ်သည်။

ဧရာဝတီ ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ရာသီက မြန်မာ နေရှင်နယ်လိဂ်တွင် အဆင့် (၄)နေရာ၌ ရပ်တည် နိုင်ခဲ့ပြီး ယခုနှစ်တွင် အဆင့်(၁)နေရာမှ အဆင့် (၃)အတွင်း ရပ်တည် နိုင်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

တီတီ

Read 163 times Last modified on Sunday, 14 January 2018 11:42