SJ WorldNews - шаблон joomla Авто

မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ

Wednesday, 16 May 2018 10:27 font size decrease font size decrease font size increase font size increase font size

မြိတ် မေ ၁၅

မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ မြိတ်ခရိုင် အားကစားခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဗိုလ်လုပွဲကိုကျင်းပရာ သုံးယောက်တွဲပြိုင်ပွဲတွင် တုန်သွားမယ်ကလပ်အသင်းနှင့် တောရကျောင်း ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တုန်သွားမယ် ကလပ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။ အလားတူ နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေသာရီကလပ်အသင်းနှင့် ဗန္ဓုလကလပ်အသင်း တို့ မေ ၁၃ ရက်က ယှဉ်ပြိုင်ကစားကြရာ ရွှေသာရီကလပ်အသင်းက ဗန္ဓုလကလပ်အသင်းကို ၂ ပွဲ- ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ နှစ်ယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ဒုတိယ ဆုရအသင်းများနှင့် ပထမဆုရအသင်းများမှ အားကစားသမား များအား လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြပြီး ပြိုင်ပွဲများတွင် ပထမဆုရရှိသော အသင်းများအား မြို့နယ် အားကစားနှင့် ကာယ ပညာ ကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့က တံခွန်စိုက်ဆုဖလား ပေးအပ်ကြသည်။

ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး သုံးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ခြောက်သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။

Read 44 times Last modified on Wednesday, 16 May 2018 10:30