SJ WorldNews - шаблон joomla Авто

အာရှသက်ငယ်တန်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအနောက်တိုင်း လှေလှော်အဖွဲ့ ထွက်ခွာ

Thursday, 14 June 2018 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၃

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပေးလျက်ရှိသော အနောက်တိုင်း လှေလှော်အဖွဲ့သည် လေ့ကျင့်ရန်နှင့် ပြိုင်ပွဲဝင်ရန် ယနေ့တွင် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွား ကြောင်း သိရသည်။

မြန်မာအနောက်တိုင်း လှေလှော်အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်ကိုရီးယား လေကြောင်းလိုင်းဖြင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ တိုက်ရိုက်ထွက်ခွာပြီး အင်ချွန်းမှ တစ်ဆင့် ချောင်ဂျူးမြို့သို့ သွားရောက်မည်ဖြစ်သည်။ ယင်းမြို့၌ အာရှသက်ငယ်တန်း လေ့ကျင့်ရေး အစီအစဉ်ဖြင့် လေ့ကျင့်ရင်း အာရှသက်ငယ်တန်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထား သည်။

မြန်မာအနောက်တိုင်း လှေလှော်အဖွဲ့သည်ဇွန် ၁၄ ရက်မှ ၂၃ ရက်အထိ အနောက်တိုင်း လှေလှော်နည်းနှင့် ပတ်သက်သည့် လေ့ကျင့်ခန်းများကို လေ့ကျင့်မည်ဖြစ်ပြီး ဇွန် ၂၆ ရက်မှ ၃ဝ ရက်အထိ ကျင်းပမည့် အာရှ သက်ငယ်တန်းပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာအနောက်တိုင်း လှေလှော်အဖွဲ့ကို နည်းပြ ဦးဇော်လွင်ထွန်းက နည်းပြ၊ အုပ်ချုပ်သူအဖြစ် ဆောင်ရွက် မည်ဖြစ်ပြီး အမျိုးသား ကစားသမားနှစ်ဦးနှင့် အမျိုးသမီး ကစားသမားနှစ်ဦးတို့ လိုက်ပါ သွားသည်။ ယင်းကစားသမားများမှာ ဝေယံမိုး၊ ရဝေထွန်း၊ စုစုနွယ်နှင့် ဝင်းသူဇာသိန်းတို့ ဖြစ်ကြောင်း သိရသည်။

Read 18 times Last modified on Thursday, 14 June 2018 10:05