SJ WorldNews - шаблон joomla Авто

၁၉ ၈၂ ကမ္ဘာ့ဖလားပွဲ ကတည်းက ဗိုလ်လုပွဲများတွင် ဘိုင်ယန်မြူးနစ် ကစားသမား ပါဝင်နိုင်သည့် စံချိန်တင်ရှိ

Friday, 13 July 2018 10:13 font size decrease font size decrease font size increase font size increase font size

မြူးနစ် ဇူလိုင် ၁၂

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းသည် ဘယ်လ်ဂျီယံ အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ရာ  ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှစ၍  ဗိုလ်လုပွဲများတွင် ဘိုင်ယန်အသင်းမှ ကစားသမား  ပါဝင်နိုင် သည့်စံချိန် ဆက်လက်တင်ရှိခဲ့သည်။ ဘယ်လ်ဂျီယံနှင့် ပွဲ၌ ပွဲချိန် ၈၆မိနစ်တွင်    ပြင်သစ်အတွက်    လူစားဝင် ကစားသော ကွင်းလယ် ကစားသမား တိုလစ်ဆိုသည် ဘိုင်ယန်ကစားသမားဖြစ်ခြင်းကြောင့် အဆိုပါ စံချိန် ဆက်လက် တင်ရှိခြင်းဖြစ်သည်။

၁၉၈၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အီတလီက အနောက်ဂျာမနီကို ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရခဲ့ရာ ထိုပွဲတွင် အနောက် ဂျာမနီအတွက် ဘိုင်ယန် ကစားသမားသုံးဦး ပါဝင်ကစားခဲ့သည်။ ၂၀၁၄  ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီက  အာဂျင်တီးနားကို အနိုင်ရရာ ဂျာမနီအသင်း၌ ဘိုင်ယန်ကစား သမားခုနစ်ဦးအထိ ပါဝင်ခဲ့သည်။၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင်  စပိန်ကို တစ်ဂိုးတည်းဖြင့်ရှုံးသော နယ်သာလန်အသင်း၌ ဘိုင်ယန်ကစားသမားအဖြစ် ရော်ဘင်နှင့် ဗန်ဘွန်းမဲတို့ ပါဝင်ခဲ့သည်။ ၂၀၀၆ ပြိုင်ပွဲတွင် ပြင်သစ်အသင်း၌ ဆစ်ဂညော်၊၂၀၀၂ ပြိုင်ပွဲတွင် ဂျာမနီအသင်း၌ အိုလီ ဗာခန်း၊ သောမတ်စ် လင်ကီနှင့် ဂျန်ဂျရမီးတို့ပါဝင်ခဲ့ပြီး ၁၉၉၈ ပြိုင်ပွဲတွင် ပြင်သစ်အသင်းမှ လီဇာရားဇူး၊ ၁၉၉၄ပြိုင်ပွဲတွင် ဘရာဇီးမှ ဂျော်ဂျင်ဟိုတို့က ဘိုင်ယန်ကစား သမားများအဖြစ် ကစားခဲ့ကြသည်။                            

Read 24 times Last modified on Friday, 13 July 2018 10:14