SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက်အသင်း AFC Cup ပြိုင်ပွဲက ထွက်ခဲ့ရ

Thursday, 12 April 2018 10:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

၂ဝ၁၈ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (F) ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပရာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းကို ၎င်းတို့၏ အိမ် ကွင်းဖြစ်သည့် စင်ကာပူနိုင်ငံရှိ ဂျလန်ဘီဆာကွင်း၌ ၃ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရမှ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိမည် ဖြစ်သောကြောင့် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရပြီ ဖြစ်သည်။ ရှမ်းယူနိုက် တက်အသင်းသည် ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသား ကစားသမား လေးဦးအပါအဝင် လူစုံသုံးခဲ့ပြီး ရလဒ် ကောင်းရရန်ကြိုးပမ်းခဲ့သော်လည်း အပြန်အလှန် သွင်းဂိုးများဖြင့် အရေးနိမ့်ခဲ့ ရသည်။

ပွဲအစ ၉ မိနစ်တွင် ဇင်မင်းထွန်းက ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ ဂိုးများဆက်တိုက်ပေးခဲ့ရသည်။ ၁၉ မိနစ်တွင် ရိုစလန်က ဟုမ်းယူနိုက်တက် အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပြီး ၂၅ မိနစ်တွင် ဆောင်အူယောင်က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ ၃ မိနစ်အကြာတွင် ခရစ္စတိုဖာက ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သော်လည်း ၃၉ မိနစ် တွင်အစ္စဟတ်က ဟုမ်းယူနိုက်တက်အသင်းအတွက် တတိယ ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဟုမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းကစားခဲ့ပြီး ပွဲပြီးခါနီးတွင် ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်လူ လီဟန်ကွတ် အနီကတ်ဖြင့် ထုတ် ပယ်ခြင်းခံခဲ့ရသည်။ ယခုပွဲအပြီးတွင် အုပ်စု (F) ၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းက ၁၃ မှတ်၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းက ၁ဝ မှတ်ဖြင့် နောက်တစ်ဆင့် တက်ရန် အခွင့်အရေးရှိနေပြီး သုံး မှတ်စီသာရသေးသည့် ရှမ်းယူနိုက်တက်အသင်းနှင့် အန်ကော(ကမ္ဘောဒီးယား)အသင်းတို့မှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။

Read 92 times Last modified on Thursday, 12 April 2018 10:09