SJ WorldNews - шаблон joomla Авто

ဖိလစ်ပီ အန်ဒါဆန်ကို ပေါင်သန်း ၄၀ ဖြင့်ခေါ်ယူရန် ၀က်စ်ဟမ်းစီစဉ်

Friday, 13 July 2018 09:56 font size decrease font size decrease font size increase font size increase font size

လန်ဒန်      ဇူလိုင်        ၁၂

ဝက်စ်ဟမ်း အသင်းသည် လာဇီယိုအသင်းမှ ဘရာဇီးတောင်ပံ တိုက်စစ် ကစားသမား ဖိလစ်ပီအန်ဒါဆန်ကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့်ခေါ်ယူရန်  နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသော အန်ဒါဆန်သည် အင်္ဂလန် ၌ကစားရန် အလုပ်လုပ်ခွင့်ပါမစ်ပင် ရရှိထားပြီး ၀က်စ်ဟမ်း က ကနဦး ပေါင် ၃၇ သန်းလက်ငင်းပေးပြီး ကျန်ငွေကို အချိန်ဆိုင်းပေးရန်  ကမ်းလှမ်းခြင်းအား လာဇီယိုဘက်မှ လက်ခံ မည်ဖြစ်ကြောင်း သိရသည်။ 

အန်ဒါဆန်သည် ပြီးခဲ့သည့် ရာသီက စီးရီးအေပွဲစဉ် ၂၁ ပွဲကစားရာ လေးဂိုး သွင်းပြီး ခုနစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ ယူရို ပါလိဂ်တွင်လည်း လာဇီယိုအတွက် သုံးဂိုး သွင်းပေးသော အန်ဒါဆန်သည် ၀က်စ်ဟမ်းနည်းပြ ပယ်လီဂရီနီ၏ ယခု နွေရာသီဈေးကွက် တွင် ခြောက်ဦး မြောက်ခေါ်ယူသော ကစားသမားသစ် ဖြစ်လာမည်ဖြစ်သည်။ ၀က်စ်ဟမ်းသည်  ယာမိုလန်ကို၊ ၀ီရှိုင်းယား၊ ဖေဘီယန်းစကီး၊ အစ်ဆာဒီယော့နှင့် ရိုင်ယန်ဖရတ်ဒစ် တို့ကို ခေါ်ယူ အား ဖြည့်ထားပြီး ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်ထားနိုင်သည်။

Read 71 times Last modified on Friday, 13 July 2018 10:12