SJ WorldNews - шаблон joomla Авто

ပွဲချိန် မိနစ် ၁ဝဝ ပြည့်သွင်းဂိုး ဟမ်းဘတ်မှ ဟော့ဘီသွင်းယူနိုင်

Monday, 28 August 2017 09:35 font size decrease font size decrease font size increase font size increase font size

ဟမ်းဘတ် သြဂုတ် ၂၇

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂) ၌ ဟမ်းဘတ်အသင်းက ကိုလုံးကို ၃ ဂိုး - ၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရခဲ့ရာ ဟမ်းဘတ်အတွက် ပွဲသိမ်းဂိုးကို ဟော့ဘီက ထူးထူးခြားခြား ပွဲချိန် မိနစ် ၁ဝဝ တွင် သွင်းယူခဲ့သည်။ ထိုသို့ပွဲချိန် မိနစ် ၁ဝဝ သွင်းဂိုးမှာ ဘောလုံး အချက်အလက်များ ပြုစုသည့် Opta စစ်တမ်းများ စကောက်သော ၂ဝဝ၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုပွဲတွင် ကွင်းလယ်ဒိုင် ဖိလစ်ဘရိုက်ခ်ျသည် ပွဲချိန် ဒုတိယပိုင်း၌ ဒဏ်ရာ ရသွားခြင်းကြောင့် ပွဲခေတ္တ ရပ်နားခဲ့ရကာ စတုတ္ထဒိုင် ဆိုရန်စတော့ခ်က အစားဝင် တာဝန်ယူခြင်းကြောင့် ကြန့်ကြာသွား ခဲ့ရခြင်းဖြစ်သည်။ ဟော့ဘီသည် ထိုဂိုးကို ပွဲချိန် ၉၉ မိနစ် ၅၄ စက္ကန့်တွင် သွင်းခဲ့ခြင်းဖြစ်ပြီး ကိုလုံးဘက်မှ ဆိုရန်ဆင်သည်လည်း ပွဲချိန် ၉၆ မိနစ် ၄၉ စက္ကန့်တွင် တစ်ဂိုး သွင်းခဲ့ကာ ပွဲမှာ ၁၁၄ မိနစ်ကြာမှ ပြီးဆုံးခဲ့သည်။ ထိုပွဲတွင် လူစားဝင်သောကွင်းလယ်ဒိုင်သည်  တာဝန်ယူအပြီး တစ်မိနစ်မှာပင် ဟမ်းဘတ်မှ မာဂင်ကို အနီကတ်ပြခဲ့သည်။

Read 305 times Last modified on Monday, 28 August 2017 09:38