SJ WorldNews - шаблон joomla Авто

အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပ

Tuesday, 13 February 2018 10:34 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ  ဖေဖော်ဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ကြီးမှူး၍ အမျိုးသား ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင်   ပွင့်ဖြူမြို့   သက်တော်ရှည် ရပ်ကွက်အသင်းနှင့် သစ်တော်ကျေး ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သစ်တော်ကျေး ကျေးရွာအသင်းက ပထမဆုရရှိကာ သက်တော်ရှည်ရပ်ကွက် အသင်းက ဒုတိယဆုရရှိသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အမှာစကားပြောကြားပြီး  မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနဦးမှူး ဦးရန်လင်းအောင်က အမျိုးသား ဘော်လီဘောပြိုင်ပွဲ ထည့်သွင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် သစ်တော်ကျေးကျေးရွာ အသင်းနှင့် သက်တော်ရှည်ရပ်ကွက် အသင်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

အဆိုပါအမျိုးသား ဘော်လီဘောပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဘော်လီဘော ဝါသနာရှင်အသင်း  ခြောက်သင်းပါဝင် ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။ 

Read 118 times Last modified on Tuesday, 13 February 2018 10:35