SJ WorldNews - шаблон joomla Авто

ရန်ကုန်ယူနိုက်တက်နှင့် ဆီးရက်စ် အသင်းတို့ AFC Cup ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Wednesday, 16 May 2018 10:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၅

AFC Cup 2018 ပြိုင်ပွဲ အာဆီယံဇုန်ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် အိမ်ရှင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆီးရက်စ် အသင်းတို့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်အသင်းမှ နည်းပြချုပ်နှင့် အသင်းခေါင်းဆောင်များ တက်ရောက် ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ''မနက်ဖြန်ပွဲစဉ်မှာ ဂိုးသမားကျော်ဇင်ထက်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာပါ။ ပထမအကျော့မှာ ၄ ဂိုး - ၂ ဂိုး ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပထမအကျော့ ရလဒ်ကို မေ့ထားပါတယ်။ ဒီပွဲစဉ်က မြန်မာကလပ်တွေ ဘယ်လောက်အထိ စွမ်းဆောင် ပြနိုင်လဲဆိုတာ သက်သေပြရမယ့်ပွဲစဉ် တစ်ပွဲလို့ ပြောချင်ပါတယ်။ ကျွန်တော့် ကစား သမားတွေ အကောင်း ဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။

အဆိုပါပွဲစဉ်ကို မေ ၁၆ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ကွင်း ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် ရန်ကုန်ယူနိုက် တက်အသင်းအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ် သည်။ ဖိလစ်ပိုင်မြေ၌ ယှဉ်ပြိုင်သော ဆီးရက်စ်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပထမအကျော့ပွဲစဉ် တွင် အိမ်ရှင်အသင်းက ၄ ဂိုး - ၂ ဂိုး ဖြင့် အနိုင်ရရှိထားရာ ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ယခုအိမ်ကွင်း၌ ဂိုးပြတ်ပြန်လည် အနိုင်ရရှိမှသာ နောက်တစ်ဆင့် တက်ရောက် ခွင့်ရမည် ဖြစ်သည်။ ရန်ကုန် ယူနိုက် တက်အသင်းက ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပါက အိမ်ကွင်း၊ အဝေးကွင်း စည်းမျဉ်းဖြင့် နောက်တစ်ဆင့် တက်ရောက်ခွင့်ရမည် ဖြစ်သည်။

Read 71 times Last modified on Wednesday, 16 May 2018 10:33