SJ WorldNews - шаблон joomla Авто

ကရာတေး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် အကြီးတန်း စိန်ခေါ် ကရာတေးပြိုင်ပွဲ ကျင်းပမည်

Wednesday, 16 May 2018 10:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၅

ပထမအကြိမ် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် အကြီးတန်း စိန်ခေါ် ကရာတေးပြိုင်ပွဲကို ဇွန် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် စီနီယာ၊ ဂျူနီယာ၊ Cadet၊ U-14 နှင့် U-12 ပြိုင်ပွဲတန်းများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများ အဖြစ်အကြီးတန်းစိန်ခေါ်ပွဲ၊ ဥက္ကဋ္ဌဖလား အကြီးတန်းပြိုင်ပွဲ၊ သက် လတ်တန်း၊ သက်ငယ်တန်းနှင့် ကလေး ပြိုင်ပွဲနှစ်ရပ်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမှုပုံစံအရ အကြီးတန်း စိန်ခေါ်ပွဲတွင် ပြိုင်ပွဲ အမျိုးအစားနှင့် ကိုယ် အလေးချိန်အလိုက် ဆုတံဆိပ်ချီးမြှင့်မည့် အစီအစဉ် ထည့်သွင်းထားပြီး ကျန်ဆု တံဆိပ်များကို ပုံမှန်အတိုင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲသည် ပထမဆုံးအကြိမ် ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း သိရသည်။

Read 54 times Last modified on Wednesday, 16 May 2018 10:34