SJ WorldNews - шаблон joomla Авто

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာရေကူးကစားသမားများ စံချိန်ကောင်းများ ရရှိနိုင်ဟု သီဟအောင် သုံးသပ်

Thursday, 12 April 2018 13:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ရေကူးကစားသမားများ စံချိန်ကောင်းများ ရရှိနိုင်ကြောင်း မြန်မာရေကူးလက်ရွေးစင် သီဟအောင်က သုံးသပ်ပြောကြားသည်။

''ဒီပြိုင်ပွဲမှာ မြန်မာရေကူး ကစားသမားတွေ စံချိန်မှတ်တမ်းကောင်းတွေ ရရှိနိုင်မှာပါ။ ဒီက ကစားသမားတွေက အရည်အချင်း ရှိကြတယ်။ ဆုတစ်ခုခုကိုတော့ ရယူနိုင်မှာပါ'' ဟု သီဟအောင်က ပြောသည်။

မြန်မာရေကူးအဖွဲ့ချုပ်သည် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် သီဟအောင်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ကစားသမားများကို ရွေးချယ်ထားပြီး လက်ရှိတွင် လေ့ကျင့်လျက်ရှိကြောင်း၊ မြန်မာ့လက်ရွေးစင် ရေကူးကစားသမား သီဟအောင် အပါအဝင် လက်ရွေးစင် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့သည် ပြီးခဲ့သည့် (၁၈) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ရေကူးအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

Read 357 times Last modified on Thursday, 12 April 2018 13:41