SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာ ဘိလိယက်နှင့် စနူကာအဖွဲ့ ငွေတံဆိပ်ဆု သုံးခု ကြေးတံဆိပ်ဆု သုံးခုဖြင့် အဆုံးသတ်

Monday, 28 August 2017 09:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၇

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ဘိလိယက်နှင့် စနူကာ အဖွဲ့သည် နောက်ဆုံး ပြိုင်ပွဲအဖြစ် ယနေ့တွင် စနူကာ တစ်ဦးချင်း ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားရာ လာအိုကို ဆီမီး ဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ ဘိလိယက်နှင့် စနူကာ အားကစား အဖွဲ့သည် နောက်ဆုံးပြိုင်ပွဲ ကစားပြီးချိန်တွင်   ငွေတံဆိပ်ဆု သုံးခုနှင့် ကြေးတံဆိပ်ဆု သုံးခု စုစုပေါင်း ဆုတံဆိပ်ခြောက်ခု ရရှိထားသည်။ မြန်မာဘိလိယက်နှင့် စနူကာ အားကစား အဖွဲ့သည် ဘိလိယက် တစ်ဦးချင်းတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ဘိလိယက် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု တစ်ခုစီကို လည်းကောင်း ရရှိခဲ့သည်။ 

ထို့အတူ 9-ball pool နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု တစ်ခုရရှိပြီး စနူကာ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ ရွှေတံဆိပ်ဆု ရရှိပါက ရွှေတံဆိပ်ဆု တစ်ခုရလျှင် ဆုကြေးငွေ ချီးမြှင့်မည်ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်မှ တရားဝင် သတင်းထုတ်ပြန် ထားသော်လည်း ကစားသမားများမှာ ရွှေတံဆိပ်ဆုနှင့် လွဲချော်ပြီး ပြိုင်ပွဲကို အဆုံးသတ်ခဲ့ ရသည်။

Read 366 times Last modified on Monday, 28 August 2017 09:02