SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက် အသင်း အမှုဆောင် အရာရှိချုပ် အဖြစ် ဦးစိုးနိုင်ကို ပြောင်းလဲခန့်အပ်

Sunday, 14 January 2018 13:47 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ဘောလုံး ရာသီတွင် ပြည်တွင်းပြည်ပ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက် အသင်း၏ အမှုဆောင် အရာရှိချုပ် (Chief Executive Officer) အဖြစ် Board of Director (BOD) အဖွဲ့ဝင် ဦးစိုးနိုင်ကို ပြောင်းလဲခန့်အပ်ကြောင်း သိရသည်။

ဦးစိုးနိုင်သည် ပြီးခဲ့သည့် ဘောလုံးရာသီက BOD အဖြစ် တာဝန်ယူ၍ ရှမ်းယူနိုက်တက် အသင်း ချန်ပီယံ ဖြစ်စေရန် ဦးဆောင်သူများ အနက်မှ တစ်ဦးဖြစ်၍ လက်ရှိတွင် Strong Source Holding Co.,Ltd. ၏ Managing Director ဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက အမှုဆောင် အရာရှိချုပ်အဖြစ် အောင်မြင်စွာ တာဝန်ယူခဲ့သူ ဦးစောလုလုထော် (President & CEO ၊ Skywings Group) က ဒုတိယ ဥက္ကဋ္ဌ (၂)အဖြစ် လည်းကောင်း၊ ယမန်နှစ်က BOD အဖွဲ့ဝင် ဦးမောင်မောင်အောင် (Managing Director၊ V.M.P Co.,Ltd) က ဒုတိယ ဥက္ကဋ္ဌ (၃) အဖြစ် လည်းကောင်း အသီးသီး ပြောင်းလဲ တာဝန်ယူမည် ဖြစ်သည်။

အသင်း ဥက္ကဋ္ဌ နေရာ၌ အပြောင်းအလဲ မရှိဘဲ ဦးခွန်နောင်မြင့်ဝေ (Chairman၊ Wa Minn Group of Companies)) က ဆက်လက် တာဝန်ယူမည် ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်း သည် ၂ဝ၁၆ ရာသီမှစ၍ ကမ္ဘောဇ အသင်းမှ ရှမ်းယူနိုက်တက် အသင်းအဖြစ် နာမည် ပြောင်းလဲကာ လက်ရှိ BOD အဖွဲ့ဝင်များကို ဖွဲ့စည်း၍ တာဝန်ယူခဲ့ကာ ၂ဝ၁၇ ဘောလုံး ရာသီတွင် ပြည်တွင်းဖလား နှစ်လုံးကို ရရှိကာ အောင်မြင်မှု ရယူနိုင်သည့်အသင်း အဖြစ် ရပ်တည် နေကြောင်း သိရသည်။

Read 17 times Last modified on Sunday, 14 January 2018 13:50