SJ WorldNews - шаблон joomla Авто

နယူးကာဆယ်ကို ရှုံးသောပွဲစဉ်က ခြေစွမ်းဆိုလျှင် အက်ဖ်အေဖလား ဗိုလ်လုပွဲ၌ ရှုံးဦးမည်ဟု ကွန်တီဆို

Tuesday, 15 May 2018 12:06 font size decrease font size decrease font size increase font size increase font size

လန်ဒန် မေ ၁၄

ချယ်လ်ဆီးအသင်းသည် ယမန်နေ့ညက ယှဉ်ပြိုင်ကစားသော နယူးကာဆယ် နှင့်ပွဲစဉ်တွင် သုံးဂိုးပြတ်ရှုံးနိမ့် ပြီးနောက်  မန်ယူနှင့်ကစားရမည့် အက်ဖ်အေဖလား ဗိုလ်လုပွဲ၌ ထိုခြေစွမ်းမျိုးနှင့်ဆိုလျှင် ရှုံးပွဲကြုံရဦးမည်ဟု နည်းပြကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်နှင့်ပွဲတွင် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် မဖြစ်မနေနိုင်ပွဲ လိုအပ်နေသော်လည်း သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မရနိုင်တော့သကဲ့သို့ မေ ၁၉ ရက်တွင် ကစားရမည့် အက်ဖ်အေဖလား ဗိုလ်လုပွဲအတွက်လည်း စိတ်ဓာတ်ကျဆင်းစရာ ဖြစ်ခဲ့သည်။

ကွန်တီက ''ခင်ဗျားတို့က အသင်းစိတ် ဓာတ်အကြောင်း ပြောနေကြတယ်။ တခြားအသင်းတွေရဲ့ စိတ်ဓာတ်နဲ့ ရည်မှန်းချက်က ကိုယ့်အသင်းထက် အများကြီးသာတယ်။ ကျွန်တော်က ရာသီသိမ်းပွဲမှာ ကျွန်တော့် ကစားသမားတွေကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ မထင်မိဘူး။ နယူးကာဆယ်က ပြင်းပြတဲ့ စိတ်ဓာတ်ကို ပြသသွားနိုင်ခဲ့ တယ်။ ရာသီသိမ်းချိန်မှာ သူတို့က အကောင်းဆုံးဖြစ်အောင် သုံးမှတ် ရယူသွားနိုင်တာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ ဒီပုံစံကိုပြောင်းလဲ နိုင်မှဖြစ်မှာပါ။ ဒီလို ပုံစံနဲ့ ကစားဦးမယ်ဆို ရင် တော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အခွင့်အရေးရစရာ ဘာမှမရှိနိုင်ပါဘူး''ဟု ပြောသည်။ ချယ်လ်ဆီးမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းကြောင့် ကွန်တီကို ထုတ်ပယ်ဖွယ် ရှိနေသည်။

Read 28 times Last modified on Tuesday, 15 May 2018 12:08