SJ WorldNews - шаблон joomla Авто

တောင်ကြီး အိုးပင်းဖလား အမျိုးသား ဘတ်စကက်ဘော ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

Wednesday, 14 February 2018 09:34 font size decrease font size decrease font size increase font size increase font size

တောင်ကြီး ဖေဖော်ဝါရီ ၁၃

၂ဝ၁၈ ခုနှစ် ဒုတိယအကြိမ် တောင်ကြီး အိုးပင်းဖလား အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ပြည်နယ်မိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပသည်။ ရှေးဦးစွာ ရန်ကုန်ရွှေသံလွင်အသင်းနှင့် တောင်ကြီး (STARS) အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဒုတိယ ဦးစီးမှူး ဒေါ် မူမူ၊ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များနှင့်ပြိုင်ပွဲဝင် အသင်းများ၊ အုပ်ချုပ်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှု အားေ ပးကြရာ တောင်ကြီး (STARS)ဘတ်စကက်ဘောအသင်းက ရန်ကုန်ရွှေသံလွင် ဘတ်စကက်ဘော အသင်းကို ၉၈ မှတ် ၉၃ မှတ်ဖြင့် အနိုင်ရသွားသည်။

ဆက်လက်၍ ဆုပေးပွဲ အခမ်းအနား ကျင်းပရာ တတိယဆုရရှိသော ရန်ကုန် (Snowleopard) ဘတ်စကက် ဘောအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် နှစ်သိန်းကို တောင်ကြီးခရိုင် အားက စားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းအဲမာက လည်းကောင်း၊ ဒုတိယဆုရရှိသော ရန်ကုန်ရွှေသံလွင် ဘတ်စကက်ဘော အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ငွေကျပ်သုံးသိန်းကို ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မူမူကလည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီး (STARS) ဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ငါးသိန်းနှင့် ပထမဒိုင်းဆု တို့ကို မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးထင်လင်းပြည့်က လည်းကောင်း၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော တောင်ကြီးဘတ်စကက်ဘော အသင်းမှ ကျော နံပါတ်(၅)ကို ရှမ်းပြည်နယ် ဘတ်စကက်ဘော ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ထွေးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိကျင်းပရာ ရန်ကုန်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)တို့မှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိ သည်။

Read 46 times Last modified on Wednesday, 14 February 2018 09:39