SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံ၌ (၈) ကြိမ်မြောက် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ တွဲဆိုင်းများ ထွက်ပေါ်

Wednesday, 16 May 2018 09:39 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၅

ဂျပန်နိုင်ငံ၌ (၈)ကြိမ်မြောက် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဆာမူရိုင်း အမည်ဖြင့် ကျင်းပမည် ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် တွဲဆိုင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များ ဖြစ်သည့် စောဂေါ်မူဒို၊ ကြယ်ဇင်ဖြိုးနှင့် ထွန်းလွင်မိုးတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထုတ်ပြန်ခဲ့သော တွဲဆိုင်းများအရ ပြိုင်ပွဲတွင် မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)နှင့် သြစ တြေးလျနိုင်ငံတို့မှ လက်ဝှေ့သမားများ ပါဝင်မည်ဖြစ်ပြီး တွဲဆိုင်းခြော က်ဆိုင်းဖြင့် ကျင်းပမည်ဖြစ်သည်။ အဆို ပါပြိုင်ပွဲကို ဇွန် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

တွဲဆိုင်းများတွင် ၇၃ ကီလိုတန်း၌ စောဂေါ်မူဒိုနှင့် ကိုဟီတိုကီရှီ(ဂျပန်)၊ ၆၇ ကီလိုတန်းတွင် ကြယ်ဇင်ဖြိုးနှင့် ခနဲကို (ဂျပန်)၊ ၆၄ ကီလိုတန်းတွင် ထွန်းလွင်မိုးနှင့် Hwang Chang (တောင်ကိုရီးယား)၊ ၇၅ ကီလိုတန်းတွင် အောင်ပိုင်နှင့် အိုကုဒ(ဂျပန်)၊ ၆၁ ကီလိုတန်းတွင် ဟရှီမိုတို (ဂျပန်)နှင့် Soujun Ikkyu (ဂျပန်)၊ အထူးစိန်ခေါ် ပွဲအဖြစ် ၉၇ ကီလိုတန်းတွင် Chris Vice (သြစတြေးလျ)နှင့် Dong Xing Wu တရုတ်(တိုင်ပေ) တို့ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

Read 18 times Last modified on Wednesday, 16 May 2018 09:42