SJ WorldNews - шаблон joomla Авто

သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကောင်စီအစည်းအဝေး MFF တာဝန်ရှိသူများ တက်ရောက်

Tuesday, 13 March 2018 11:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၂

အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ (၁၄)ကြိမ်မြောက် ကောင်စီအစည်းအဝေး (AFF 14th Council Meeting for the Session 2015/2019) ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Inter Continental Sydeny Double Bay ၌ ယနေ့တွင် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်စား အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။ အစည်းအဝေးတွင် ၂ဝ၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေး၊ ၂ဝ၁၈နှင့် ၂ဝ၁၉ ခုနှစ်များအတွင်း ကျင်းပပြုလုပ်မည့် အာဆီယံဒေသတွင်း ဘောလုံးပြိုင်ပွဲများ၊ သက်တမ်းအလိုက်ပြိုင်ပွဲများ ကျင်းပ နိုင်ရေးအတွက် အတည်ပြုခြင်းတို့ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တီမော၊ စင်ကာပူ၊ မြန်မာ၊ ဘရူနိုင်း အသင်းခုနစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဟုသိရပြီး ပြိုင်ပွဲကို ယခုနှစ်ဧပြီ ၂၃ ရက်မှ မေ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

Read 103 times Last modified on Tuesday, 13 March 2018 11:38