SJ WorldNews - шаблон joomla Авто

အာဆင်နယ်နှင့် လီဗာပူးအသင်းတို့ အလိုရှိနေသော သောမတ်စ်လီမာ အက်သလက်တီကိုသို့ ပြောင်းရွှေ့

Thursday, 14 June 2018 10:09 font size decrease font size decrease font size increase font size increase font size

မက်ဒရစ် ဇွန် ၁၃

အာဆင်နယ်နှင့် လီဗာပူးအသင်းတို့ ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီ ကတည်းက ကြိုးစားနေသော မိုနာကို အသင်းမှ ပြင်သစ်ကွင်းလယ် ဖန်တီးရှင် သောမတ်စ်လီမာသည် အက်သလက်တီကို အသင်းသို့ ပြောင်းရွှေ့ ကြေး ပေါင် ၆၆ သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် သောမတ်စ်လီမာ ကို ပေါင် ၉၂ သန်း အထိပေးပြီးခေါ်ယူ ရန်ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ဘဲ ယခု အက်သလက်တီကိုအသင်းက လီမာအား ခေါ်ယူနိုင်ရန် မိုနာကိုအသင်းနှင့် သဘောတူညီမှုရရှိ ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။

လီမာသည် အသက် ၂၂ နှစ်သာရှိသေးပြီး လက်ရှိတွင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်းနှင့်အတူ ရုရှားတွင် ရှိနေသည်။ အက်သလက်တီကိုအသင်းက ''လီမာအတွက် မိုနာကိုအသင်းနဲ့ အကြို အဆင့် သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ နှစ်သင်းကြား အပြီးသတ် သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်မှာပါ'ဟု သတင်းထုတ်ပြန်ခဲ့သည်။ လီမာသည် ပြင်သစ်အသင်း ကမ္ဘာ့ ဖလားအုပ်စုအဖွင့်ပွဲမကစားမီ အက်သလက်တီကိုနှင့် အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 27 times Last modified on Thursday, 14 June 2018 10:10