SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် အသင်း၌ တစ်ကျော့ပြန် ပါဝင်လိုသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းဖြစ်ကြောင်း အောင်ကျော်နိုင် ဖွင့်ဟ

Thursday, 14 June 2018 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်   ၁၃

ထိုင်းလိဂ် အန်သောင်းအသင်း၌ သွားရောက် ကစားနေသော အောင်ကျော်နိုင် အနေဖြင့် ၂ဝ၁၈ ဒုတိယအ ကျော့ရာသီ အပြောင်းအရွှေ့တွင် မြန်မာနေရှင်နယ်လိဂ်ကလပ်ဧရာဝတီ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းမှာ မြန်မာ့လက်ရွေးစင်အသင်း၌ တစ်ကျော့ပြန် ပါဝင်လိုသောကြောင့် ဖြစ်ကြောင်း ပြောသည်။

''အဓိကကတော့ လက်ရွေးစင်အသင်းမှာ ပြန်ပါနိုင်ဖို့ ကိုယ့်နိုင်ငံကို ပြန်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အန်သောင်းအသင်းမှာ ရာသီအစတုန်းက ပြဿနာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ အကောင်းဆုံး ကစားသမားဆုတွေလည်း ရခဲ့တယ်။ ဒါပေမဲ့ ပထမအကျော့အပြီးမှာ ပြန်လာ ဖို့ဆုံးဖြတ်ခဲ့တယ်။ လက်ရွေးစင် ပြန်ဖြစ်ဖို့က ထိုင်းလိဂ်မှာထက် MNL မှာ အခွင့်အရေးပိုရှိတယ်'' ဟု အောင် ကျော်နိုင်ကပြောသည်။ အောင်ကျော်နိုင်သည် ဧရာဝတီယူနိုက်တက်အသင်းသို့ ရောက်ရှိပြီး ရန်ကုန်ယူနိုက် တက်အသင်းနှင့်ပွဲစဉ်တွင် ပွဲထွက်ခွင့်ရရှိကာ ယင်းပွဲ စဉ်၌ ဧရာဝတီယူနိုက်တက် အသင်းက ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ကျော်နိုင်သည် ယခင်က မြန်မာ့လက်ရွေးစင် သက်တမ်းအလိုက် အသင်းများတွင် ပါဝင်ကစားခဲ့သူ ဖြစ်သည်။

Read 40 times Last modified on Thursday, 14 June 2018 09:58