SJ WorldNews - шаблон joomla Авто

မြန်မာဂျူဒို အားကစား အဖွဲ့ ငွေတံဆိပ်ဆုရရှိ

Monday, 28 August 2017 09:36 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ    သြဂုတ်   ၂၇

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၉)ကြိမ်မြောက်  ဆီးဂိမ်းဂျူဒိုပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ ကုန်သွယ်မှုဌာနခန်းမ(၅)၌ကျင်းပရာ မြန်မာဂျူဒို အဖွဲ့မှ   လက်ရွေး စင် အားကစားသမား  အေးအေးအောင်က ငွေတံဆိပ်ဆု ရရှိခဲ့သည်။                                 

မြန်မာဂျူဒိုအဖွဲ့အတွက်  လက်ရွေးစင် အားကစားသမား အေးအေးအောင်က (-၇၈) ကီလိုတန်းဖြင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ သော်လည်း   ဗီယက်နမ်ကစားသမားကိုရှုံးနိမ့်ကာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။    

ယင်းပြိုင်ပွဲ၌ ပုံမှန်ပွဲကစားချိန် လေးမိနစ်တွင် နှစ်ဦးစလုံး အမှတ်မရသောကြောင့် Golden Scoreဖြင့် ထပ်မံ ယှဉ်ပြိုင် ခဲ့ရပြီး ဗီယက်နမ် ကစားသမားက အမှတ်ယူကာ ရွှေတံဆိပ် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာဂျူဒို လက်ရွေးစင်အားကစားမယ် အေးအေးအောင်သည် ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲတွင် ဆီးဂိမ်း ရွှေတံဆိပ်ဆု ရရန်ကြိုးပမ်းခဲ့သော်လည်း လွဲချော်ခဲ့ရသည်။

မြန်မာဂျူဒို အဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားသမား ခြောက်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း အေးအေးအောင် တစ်ဦးတည်း ကသာ ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Read 359 times Last modified on Monday, 28 August 2017 09:36