SJ WorldNews - шаблон joomla Авто

ရက်ရှ်ဖို့ဒ် ဂိုးသွင်းသည်ကို လင်ဂတ်အား လူစားလဲရန် ပြင်ဆင်နေ၍ မမြင်မိခဲ့ကြောင်း မော်ရင်ဟို ဖွင့်ဟ

Monday, 28 August 2017 09:43 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ သြဂုတ် ၂၇

နည်းပြမော်ရင်ဟိုက ယမန်နေ့ညက မန်ယူနှင့် လက်စတာပွဲတွင် လက်စတာကို ပွဲချိန်မိနစ် ၇ဝ အထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ နောက်ပိုင်းမှ ရက်ရှ်ဖို့ဒ်နှင့် ဖယ်လိုင်နီတို့ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် သွင်းယူသောဂိုးကို မမြင်မိခဲ့ကြောင်း ဝန်ခံသည်။

မော်ရင်ဟိုက ''ကျွန်တော် လင်ဂတ်ကို လူစားလဲဖို့ လုပ်နေချိန်ဖြစ်လို့ ရက်ရှ်ဖို့ဒ် သွင်းဂိုးကို မမြင်ခဲ့ဘူး။ ဒါပေမဲ့ ကစားသမား တွေရော ကိုယ့်ဘေးက လူတွေပါ ထခုန်ကြပြီး ပရိသတ်တွေ ကွင်းလုံးပြည့် အသံကုန်ဟစ် အောင်ပွဲခံတာ ကြားရတော့ ဒါဂိုးရတာပဲ ဆိုတာကို သိလိုက်တယ်'' ဟု ဖွင့်ဟခဲ့ သည်။ ထိုပွဲတွင် မန်ယူအသင်းသည် ဂိုးကန် ချက် ၂၂ ကြိမ်ရခဲ့ပြီး လူကာကူ ပယ်နယ်တီ တစ်ဂိုး ကန်သွင်းရာတွင်လည်း လက်စတာ ဂိုးသမား ရှမိုက်ကယ် ကာကွယ်သွားနိုင်၍ နှစ်ဂိုးတည်း ဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုက မိမိ အသင်းသည် ကစားခဲ့ပြီးသည့် ပရီးမီးယားလိဂ် သုံးပွဲစလုံး အနိုင်ရထားခြင်းကြောင့် ''ကျွန်တော်တို့ ကစားပုံ အရမ်းကောင်းခဲ့တယ်။ ကစားသမား အားလုံးရဲ့ ယုံကြည်မှုကလည်း  ပိုပြီး မြင့်မားလာတယ်။ ဘောလုံး ကိုင်ကစားရာမှာ ကျွန်တော်တို့ အေးဆေးသက်သာ ကစားနိုင်သလို တန်ပြန် တိုက်စစ်မှာလည်း ပြိုင်ဘက်ကို အန္တရာယ် ပေးနိုင်တယ်'' ဟု ဖွင့်ဟသွားသည်။

Read 323 times Last modified on Monday, 28 August 2017 09:45