SJ WorldNews - шаблон joomla Авто

အာရှ တာဝေးစက်ဘီး ပြိုင်ပွဲနှင့်မသန်စွမ်း စက်ဘီးပြိုင်ပွဲတွင် ဂျပန်နိုင်ငံမှ ရွှေတံဆိပ်ဆု သုံးခု၊ ငွေတံဆိပ် ဆု သုံးခု၊ ကြေးတံဆိပ်ဆု နှစ်ခုဖြင့် ပထမရရှိ

Tuesday, 13 February 2018 09:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန အာရှစက်ဘီး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်  လက်ခံကျင်းပသော  ၂ဝ၁၈ ခုနှစ် အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ   နောက်ဆုံးနေ့ပွဲစဉ်အဖြစ် ယနေ့နံနက် ၈ နာရီတွင် Individual Men Elite ၁၇၆ ကီလိုမီတာပြိုင်ပွဲကို ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး  အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်က  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှ စတင်၍ သေနတ်ပစ် ဖောက် တာ လွှတ်ပေးသည်။

အဆိုပါပြိုင်ပွဲတွင်   ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမား ၅၄ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး သပြေကုန်းအဝိုင်း-ကံ့ကော်အဝိုင်း- လေဆိပ်မှ တစ်ဆင့်   ရာဇသင်္ဂဟလမ်း-အင်ကြင်းပန်းအဝိုင်း- မင်္ဂလာအဝိုင်း-ခွာညိုပန်းအဝိုင်း-ကြာပန်းအဝိုင်း-နေပြည်တော်တပ်ကုန်း(၂၁) မိုင်မှပြန်လှည့်ကာ ခွာညိုပန်းအဝိုင်းမှ လာရာ လမ်းအတိုင်းစီးနင်းပြီး    ဝဏ္ဏသိဒ္ဓိအဝိုင်း- ပျဉ်းမနား- တောင်ညိုကားလမ်းမှတစ်ဆင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ပန်းဝင်ခဲ့သည်။

ပြိုင်ပွဲတွင် UAE နိုင်ငံ အားကစား သမားက စံချိန် ၃ နာရီ မိနစ် ၅ဝ ၃၂ စက္ကန့်ဖြင့် ပထမ၊ ဂျပန်နိုင်ငံ အားကစားသမားက စံချိန် ၃နာရီ မိနစ် ၅ဝ ၃၂ စက္ကန့်ဖြင့် ဒုတိယ၊  အီရန်နိုင်ငံ  အားကစား သမားက စံချိန် ၃ နာရီ မိနစ်  ၅ဝ ၃၂ စက္ကန့်ဖြင့် တတိယဆုတို့ အသီးသီး ရရှိကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပထမဆု ရရှိသော UAE နိုင်ငံမှ အားကစား သမားကို လည်းကောင်း၊ Mr. Dato Amarjit Singh Gill က   ဒုတိယဆု ရရှိသော  ဂျပန် နိုင်ငံမှ အားကစားသမားကို လည်းကောင်း၊ Mr. Rajo Sapta Oktohari က တတိယဆုရရှိသော အီရန်နိုင်ငံမှ အားကစားသမားကို လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

၂ဝ၁၈ခုနှစ် အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်း စက်ဘီးပြိုင်ပွဲသို့ အိမ်ရှင်မြန်မာ နိုင်ငံအပါအဝင် အာရှ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ အားကစားသမားစုစုပေါင်း  ၄၁၅ဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ဖေဖော် ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည်။ နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အနေဖြင့်  ဂျပန်နိုင်ငံမှ  ရွှေတံ ဆိပ်ဆု သုံးခု၊  ငွေတံဆိပ်ဆု သုံးခု၊  ကြေးတံဆိပ် ဆုနှစ်ခုဖြင့်   ပထမ၊ တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆု သုံးခု၊ ငွေတံဆိပ် ဆုနှစ်ခုဖြင့် ဒုတိယ၊ ဟောင်ကောင်နိုင်ငံမှ ရွှေတံဆိပ် ဆုနှစ်ခု၊ ငွေတံဆိပ်ဆု ငါးခု၊  ကြေးတံ ဆိပ်ဆု တစ်ခုဖြင့် တတိယတို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ကျော်လွင်

Read 60 times Last modified on Tuesday, 13 February 2018 10:00