SJ WorldNews - шаблон joomla Авто

(၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများ ထုတ်ပြန်

Wednesday, 11 April 2018 13:07 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁ဝ

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်းများကို ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အဆိုပါ အားကစားပြိုင်ပွဲတွင် အားကစားနည်း စုစုပေါင်း ၁၆ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။ (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ တွင် မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ ကရာတေးဒို၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံး၊ ရေကူး၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနှင့် ဗိုဗီနန်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့များသည် အားကစားနည်းတိုင်းမှ ဆုတံဆိပ်ရရှိရှန် မျှော်မှန်းထားပြီး မြားပစ်၊ ပြေးခုန် ပစ်၊ စစ်တုရင်၊ လှေလှော်၊ ပိုက်ကျော်ခြင်းနှင့်ခြင်းလုံး၊ ရေကူး၊ ဝူရှူးအားကစားနည်းများမှ ရွှေတံဆိပ် ဆုရရှိရန်မျှော်မှန်းထားကြောင်း သိရသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁ဝ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော အာဆီယံတက္ကသိုလ်များ အားက စားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Read 94 times Last modified on Wednesday, 11 April 2018 13:09