SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင် ထိုးသတ်

Wednesday, 13 June 2018 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၂

(၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်များကို မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။

ယင်းပွဲတွင် ဖိုင်နယ်ပွဲစဉ် ၁၃ ပွဲပါဝင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး လူငယ်ရိုးရာလက်ဝှေ့ သမားများယှဉ်ပြိုင် ထိုးသတ်ခြင်းဖြစ်၍ ပွဲစဉ်တိုင်းတွင် အကြိတ်အနယ် ရှိခဲ့သည်။

(ဂ)အဆင့် သုံးချီပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ၆ဝ ကီလိုပွဲစဉ်တွင် စောအက်စီး(ကရင်)နှင့် ဝေလင်းအောင်(စစ်ကိုင်း)တို့ ထိုးသတ်ရာ ဝေလင်းအောင်က အနိုင်ရရှိပြီး ၆၃ ဒသမ ၅ ကီလိုပွဲစဉ်တွင် စောဂေါ်ထူး (မန္တလေး)နှင့် စောလှမင်း(ကရင်)တို့ထိုးသတ် ရာ စောလှမင်းက အနိုင်ရရှိသည်။ ၆၇ ကီလိုပွဲစဉ်တွင် အောင်မင်းသူ(ကရင်)နှင့် အောင်ခိုင်စိုး(မွန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ အောင်ခိုင်စိုးက အနိုင်ရရှိသည်။

အမျိုးသားအကြီးတန်းအဆင့် အထူးပွဲတွင် စိုးမောင်ဦး(မန္တလေး)နှင့် မင်းခန့်လယ်(ရခိုင်)တို့ ထိုးသတ်ရာ စိုးမောင်ဦးကအနိုင်ရရှိသည်။

(ခ)အဆင့် လေးချီပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ၄၈ ကီလိုပွဲတွင် ဗိုလ်မင်း ဟိန်း(မန္တလေး)နှင့် အောင်ကိုဇင်(ကရင်)တို့ ထိုးသတ်ရာ အောင်ကိုဇင်က အနိုင်ရရှိသည်။ ၅၁ ကီလိုပွဲအဖြစ် ကျော်အဲဗညား (ကရင်)နှင့် မောင်ငြိမ်း(မန္တလေး)တို့  ထိုးသတ်ရာ ကျော်အဲဗညားက အနိုင်ရရှိပြီး ၅၄ ကီလိုပွဲအဖြစ် စောလှမင်း(ကရင်)နှင့်  ဖိုက်တာ(ရန်ကုန်)တို့ ထိုးသတ်ရာ စောလှမင်းက အနိုင်ရရှိခဲ့သည်။ ၅၇ ကီလိုပွဲအဖြစ် လှမြင့် (မွန်)နှင့် စောသားငယ်(ကရင်)တို့ ထိုးသတ်ရာ စောသားငယ်က  အနိုင်ရရှိခဲ့ပြီး  ၆ဝ ကီလိုပွဲစဉ်အဖြစ် ထယ်ကြီး(ရန်ကုန်)နှင့် စောဘဟိန်း(ကရင်)တို့ထိုးသတ်ရာ စောဘဟိန်းက အနိုင်ရရှိသည်။ ၆၃ ဒသမ ၅ ကီလို ပွဲစဉ်အဖြစ် ဝါလု(ကရင်)နှင့် သွေးသစ်မောင် (ရန်ကုန်)တို့ထိုးသတ်ရာ သွေးသစ်မောင်က အနိုင်ရရှိသည်။ ၆၇ ကီလိုပွဲအဖြစ် အောင်ဟိန်း(ကရင်)နှင့် နိုင်ဗိုလ်လင်း(မန္တလေး)တို့ ထိုးသတ်ရာ အောင်ဟိန်းက အနိုင်ရရှိသည်။

၇၁ ကီလိုပွဲစဉ်အဖြစ် ရွှေဝင်း(ရန်ကုန်)နှင့် စွမ်းဇာနည်(ကရင်)တို့ ထိုးသတ်ရာ စွမ်း ဇာနည်က အနိုင်ရရှိသည်။ အမျိုးသမီးအလွတ် တန်း ၆၃ ဒသမ ၅ ကီလိုပွဲစဉ်အဖြစ် မူအဲသို (ကရင်)နှင့် နန်းဆိုင်လောင်(ရှမ်း)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ မူအဲသိုက အနိုင်ရရှိသည်။

Read 580 times Last modified on Wednesday, 13 June 2018 09:52