SJ WorldNews - шаблон joomla Авто

ဘာစီလိုနာအသင်းကစားသမားသစ် အာသာကို ပရိသတ်နှင့် မိတ်ဆက်

Friday, 13 July 2018 10:12 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ  ဇူလိုင်  ၁၂

ဘာစီလိုနာ အသင်းသည် ဘရာဇီးကလပ် ဂရီမီယို အသင်းမှ ပေါင် ၂၇ သန်းခွဲဖြင့်ခေါ်ယူသော  ဘရာဇီး ကွင်းလယ် ကစားသမား   အာသာကို   ယနေ့တွင် နျူးကမ့်ကွင်း၌ ပရိသတ်နှင့်  မိတ်ဆက်ပွဲ အခမ်းအနား  ကျင်းပ ပေးခဲ့ သည်။  အာသာသည် အသက် ၂၁ နှစ်သာ ရှိသေးပြီး ဘာစီလိုနာနှင့် ခြောက်နှစ် စာချုပ်ချုပ်ဆိုခဲ့ ရာတွင်  စာချုပ်ဖျက်တန်ကြေးကို ပေါင်သန်း ၃၅၀ အထိ  သတ်မှတ်ခဲ့ကြောင်း  သိရသည်။ အသင်းနှင့် မိတ်ဆက်ပွဲ အခမ်းအနားတွင် အာသာက ''ကျွန်တော် ကလေးဘ၀ ကတည်းက မက်ခဲ့ရတဲ့ အိပ်မက် တကယ် ဖြစ်လာတာပါ။ အရမ်းပျော်ပါတယ်။  ဘာစီလိုနာအသင်း ၀တ်စုံကို ၀တ်ကစားခွင့်ရဖို့ ငယ်ငယ်ကတည်းက အိပ်မက် မတ်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့က ကြီးမြတ်တဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါပြီ။  ဘာစီလိုနာအသင်းဆိုတာ ချန်ပီယံဆုဖလား တွေနဲ့ ထိုက်တန်တဲ့ အသင်းဖြစ်တာကြောင့် ဒီအသင်း နဲ့ ရနိုင်သမျှဆုဖလားတွေကို ရယူပေးနိုင်ဖို့ ရည်မှန်းပါ တယ်။ ကျွန်တော်နဲ့ အသင်းဖော်သစ်တွေ အားလုံးက ဆုဖလားတွေရနိုင်ဖို့ ချီတက်လာကြပါပြီ။ ကစားသမားတိုင်း ရဲ့အိပ်မက် ကလည်း   ဆုဖလားတွေပါပဲ။ကမ္ဘာမှာ အကြီးမြတ်ဆုံးအသင်းကြီးနဲ့ အကောင်းဆုံးကစား သမားတွေ ရှိတဲ့ ဘာစီလိုနာအသင်း ကစားသမားဖြစ်လာရလို့ ဂုဏ်ယူမိတယ်''ဟု ပြောသည်။

အာသာသည် ဂိုင်ယက်စ်ဆိုသော ဒေသတွင်းအသင်းလေး၌ ကစားသမား ဘ၀စတင်ပြီး ၂၀၁၀  ပြည့်နှစ်တွင် စကိုလာရီ နည်းပြနေသော ဂရီမီယို အသင်းက ရှာဖွေ တွေ့ရှိသွားခဲ့သူဖြစ်သည်။                

Read 31 times Last modified on Friday, 13 July 2018 10:13