SJ WorldNews - шаблон joomla Авто

အိမ်ရှင်ဆိုပေမယ့် ရုရှားအသင်း အဖွင့်ပွဲမှာ သုံးမှတ်ရဖို့ မလွယ်

Thursday, 14 June 2018 10:11 font size decrease font size decrease font size increase font size increase font size

လေးနှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ဇွန် ၁၄ ရက်ညမှာတော့ ရုရှားနှင့် ဆော်ဒီပွဲစဉ်နဲ့ ပြန် လည်စတင်ကစားတော့မှာဖြစ်ပါတယ်။ အဖွင့်ပွဲစဉ် ဖြစ်ပေမယ့် ထိပ်တန်းအသင်းကြီးေ တွပွဲနဲ့ စတင်တာ မဟုတ်ဘဲ ရုရှားနဲ့ အာရှဇုန်က ခြေစစ်ပွဲအောင်လာတဲ့ ဆော်ဒီအသင်းတို့ပွဲနဲ့စမှာ ဖြစ်တာကြောင့် သိပ်တော့ အားမရှိပါဘူး။ ဒါပေမဲ့ လေးနှစ်ကြာစောင့်ဆိုင်းခဲ့ရပြီးမှ ပြန်လည်ကြည့်ရှု ခွင့်ရမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ် တာကြောင့် စောင့်ကြည့်အားပေးဖို့ ထိုက်တန်ပါတယ်။ ရုရှားက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် အသင်းတွေထဲ မှာ ဖီဖာရပ်တည်မှုအဆင့် အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ဒုတိယ ဖီဖာရပ်တည်မှု အနိမ့်ဆုံး အသင်းဖြစ်တဲ့ ဆော်ဒီက လည်း ရုရှားထက် သုံးဆင့်သာ အသာရထားတဲ့ အသင်းပါ။ အဆင့် (၇ဝ) နေရာမှာ ရပ်တည်နေတဲ့ရုရှားက နောက်ဆုံးကစားတဲ့ခြေစမ်းပွဲမှာ တူရ ကီနဲ့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ခြေစစ်ပွဲမဝင်ရတဲ့ ရုရှားရဲ့ ကမ္ဘာ့ ဖလားပွဲကြိုပြင်ဆင်မှုတွေကလည်း အားရစရာမကောင်းလှပါဘူး။ မေလကုန်ပိုင်းမှာ သြစတြီးယားနဲ့ ခြေစမ်း ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးခဲ့ရပါတယ်။ အခု အုပ်စုအဖွင့်ပွဲမကစားမီ ရုရှားက အောက်တိုဘာလကတည်းက နိုင်ပွဲ တစ်ပွဲမှ မရခဲ့ဘဲ ခုနစ်ပွဲမှာ လေးပွဲရှုံးပြီး သုံးပွဲသရေသာ ကစားနိုင်ခဲ့တယ်။ ယူရို ၂ဝ၁၆ ပွဲစဉ်က ထွက်ခဲ့ရပြီး နောက်ပိုင်း ကစားတဲ့ပွဲတွေမှာ ရုရှားက ခြောက်ပွဲသာအနိုင်ရခဲ့တယ်။ လက်ရှိ ခြေစစ်ပွဲအောင်ထားတဲ့ အသင်းတွေနဲ့ ကစားတဲ့ပွဲတွေကို သီးသန့်ရွေးထုတ်ရင်လည်း ၁၄ ပွဲမှာ ရှစ်ပွဲရှုံးပြီး တောင်ကိုရီး ယားတစ်သင်းကိုသာ အနိုင်ရထားတာကြောင့် ရုရှားနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းက တော်တော်လေးနိမ့်ကျနေချိန် ဖြစ်တယ်လို့ သုံးသပ်ရမှာပါ။ ရုရှားအသင်းမှာ ပြည်ပအခြေစိုက် ကစားသမား လည်း သုံးဦးလောက်သာ ပါဝင်တဲ့ အတွက် ပရိသတ်တွေသိပ်မသိတဲ့ ကစားသမားတွေ ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်လာမှာပါ။

ဆော်ဒီအသင်းကတော့ အခုခြေစစ်ပွဲအောင်တဲ့ အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး အသင်းတွေထဲက တစ် သင်းဖြစ်ပေမယ့် အနီးစပ်ဆုံးခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းရခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးခြေစမ်းပွဲမှာ ဂျာမနီကိုရှုံးပေမယ့် ဒီပွဲမှာ ဂျာမနီက လူစုံထုတ်ကစားပြီး ၂ ဂိုး - ၁ ဂိုးနဲ့သာရှုံးခဲ့လို့ စွမ်းဆောင်ရည်ပိုင်း ကောင်းတယ်လို့ သုံးသပ်ရတာပါ။

ဂျာမနီနဲ့ပွဲမတိုင်မီ ပီရူးကို သုံးဂိုးပြတ်ရှုံးခဲ့ပေမယ့် အဲဒီ ရှေ့ပွဲမှာ အီတလီကိုလည်း ၂ ဂိုး - ၁ ဂိုးနဲ့သာရှုံးခဲ့ တာ ကြောင့် ရုရှားကို ဒုက္ခပေးနိုင်စွမ်း ရှိလောက်ပါတယ်။ ရုရှားက နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ နှစ်ပွဲသာ အနိုင်ရခဲ့ပြီး အီရန်၊ သြစတြေးလျ၊ တူရကီအစရှိတဲ့ အသင်းတွေကို နိုင်ပွဲမရခဲ့တာကြောင့် ဆော်ဒီလိုအသင်း မျိုးနဲ့ပွဲမှာ အခက်တွေ့နိုင်တယ်လို့ သုံးသပ်ရတာပါ။ ဒါပေမဲ့ အဖွင့်ပွဲနဲ့တကွ ကွင်းလုံးပြည့် ရုရှားပရိသတ် တွေ ရှိနေမှာဖြစ်လို့ အိမ်ရှင်အားသာချက်များစွာ ရှိနေပါတယ်။

ဆော်ဒီအသင်းက ခံစစ်ကစားပုံကောင်းပြီး အသင်းလိုက် ကစားပုံလည်း မဆိုးလှပါဘူး။ လက်ရွေးစင် ၂၃ ဦးစာရင်းမှာ ၁ဝ ဦးက အယ်လ်ဟီလယ်အသင်းမှာအတူ ကစားနေကြတဲ့သူတွေဖြစ်လို့ ရုရှား ပရိသတ်ရဲ့ ဖိအားပေးခြင်းကို ခံနိုင်ရည်ရှိမယ်လို့မျှော်လင့်မိတယ်။ ဒီလိုပွဲမျိုးမှာ ရုရှားက အိမ်ရှင်အသင်း ဖြစ်တာကြောင့် ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်မှာဖြစ်ပေမယ့် ဆော်ဒီအသင်းက ခံစစ် ကိုအားပြုပြီး အသင်းလိုက် စုစည်းမှုနဲ့ တုံ့ပြန်လာမှာကြောင့် ရုရှားအသင်းဂိုးရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် နှစ်သင်းပေါင်းသွင်းဂိုး သုံးဂိုးမဖြစ်နိုင်သလို ရုရှားအနိုင်ရခဲ့တယ် ဆိုရင်လည်း ဂိုးပြတ် မနိုင်လောက်ဘူးလို့ ကြိုတင်သုံးသပ်မိပါတယ်။

Read 57 times Last modified on Thursday, 14 June 2018 10:23