SJ WorldNews - шаблон joomla Авто

မြန်မာအမျိုး သမီးအသင်း ဗီယက်နမ်အသင်းနှင့် တတိယနေရာလုပွဲကစားရမည်

Friday, 13 July 2018 09:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၂

၂၀၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၃ ရက်(ယနေ့)တွင် အင်ဒိုနီးရှား နိုင်ငံ ပလန်ဘမ်မြို့၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် တတိယနေရာအတွက်  အုပ်စုတွင်း ပြိုင်ဘက် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တတိယနေရာ လုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ည  ၆ နာရီခွဲတွင် ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းအသင်း နှင့် သြစတြေးလျ ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။  မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ၄ ဂိုး-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပြိုင်ဘက်ဟောင်း ဗီယက်နမ်အသင်း နှင့်ကစားရမည်ဖြစ်ပြီး ရှုံးကြွေးပြန်ဆပ်ကာ တတိယဆုရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည်  အောင်မြင်မှုရရန်ကြိုးပမ်းခဲ့သော်လည်း အာဆီယံဒေသတွင်း ပြိုင်ဘက်များ၏ တိုးတက်မှု နှုန်းမြင့်မား နေသောကြောင့် ခြေစွမ်းပိုင်းကွာဟချက်များနှင့်အတူ အရေးပါသည့် ပွဲများတွင် အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည်   ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း သုံးဂိုးပြန် ပေးလိုက် ရပြီး ရှုံးနိမ့်ခဲ့သလို ဗီယက်နမ် အသင်းမှာလည်း   သြစတြေးလျအသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်း အဖြစ်ရပ်တည်နေသည့် ထိုင်းအသင်းသည် လေးကြိမ်မြောက် ချန်ပီယံဆု အတွက်  သြစတြေးလျအသင်းနှင့်   ယှဉ်ပြိုင် ရမည်ဖြစ်ပြီး သြစတြေးလျအသင်းမှာ ချန်ပီယံဆုတစ်ကြိမ် သာရ ထားပြီး ဒုတိယအကြိမ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Read 54 times Last modified on Friday, 13 July 2018 09:13